ၾကားသိသမွ်

မြို့နယ်အလိုက် လူဦးရေစာရင်းကောက်ဖို့ စစ်ကောင်စီခန့် ကော်မရှင် ညွှန်ကြား

မြို့နယ်အလိုက် လူဦးရေစာရင်းကောက်ဖို့ စစ်ကောင်စီခန့် ကော်မရှင် ညွှန်ကြား

စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့အတွက်ဆိုပြီး မြို့နယ်အလိုက် လူဦးရေစာရင်း

တွေကို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည်တင်ပြဖို့ လဝကနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ညွှန်ကြားထားပါတယ်။

လူဦးရေ စာရင်းပြုစုရာမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို အခြေခံပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စု

စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ ပြင်ဆင်ဖြည့်စွက်တာ၊ ပယ်ဖျက်တာတွေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်မယ့်သူတွေကို

ထပ်မံဖြည့်သွင်းကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြန်လည် ပြုစုထားတဲ့ လူဦးရေစာရင်းတွေကိုတော့ လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် တင်ပြပေးဖို့ ညွှန်ကြား

ထားတယ်လို့ လဝက ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ အခြေခံမဲစာရင်း မှန်ကန်ရေးအတွက် မြို့နယ်အလိုက် လူဦးရေ စာရင်းတွေကို

ပြန်လည် ပြုစုဖို့ ညွှန်ကြားရတာလို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ လာမယ့် ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး၊ စစ်ကောင်စီရဲ့ PR စနစ်ကိုတော့

အင်အားကြီး နိုင်ငံရေးပါတီတွေ အများစုက လက်မခံကြပါဘူး။ သံလွင်တိုင်းမ်

ပုံစာ – ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်နေစဥ်

Zawgyi

ၿမိဳ႕နယ္အလိုက္ လူဦးေရစာရင္းေကာက္ဖို႔ စစ္ေကာင္စီခန္႔ ေကာ္မရွင္ ညႊန္ၾကား

စစ္ေကာင္စီရဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ဟာ ေရြးေကာက္ပြဲ ျပန္လည္က်င္းပဖို႔အတြက္ဆိုၿပီး ၿမိဳ႕နယ္အလိုက္ လူဦးေရ

စာရင္းေတြကို ျပင္ဆင္ျဖည့္စြက္ၿပီး ျပန္လည္တင္ျပဖို႔ လဝကနဲ႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို ညႊန္ၾကားထားပါတယ္။

လူဦးေရ စာရင္းျပဳစုရာမွာ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲ မဲဆႏၵရွင္စာရင္းကို အေျခခံၿပီး ရပ္ကြက္၊ ေက်းရြာအုပ္စုအလိုက္ အိ

မ္ေထာင္စုစာရင္းနဲ႔ တိုက္ဆိုင္စစ္ေဆးတာ၊ ျပင္ဆင္ျဖည့္စြက္တာ၊ ပယ္ဖ်က္တာေတြနဲ႔ လာမယ့္ ေရြးေကာက္ပြဲမွာ အသက္ ၁၈ ႏွစ္ျပ

ည့္မယ့္သူေတြကို ထပ္မံျဖည့္သြင္းၾကဖို႔ ညႊန္ၾကားထားတာ ျဖစ္ပါတယ္။

ျပန္လည္ ျပဳစုထားတဲ့ လူဦးေရစာရင္းေတြကိုေတာ့ လာမယ့္ နိုဝင္ဘာ ၂၀ ရက္ေန႔ ေနာက္ဆုံးထားၿပီး ျပန္လည္ တင္ျပေပးဖို႔

ညႊန္ၾကားထားတယ္လို႔ လဝက ဝန္ထမ္း တစ္ဦးက ေျပာပါတယ္။

စစ္ေကာင္စီ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ အေျခခံမဲစာရင္း မွန္ကန္ေရးအတြက္ ၿမိဳ႕နယ္အလိုက္ လူဦးေရ စာရ

င္းေတြကို ျပန္လည္ ျပဳစုဖို႔ ညႊန္ၾကားရတာလို႔ ဆိုပါတယ္။

တဖက္မွာေတာ့ စစ္ေကာင္စီဟာ လာမယ့္ ေရြးေကာက္ပြဲမွာ PR စနစ္ က်င့္သုံးဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ၿပီး၊ စစ္ေကာင္စီရဲ့ PR စ

နစ္ကိုေတာ့ အင္အားႀကီး နိုင္ငံေရးပါတီေတြ အမ်ားစုက လက္မခံၾကပါဘူး။ သံလြင္တိုင္းမ္

ပုံစာ – ၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္ ႀကိဳတင္မဲ ထည့္ေနစဥ္