ၾကားသိသမွ်

စာသင်ကျောင်းများကို နှောင့်ယှက်ခြိမ်းခြောက်မှု မိုက်မဲသည့်လုပ်ရပ်ဖြစ်ဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော

ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး စာသင်ကျောင်းတွေမှာ နှောင့်ယှက် ခြိမ်းခြောက်မှုတွေဟာ မိုက်မဲတဲ့

လုပ်ရပ်ဖြစ်ပြီး နိုင်ငံကိုဒုက္ခပေးခြင်းဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ

စကားပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာပါ။

ကျောင်းတွေပြန်ဖွင့်ချိန်မှာ ကျောင်းတက်ရောက်မှုများ နည်းပါးခဲ့ကြောင်း၊ နိုဝင်ဘာ ၈ ရက်အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂

သန်း ၃ သိန်း ၅ ထောင်ကျော်တက် ရောက်နေကြောင်း၊ ကျောင်းစတင်ဖွင့်လှစ်ချိန်နဲ့ တွက်ချက်ပါက တစ်ပတ်အတွင်း ကျောင်းသား ၁ သန်း

ကျော်ထပ်မံ တိုးတက်လာတာ တွေ့ရှိရလို့ ဝမ်းမြောက်ဖွယ်ပင် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်လို့ ကျောင်းသားမိဘတွေနဲ့ ရပ်ရွာ အေးချမ်းသာယာရေး လိုလားသူတွေက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှုကြောင့်

စာသင်ကျောင်းတွေမှာ နှောက်ယှက်မှု အနည်းငယ်သာ ရှိပြီး တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောပါ

တယ်။အခြေခံပညာကျောင်းဖွင့်မှုရဲ့ ရလဒ်အပေါ်မူတည်ပြီး တက္ကသိုလ်တွေ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြန်ဖွင့်ရာမှာ အကုန်တော့မ

ဖွင့်ဘဲ မဟာတန်းတွေ၊ ပါရဂူတန်းတွေ၊ Qualified တန်းတွေ၊ ဂုဏ်ထူးတန်းတွေ ဒီနောက် နောက်ဆုံးနှစ်၊ တတိယနှစ်၊ ဒုတိယနှစ် စသဖြင့်

ဆက်လက် ဖွင့်သွားမယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်ကစပြီး တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၄၀ ကျော်ကလွဲလို့ တနိုင်ငံလုံးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ

အပါအဝင် အခြေခံပညာဦးစီးဌာနက ကျောင်းတွေအားလုံးကို စစ်ကောင်စီက ပြန်ဖွင့်ခဲ့တာဖြစ်ပေမဲ့ ရန်ကုန်အပါအဝင် မြို့နယ် အတော်

များများမှာ ကျောင်းတက်သူမရှိသလောက် နည်းပါးနေတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ လုံခြုံရေး အခြေအနေကြောင့် ကျောင်းသားမိဘတွေက ကလေးတွေကို ကျောင်းမပို့ကြတာရှိသလို စစ်

ကျွန်ပညာရေးဆန့်ကျင်တဲ့ အနေနဲ့ ကျောင်း မတက်ကြသူတွေလည်း ရှိပါတယ်။

ဒါ့အပြင် ကျောင်းဆရာ ဆရာမတွေကလည်း အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ကျောင်း မတက်ကြတာလည်းရှိပါတယ်။

Zawgyi

ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ့ ပညာသင္ၾကားေရးနဲ႔ ပတ္သက္ၿပီး စာသင္ေက်ာင္းေတြမွာ ေႏွာင့္ယွက္ ၿခိမ္းေျခာက္မႈေတြဟာ မိုက္မဲတဲ့ လုပ္ရပ္ျဖစ္ၿပီး နိုင္ငံကိုဒုကၡေပးျခင္းျဖစ္တယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္က ေျပာပါတယ္။

နိုဝင္ဘာ ၉ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ စစ္ေကာင္စီအစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ တက္ေရာက္အမွာစကားေျပာၾကားရာမွာထည့္သြင္းေျပာၾကားခဲ့တာပါ။

ေက်ာင္းေတြျပန္ဖြင့္ခ်ိန္မွာ ေက်ာင္းတက္ေရာက္မႈမ်ား နည္းပါးခဲ့ေၾကာင္း၊ နိုဝင္ဘာ ၈ ရက္အထိ ေက်ာင္းသား၊ ေက်ာင္းသူစုစုေပါင္း ၂ သန္း ၃ သိန္း ၅ ေထာင္ေက်ာ္တက္ ေရာက္ေနေၾကာင္း၊

ေက်ာင္းစတင္ဖြင့္လွစ္ခ်ိန္နဲ႔ တြက္ခ်က္ပါက တစ္ပတ္အတြင္း ေက်ာင္းသား ၁ သန္းေက်ာ္ထပ္မံ တိုးတက္လာတာ ေတြ႕ရွိရလို႔ ဝမ္းေျမာက္ဖြယ္ပင္ ျဖစ္ေၾကာင္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။

လုံျခဳံေရးနဲ႔ ပတ္သက္လို႔ ေက်ာင္းသားမိဘေတြနဲ႔ ရပ္ရြာ ေအးခ်မ္းသာယာေရး လိုလားသူေတြက ဝိုင္းဝန္းကူညီ ေစာင့္ေ

ရွာက္ေပးမႈေၾကာင့္ စာသင္ေက်ာင္းေတြမွာ ေႏွာက္ယွက္မႈ အနည္းငယ္သာ ရွိၿပီး တခ်ိဳ႕ေနရာေတြမွာ ၿခိမ္းေျခာက္မႈေတြရွိတယ္လို႔ စစ္ေခါင္းေဆာင္က ေျပာပါတယ္။

အေျခခံပညာေက်ာင္းဖြင့္မႈရဲ့ ရလဒ္အေပၚမူတည္ၿပီး တကၠသိုလ္ေတြ ဆက္လက္ဖြင့္လွစ္သြားမွာျဖစ္ၿပီး ျပန္ဖြင့္ရာမွာ အကုန္ေတာ့မဖြင့္ဘဲ မဟာတန္းေတြ၊

ပါရဂူတန္းေတြ၊ Qualified တန္းေတြ၊ ဂုဏ္ထူးတန္းေတြ ဒီေနာက္ ေနာက္ဆုံးႏွစ္၊ တတိယႏွစ္၊ ဒုတိယႏွစ္ စသျဖင့္ ဆက္လက္ ဖြင့္သြားမယ္လို႔လည္း အာဏာသိမ္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။

နိုဝင္ဘာ ၁ ရက္ကစၿပီး တိုင္းနဲ႔ ျပည္နယ္ ၉ ခုက ၿမိဳ႕နယ္ ၄၀ ေက်ာ္ကလြဲလို႔ တနိုင္ငံလုံးမွာ ရွိတဲ့ ဘုန္းေတာ္ႀကီးသင္ စာသင္ေ

က်ာင္းေတြ အပါအဝင္ အေျခခံပညာဦးစီးဌာနက ေက်ာင္းေတြအားလုံးကို စစ္ေကာင္စီက ျပန္ဖြင့္ခဲ့တာျဖစ္ေပမဲ့ ရန္ကုန္အပါအဝင္ ၿမိဳ႕နယ္ အေတာ္မ်ားမ်ားမွာ ေက်ာင္းတက္သူမရွိသေလာက္ နည္းပါးေနတာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါအေျခအေနနဲ႔ လုံျခဳံေရး အေျခအေနေၾကာင့္ ေက်ာင္းသားမိဘေတြက ကေလးေတြကို ေက်ာင္းမပို႔ၾကတာရွိသလို စစ္ကၽြန္ပညာေရးဆန႔္က်င္တဲ့ အေနနဲ႔ ေက်ာင္း မတက္ၾကသူေတြလည္း ရွိပါတယ္။

ဒါ့အျပင္ ေက်ာင္းဆရာ ဆရာမေတြကလည္း အၾကမ္းမဖက္ အာဏာဖီဆန္ CDM လႈပ္ရွားမႈမွာ ပါဝင္ၿပီး ေက်ာင္း မတက္ၾကတာလည္းရွိပါတယ္။