မြန်မာနိုင်ငံမှာ ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေပြဋ္ဌာန်းဖို့ကိစ္စ နိုဝင်ဘာ ၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ
အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ နိုင်ငံအလိုက် ဥပဒေတွေကို ဥပဒေရေးရာဝန်ကြီးဌာနက လိုအပ်တဲ့
စိစစ်လေ့လာမှုတွေ ဆောင်ရွက်ဖို့ တာဝန်ပေးထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အဆိုပါ အစည်းအဝေးမှာ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်
အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နဲ့ စောဒန်နီယယ်တို့က ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေ ပြဋ္ဌာန်းရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနက်
မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာနားလည်မှုရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေးခဲ့ကြတယ်
လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဒါအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကြံစိုက်တောင်သူများ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့
လိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ CRPH NUG PDF တို့ရဲ့ လုပ်ရပ်တွေကို လက်ကမ်းစာဆောင် ထုတ်ဝေဖြန့်ချိ ရေး
တိုက်တွန်းဆွေးနွေးခဲ့ကြတယ်လို့ လည်းသိရပါတယ်။
ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က အာဆီယံနိုင်ငံတွေနဲ့ မိတ်ဖက်ဆက်ဆံရေးကို အလေးထား ဆောင်ရွက်နေပြီး
အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ဆက်ဆံနေတဲ့အပြင် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ ပြည်ထောင်စု ဝန်ကြီးတွေ ပါဝင်
တက်ရောက်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ DVB
Zawgyi
ျမန္မာနိုင္ငံမွာ ျပည္ပစြက္ဖက္မႈဆန႔္က်င္ေရးဥပေဒျပ႒ာန္းဖို႔ကိစၥ နိုဝင္ဘာ ၉ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ စစ္ေကာင္စီအ
စည္းအေဝးမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။
ျပည္ပစြက္ဖက္မႈဆန႔္က်င္ေရးဥပေဒနဲ႔ ပတ္သက္ၿပီး ျပ႒ာန္းထားတဲ့ နိုင္ငံအလိုက္ ဥပေဒေတြကို ဥပေဒေရးရာဝန္ႀကီးဌာနက လိုအပ္တဲ့ စိ
စစ္ေလ့လာမႈေတြ ေဆာင္ရြက္ဖို႔ တာဝန္ေပးထားတယ္လို႔ စစ္ေခါင္းေဆာင္က ေျပာပါတယ္။
အဆိုပါ အစည္းအေဝးမွာ စစ္ေကာင္စီအဖြဲ႕ဝင္ေတြျဖစ္တဲ့ ဦးသိန္းညြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang
ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ဦးစိုင္းလုံးဆိုင္နဲ႔ ေစာဒန္နီယယ္တို႔က ျပည္ပစြက္ဖက္မႈဆန႔္က်င္ေရးဥပေဒ ျပ႒ာန္းေရး၊ အာဆီယံ
အဖြဲ႕ဝင္နိုင္ငံေတြအနက္ ျမန္မာနိုင္ငံအေပၚ ကိုယ္ခ်င္းစာနားလည္မႈရွိတဲ့ နိုင္ငံေတြနဲ႔ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္ တိုးျမႇ
င့္ေဆာင္ရြက္ေရးေဆြးေႏြးခဲ့ၾကတယ္လို႔ စစ္ေကာင္စီျပန္ၾကားေရးက သတင္းထုတ္ပါတယ္။
ဒါအျပင္ ျမန္မာ-တ႐ုတ္ ႏွစ္နိုင္ငံ ဆက္ဆံေရး ပိုမိုတိုးျမႇင့္ေဆာင္ရြက္ေရး၊ ႀကံစိုက္ေတာင္သူမ်ား ၾကဳံေတြ႕ေနရတဲ့ အခက္အခဲနဲ႔
လိုအပ္ခ်က္ေတြကို ေျဖရွင္းေဆာင္ရြက္ေပးေရး၊ CRPH NUG PDF တို႔ရဲ့ လုပ္ရပ္ေတြကို လက္ကမ္းစာေဆာင္ ထုတ္ေဝျဖန႔္ခ်ိ ေရး တိုက္တြန္းေဆြးေႏြးခဲ့ၾကတယ္လို႔ လည္းသိရပါတယ္။
ဒီေဆြးေႏြးခ်က္ေတြနဲ႔ ပတ္သက္ၿပီး စစ္ေခါင္းေဆာင္က အာဆီယံနိုင္ငံေတြနဲ႔ မိတ္ဖက္ဆက္ဆံေရးကို အေလးထား ေဆာင္ရြက္ေ
နၿပီး အိမ္နီးခ်င္းနိုင္ငံေတြနဲ႔ ဆက္သြယ္ဆက္ဆံေနတဲ့အျပင္ အာဆီယံဝန္ႀကီးအဆင့္ အစည္းအေဝးေတြမွာ ျပည္ေထာင္စု ဝန္ႀ
ကီးေတြ ပါဝင္တက္ေရာက္ေဆြးေႏြးေနတယ္လို႔ ေျပာပါတယ္။ DVB