ပြည်သူတွေ သက်တမ်းစေ့ နေနိုင်ဖို့ ဆန်၊ဆီအပြင် အချိုနဲ့ အရက်၊ဘီယာသောက်သုံးမှုပါ လျော့ပါလို့ စစ်ကောင်စီဥက္ကဌထပ်ပြော
ပြည်သူများအနေနဲ့ ဆန်၊ဆီအပြင် အချိုနဲ့ အရက်၊ဘီယာတွေပါ လျော့ဖို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း
ပြောကြားပါတယ်။
(နိုဝင်ဘာ ၉ရက်)က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ၎င်းက ယခုလို တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့နိုင်ငံကို ဆန်ကိုဗိုက်ပြည့်တဲအထိ စားသုံးကြတယ်။ ဆန်မှာ ကာဗိုဟိုက်ဒရိတ်တွေ များပြားစွာပါဝင်တာကြောင် အဆီနဲ့အချို
ဓာတ်တွေပါဝင်တယ်။ အလားတူ အခြားအချိုပါဝင်တဲ့ မုန့်တွေနဲ့ ဟင်းလျာတွေမှာလည်း ဆီကိုအလွန်အမင်း ထည့်သွင်းအသုံးပြုမှုတွေ ရှိ
တာကြောင့် ကာဗိုဟိုက်ဒရိတ် စားသုံးမှုများပြားပါတယ်။ အလားတူ အချိုနဲ့ဆီများစားသုံးမှု၊ အရက်နဲ့ဆေးလိပ်တွေ သောက်သုံးမှုတွေ
ကြောင့်လည်း ကျန်းမာရေးကို များစွာထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒါတွေကို လျော့ဖို့လိုပါတယ်။”လို့ ၎င်းက ပြောပါတယ်။
ပြည်သူတိုင်း သက်တမ်းစေ့နေနိုင်ရေး အရေးကြီးတာကြောင့် ကာဗိုဟိုက်ဒရိတ် လျှော့ချနိုင်ရေးအတွက် ဆန်စားသုံးမှု လျှော့ချရေး
ဆောင်ရွက်ပြီး အခြားလိုအပ်တဲ့ ပရိုတိန်းဓာတ်များ ရရှိစေရေးအတွက် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ဥများကို စားသုံး၍ ဖြည့်ဆည်းပေး
ရန်လိုအပ်တယ်လို့ ၎င်းက ဆိုပါတယ်။
ယင်းအပြင် လူတစ်ဦးအနေနဲ့ တစ်ရက်လျှင် ကြက်ဥ ၃ လုံးမှ ၆ လုံးအထိ စားသုံးရန်လိုအပ်ပြီး အသားငါးကို တစ်ရက်လျှင် ၅ ကျပ်သားမှ
၁၀ သားအထိနေ့စဉ် စားသုံးဖို့နဲ့ ဟင်းသီးဟင်းရွက်တွေကို ၅ ကျပ်သားမှ ၁၂ ကျပ်သားအထိ စားသုံးရန်လိုကြောင်း ၎င်းက ထပ်လောင်း
ပြောကြားပါတယ်။ PPT