ဆွစ်ဇာလန်နိုင်ငံက ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသမယ့် အကယ်ဒမီ မျိုးသန္တာထွန်း ပါဝင်ရိုက်ကူးထားတဲ့ ‘ပြေလျော့နွေ’ ရုပ်ရှင်ဇာတ်လမ်း
ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသမယ့်ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်လမ်းတို ပြေလျော့နွေ(သို့) Late Blooming In
A Lonely Summer Day ဟာသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့အထီးကျန်တယ်လို့ ခံစားနေရတဲ့စိတ်အခြေအနေနဲ့ နေထိုင်ရတဲ့
နေ့ရက်တချို့ကို ပုံဖော်ရိုက်ကူးထားတဲ့မိနစ်၂၀စာဇာတ်လမ်းတိုရုပ်ရှင်လေးဖြစ်တယ်လို့သိရပါတယ်။
International Competition မှာရွေးချယ်ခံရတဲ့ ဇာတ်လမ်းဖြစ်ပြီးWinterthur ရုပ်ရှင်ပွဲတော်မှာပါ ပွဲဦးထွက်ပြသမယ့်ပြိုင်ပွဲဝင်ရုပ်ရှင်
ဇာတ်လမ်းတို ဖြစ်ပါတယ်။ပြေလျော့နွေဇာတ်လမ်းထဲမှာ သရုပ်ဆောင်ပိုင်းကိုငယ်ငယ်ကတည်းကသဘောကျပြီးကျရာဇာတ်ရုပ်ကိုပီပြင်
စွာသရုပ်ဆောင်နိုင်တဲ့မင်းသမီးကြီးမျိုးသန္တာထွန်းအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
မင်းသမီးမျိုးသန္တာထွန်းကိုယ်တိုင်လည်းဇာတ်လမ်းအတွက်ငွေကြေးမယူဘဲမေတ္တာဖြင့်သရုပ်ဆောင်ပေးထားတာလို့သိရပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာ သရုပ်ဆောင်မင်းသမီးကြီးမျိုးသန္တာထွန်းဟာ သူမဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ်မိတ်ကပ်လုံးဝမလူးခဲ့ဘဲ
သဘာဝကျကျ သဘောဆောင်ထားတယ်လို့သိရပါတယ်။
ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ခွင့်ရတဲ့ဇာတ်လမ်းတွေထဲမှာ အာရှနိုင်ငံတွေအနေနဲ့ မြန်မာကတစ်ကား ထိုင်းနိုင်ငံ
ကတစ်ကား စုစုပေါင်း ၂ ကားသာ အရွေးချယ်ခံရခဲ့တာဖြစ်ပါတယ်။
မြန်မာလူမျိုးတွေရိုက်ထားတဲ့ မြန်မာအငွေ့အသက်တွေလွှမ်းခြုံနေတဲ့ဇာတ်လမ်းလေးတစ်ခုက အခုလိုကမ္ဘာကျော်သွားခဲ့တာကြောင့်
မြန်မာလူမျိုးတစ်ယောက်အနေနဲ့အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ထပ်မံပြီးဆုတွေလည်း ရရှိလာစေဖို့ ဆုမွန်ကောင်း တောင်း
ပေးလိုက်ပါတယ်။ ခရက်ဒစ်
Zawgyi
ဆြစ္ဇာလန္နိုင္ငံက ႐ုပ္ရွင္ပြဲေတာ္မွာ ပြဲဦးထြက္ျပသမယ့္ အကယ္ဒမီ မ်ိဳးသႏၲာထြန္း ပါဝင္ရိုက္ကူးထားတဲ့ ‘ေျပေလ်ာ့ေႏြ’ ႐ုပ္ရွင္ဇာတ္လမ္း
ဆြစ္ဇာလန္နိုင္ငံWinterthur ႐ုပ္ရွင္ပြဲေတာ္မွာ ပြဲဦးထြက္ျပသမယ့္ၿပိဳင္ပြဲဝင္႐ုပ္ရွင္ဇာတ္လမ္းတို ေျပေလ်ာ့ေႏြ(သို႔) Late Blooming In
A Lonely Summer Day ဟာသက္လတ္ပိုင္းအမ်ိဳးသမီးတစ္ေယာက္ရဲ့အထီးက်န္တယ္လို႔ ခံစားေနရတဲ့စိတ္အေျခအေနနဲ႔ ေနထိုင္ရတဲ့ေန႔ရက္တခ်ိဳ႕ကို ပုံေဖာ္ရိုက္ကူးထားတဲ့မိနစ္၂၀စာဇာတ္လမ္းတို႐ုပ္ရွင္ေလးျဖစ္တယ္လို႔သိရပါတယ္။
International Competition မွာေရြးခ်ယ္ခံရတဲ့ ဇာတ္လမ္းျဖစ္ၿပီးWinterthur ႐ုပ္ရွင္ပြဲေတာ္မွာပါ ပြဲဦးထြက္ျပသမယ့္ၿပိဳင္ပြဲဝင္႐ုပ္ရွင္ဇာတ္လမ္းတို ျဖစ္ပါတယ္။ေျပေလ်ာ့ေႏြဇာတ္လမ္းထဲမွာ သ႐ုပ္ေဆာင္ပိုင္းကို
ငယ္ငယ္ကတည္းကသေဘာက်ၿပီးက်ရာဇာတ္႐ုပ္ကိုပီျပင္စြာသ႐ုပ္ေဆာင္နိုင္တဲ့မင္းသမီးႀကီးမ်ိဳးသႏၲာထြန္းအဓိကပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။
မင္းသမီးမ်ိဳးသႏၲာထြန္းကိုယ္တိုင္လည္းဇာတ္လမ္းအတြက္ေငြေၾကးမယူဘဲေမတၱာျဖင့္သ႐ုပ္ေဆာင္ေပးထားတာလို႔သိရပါတယ္။
ဒီဇာတ္လမ္းေလးထဲမွာ သ႐ုပ္ေဆာင္မင္းသမီးႀကီးမ်ိဳးသႏၲာထြန္းဟာ သူမဘဝမွာ ပထမဦးဆုံးအႀကိမ္အျဖစ္မိတ္ကပ္လုံးဝမလူးခဲ့ဘဲ သဘာဝက်က် သေဘာေဆာင္ထားတယ္လို႔သိရပါတယ္။
ဆြစ္ဇာလန္နိုင္ငံWinterthur ႐ုပ္ရွင္ပြဲေတာ္မွာ ဝင္ၿပိဳင္ခြင့္ရတဲ့ဇာတ္လမ္းေတြထဲမွာ အာရွနိုင္ငံေတြအေနနဲ႔ ျမန္မာကတစ္ကား ထိုင္းနိုင္ငံကတစ္ကား စုစုေပါင္း ၂ ကားသာ အေရြးခ်ယ္ခံရခဲ့တာျဖစ္ပါတယ္။
ျမန္မာလူမ်ိဳးေတြရိုက္ထားတဲ့ ျမန္မာအေငြ႕အသက္ေတြလႊမ္းျခဳံေနတဲ့ဇာတ္လမ္းေလးတစ္ခုက အခုလိုကမၻာေက်ာ္သြားခဲ့
တာေၾကာင့္ျမန္မာလူမ်ိဳးတစ္ေယာက္အေနနဲ႔အရမ္းကိုဂုဏ္ယူဝမ္းေျမာက္မိပါတယ္။ ထပ္မံၿပီးဆုေတြလည္း ရရွိလာေစဖို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။ ခရက္ဒစ္