ၾကားသိသမွ်

ဘောင်းဘီပြင်သည် “အလီ” စာစုကြောင့်ထိန်းသိမ်းခံရသည့်သတင်းအပေါ်ပြန်ဝန်ဟောင်း ဦးရဲထွဋ်က အဖမ်းမခံရကြောင်း လူမှုကွန်ယက်မှ အသိပေး

ပြန်ဝန်ဟောင်း ဦးရဲထွဋ်က အဖမ်းမခံရကြောင်း လူမှုကွန်ယက်မှ အသိပေး

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စောင်းမြောင်းရေးသားသည်ဟု စာဖတ်သူများက ယူဆထားကြသည့်

ဘောင်းဘီပြင်သည် “အလီ” စာစုကို လူမှုကွန်ယက်တွင် ရေးသားခဲ့သည့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ယနေ့ ၂၀၂၁ ခုနှစ်၊

နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် အာဏာသိမ်းအဖွဲ့က ခေါ်သွားသည်ဟု သတင်းများထွက်လာပြီးနောက် နံနက်

(၁၀)နာရီဝန်းကျင်တွင် မိမိဘာမှမဖြစ်ကြောင်း လူမှုကွန်ယက်၌ ရေးသားလာသည်ကို တွေ့ရသည်။

ဖေ့ဘုတ်စ်အသုံးပြုသူတစ်ဦးဖြစ်သည့် Eh Klane ဆိုသည့်အကောင့်တွင် အဆိုပါပိုစ့်အားစတင်ဖြန့်ခဲ့သည်ကိုတွေ့ရပြီး ပိုစ့်အောက်တွင်

တပ်ဝါဒဖြန့် channel အချိူ့ဖြစ်သည့် Thazin Oo,MWD,Maputu အစရှိသည်တို့ကို ချိတ်ဆက်ခေါ်ထားသည်ကိုလည်းတွေ့ရသည်။အ

ချိူ့သော ဖြန့်ဝေမှုများတွင် ယမန်နေ့က ဦးရဲထွဋ် တင်ခဲ့သည် ဘောင်းဘီပြင်သည် အလီ ဆိုသည့်ပိုစ့်မှာ လက်ရှိ အာဏာသိမ်းစစ်

ခေါင်းဆောင်ကို ရည်ညွန်းရေးသဖြင့် အခုလို ဖမ်းဆီးခံရတာ ဖြစ်နိုင်သည် ဆိုတဲ့ ထင်မြင်ချက်များရေးသားထားသည်ကိုလည်း တွေ့ရသည်။

“မနက်ခြောက်နာရီခွဲထပြီး လမ်းလျှောက်တယ်။ ပြန်ရောက်တော့ သတင်းလူသားဖြစ်နေပါလား။ ဆရာမင်းသိင်္ခစကားငှားသုံးရရင် “ဘာ

ဘာ ဘာမှ မဖြစ်ဘူး။”ဟု ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားလာသည်ကို တွေ့ရခြင်းဖြစ်သည်။

ဦးရဲထွဋ်က ယမန်နေ့ နိုဝင်ဘာလ (၉) ရက်နေ့က ဘောင်းဘီပြင်သည် “အလီ”ဆိုသည့် စာစုကို လူမှုကွန်ယက်တွင် ရေးသားရာ၌ “ဒါ့အပြင်

ကိုယ်အခြေအနေ ကိုယ်မသိတဲ့ သူ၊ လောဘတက်ပြီး မဆန့်အင်တန် ဝတ်နေတယ် ဆိုပြီးတောင် အထင်သေးခံရ နိုင်တယ်။ ဒီတော့

အခြေအနေ မှန်ကို သိ၊ ငါနဲ့ မတော် တော့ဘူး၊ မတန် တော့ဘူး ဆိုတာကိုလက်ခံပြီး ပြင်လို့ရရင် ပြင်၊ ပြင်လို့မရတော့ဘူးဆိုရင် တော်တဲ့ ၊

တန်တဲ့ သူကို ပေးလိုက်တာပဲ ကောင်းပါတယ်။ ” ဟုရေးသားထားသည့် စာပိုဒ်မှာ လက်ရှိအာဏာသိမ်းခေါင်းဆောင်ကို ပြောခြင်းဖြစ်သည်

ဟု စာဖတ်သူများက ယူဆကာ ပြန်လည်မျှဝေသူအများအပြား ရှိခဲ့ခြင်းဖြစ်သည်။

Zawgyi

ျပန္ဝန္ေဟာင္း ဦးရဲထြဋ္က အဖမ္းမခံရေၾကာင္း လူမႈကြန္ယက္မွ အသိေပး

အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္အား ေစာင္းေျမာင္းေရးသားသည္ဟု စာဖတ္သူမ်ားက ယူဆထားၾက

သည့္ ေဘာင္းဘီျပင္သည္ “အလီ” စာစုကို လူမႈကြန္ယက္တြင္ ေရးသားခဲ့သည့္ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္အား

ယေန႔ ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာလ (၁၀)ရက္ေန႔ နံနက္ ၃ နာရီဝန္းက်င္တြင္ အာဏာသိမ္းအဖြဲ႕က ေခၚသြားသည္ဟု သတင္းမ်ားထြက္

လာၿပီးေနာက္ နံနက္ (၁၀)နာရီဝန္းက်င္တြင္ မိမိဘာမွမျဖစ္ေၾကာင္း လူမႈကြန္ယက္၌ ေရးသားလာသည္ကို ေတြ႕ရသည္။

ေဖ့ဘုတ္စ္အသုံးျပဳသူတစ္ဦးျဖစ္သည့္ Eh Klane ဆိုသည့္အေကာင့္တြင္ အဆိုပါပိုစ့္အားစတင္ျဖန႔္ခဲ့သည္ကိုေတြ႕ရၿပီး ပိုစ့္ေအာက္တြင္

တပ္ဝါဒျဖန႔္ channel အခ်ိဴ႕ျဖစ္သည့္ Thazin Oo,MWD,Maputu အစရွိသည္တို႔ကို ခ်ိတ္ဆက္ေခၚထားသည္ကိုလည္းေတြ႕ရသည္။အ

ခ်ိဴ႕ေသာ ျဖန႔္ေဝမႈမ်ားတြင္ ယမန္ေန႔က ဦးရဲထြဋ္ တင္ခဲ့သည္ ေဘာင္းဘီျပင္သည္ အလီ ဆိုသည့္ပိုစ့္မွာ လက္ရွိ အာဏာသိမ္းစ

စ္ေခါင္းေဆာင္ကို ရည္ညြန္းေရးသျဖင့္ အခုလို ဖမ္းဆီးခံရတာ ျဖစ္နိုင္သည္ ဆိုတဲ့ ထင္ျမင္ခ်က္မ်ားေရးသားထားသည္ကိုလည္း ေတြ႕ရသည္။

“မနက္ေျခာက္နာရီခြဲထၿပီး လမ္းေလၽွာက္တယ္။ ျပန္ေရာက္ေတာ့ သတင္းလူသားျဖစ္ေနပါလား။ ဆရာမင္းသိခၤစကားငွားသုံးရရင္ “ဘာဘာ ဘာမွ မျဖစ္ဘူး။”ဟု ၎၏လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားလာသည္ကို ေတြ႕ရျခင္းျဖစ္သည္။

ဦးရဲထြဋ္က ယမန္ေန႔ နိုဝင္ဘာလ (၉) ရက္ေန႔က ေဘာင္းဘီျပင္သည္ “အလီ”ဆိုသည့္ စာစုကို လူမႈကြန္ယက္တြင္ ေရးသားရာ၌ “ဒါ့အျပင္ ကိုယ္အေျခအေန ကိုယ္မသိတဲ့ သူ၊ ေလာဘတက္ၿပီး မဆန႔္အင္တန္ ဝတ္ေနတယ္ ဆိုၿပီးေတာင္ အထင္ေသးခံရ နိုင္တယ္။

ဒီေတာ့ အေျခအေန မွန္ကို သိ၊ ငါနဲ႔ မေတာ္ ေတာ့ဘူး၊ မတန္ ေတာ့ဘူး ဆိုတာကိုလက္ခံၿပီး ျပင္လို႔ရရင္ ျပင္၊ ျပင္လို႔မရေတာ့ဘူးဆိုရင္ ေတာ္တဲ့ ၊

တန္တဲ့ သူကို ေပးလိုက္တာပဲ ေကာင္းပါတယ္။ ” ဟုေရးသားထားသည့္ စာပိုဒ္မွာ လက္ရွိအာဏာသိမ္းေခါင္းေဆာင္ကို ေျပာျခင္းျဖစ္သည္ဟု စာဖတ္သူမ်ားက ယူဆကာ ျပန္လည္မၽွေဝသူအမ်ားအျပား ရွိခဲ့ျခင္းျဖစ္သည္။