အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတစ်ဦးဖြစ်သူ အေးနေဝင်းဟာ ဒီကနေ့မနက် နိုဝင်ဘာလ ၉ ရက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်ကနေ ဒူဘိုင်းမြို့ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က ရန်ကုန် ၉ မိုင် အေဒီလမ်းမှာရှိတဲ့ ဗိုလ်နေဝင်းအိမ်ကနေ ဒတ်ဘယ်ကပ်လေးစီး စစ်သားအပြည့်နဲ့ ထွက်
လာတယ်။ ဟွန်းတွေတီးပြီး မီးလည်းထိုးထားတယ်လို့ ဆိုပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ရန်ကုန် – မလေး – ဒူဘိုင်း လေယာဉ်ပေါ်မှာ အေးနေဝင်းပါလာတယ်။ ဘိဇနက် ကလပ်စ်က စီးလာတာ။
အကြောင်းရင်းတော့ မသိပါ။
ဒီကနေ့နေ့လယ်မှာ အေးနေဝင်းဟာ ဝှီးလ်ချဲကို စီးနင်းနေပြီး သူနဲ့အတူ အမျိုးသမီးတစ်ဦးလိုက်ပါလာတာကိုလည်း ဓာတ်ပုံထဲမှာ မြင်တွေ့
ရပါတယ်။
လက်ရှိအချိန်ထိ ဘယ်အကြောင်းကြောင့် ထွက်ခွာသွားရလဲဆိုတာ သီခြားသတင်း အတည်ပြုနိုင်ခြင်း မရှိသေးသလို ဒီခရီးစဉ်ကို မော်ဒယ်
လ် ရွှေအိမ်စည် လိုက်ပါသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်မှုကလည်း မှန်၊ မမှန် အတည်မပြုနိုင်သေးပါဘူး။
လာမယ့် နိုဝင်ဘာ ၁၅ ရက်ဟာ အေးနေဝင်း မွေးနေ့ ဖြစ်တာကြောင့် မွေးနေ့ကို ဒူဘိုင်းမှာ လုပ်ဖို့ ကြိုသွားတာမျိုး ဖြစ်လောက်တယ်လို့
လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့တုန်းက ရန်ကုန်မြို့၊ ဆင်မလိုက်မှတ်တိုင်မှာ အေးနေဝင်းရဲ့ အစ်ကိုဖြစ်သူ ကျော်နေဝင်း ပိုင်ဆိုင်တဲ့
Omini Focus ယာဉ်လိုင်းပိုင် YBS 20 ဘတ်စ်ကားပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးကတည်းက နေဝင်းမိသားစု လှုပ်လှုပ်ရှားရှားဖြစ်တာ ဒီတစ်ကြိမ်ပဲ တွေ့ဖူးသေးတယ်။
Zawgyi
အာဏာရွင္ေဟာင္း ဦးေနဝင္းရဲ့ ေျမးတစ္ဦးျဖစ္သူ ေအးေနဝင္းဟာ ဒီကေန႔မနက္ နိုဝင္ဘာလ ၉ ရက္မွာ ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ဒူဘိုင္းၿမိဳ႕ကို ထြက္ခြာသြားတယ္လို႔ သိရပါတယ္။
ဒီေန႔ ေန႔လယ္ ၂ နာရီခြဲေလာက္က ရန္ကုန္ ၉ မိုင္ ေအဒီလမ္းမွာရွိတဲ့ ဗိုလ္ေနဝင္းအိမ္ကေန ဒတ္ဘယ္ကပ္ေလးစီး စစ္သားအျပည့္နဲ႔ ထြက္လာတယ္။ ဟြန္းေတြတီးၿပီး မီးလည္းထိုးထားတယ္လို႔ ဆိုပါတယ္။
တိုက္တိုက္ဆိုင္ဆိုင္ပဲ ဒီေန႔ ရန္ကုန္ – မေလး – ဒူဘိုင္း ေလယာဥ္ေပၚမွာ ေအးေနဝင္းပါလာတယ္။ ဘိဇနက္ ကလပ္စ္က စီးလာတာ။ အေၾကာင္းရင္းေတာ့ မသိပါ။
ဒီကေန႔ေန႔လယ္မွာ ေအးေနဝင္းဟာ ဝွီးလ္ခ်ဲကို စီးနင္းေနၿပီး သူနဲ႔အတူ အမ်ိဳးသမီးတစ္ဦးလိုက္ပါလာတာကိုလည္း ဓာတ္ပုံထဲမွာ ျမင္ေတြ႕ရပါတယ္။
လက္ရွိအခ်ိန္ထိ ဘယ္အေၾကာင္းေၾကာင့္ ထြက္ခြာသြားရလဲဆိုတာ သီျခားသတင္း အတည္ျပဳနိုင္ျခင္း မရွိေသးသလို ဒီခရီးစဥ္ကို ေမာ္ဒယ္လ္ ေရႊအိမ္စည္ လိုက္ပါသြားတယ္ဆိုတဲ့သတင္းထြက္ေပၚမႈကလည္း မွန္၊ မမွန္ အတည္မျပဳနိုင္ေသးပါဘူး။
လာမယ့္ နိုဝင္ဘာ ၁၅ ရက္ဟာ ေအးေနဝင္း ေမြးေန႔ ျဖစ္တာေၾကာင့္ ေမြးေန႔ကို ဒူဘိုင္းမွာ လုပ္ဖို႔ ႀကိဳသြားတာမ်ိဳး ျဖစ္ေလာက္တယ္လို႔လည္း ခန႔္မွန္းေျပာဆိုေနၾကပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၃၁ ရက္ေန႔တုန္းက ရန္ကုန္ၿမိဳ႕၊ ဆင္မလိုက္မွတ္တိုင္မွာ ေအးေနဝင္းရဲ့ အစ္ကိုျဖစ္သူ ေက်ာ္ေနဝင္း ပိုင္ဆိုင္တဲ့ Omini Focus ယာဥ္လိုင္းပိုင္ YBS 20 ဘတ္စ္ကားေပၚမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ပါေသးတယ္။
အာဏာသိမ္းၿပီးကတည္းက ေနဝင္းမိသားစု လႈပ္လႈပ္ရွားရွားျဖစ္တာ ဒီတစ္ႀကိမ္ပဲ ေတြ႕ဖူးေသးတယ္။