ၾကားသိသမွ်

လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးတစ်ဦး ရွှေဆိုင် ၀င်ရောက်လုယက်

လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်တစ်ဦး ရွှေဆိုင် ၀င်ရောက်လုယက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာ၊ ၉ ရပ်ကွက်၊ လမ်းမတန်းရှိ ဦးတင်မြင့်ပိုင် “ဦးတင်မြင့်ရွှေဆိုင်” ကို ဗိုလ်ကြီးအဆင့်ရှိသူ

အောင်ခန့်မင်းကလက်နက်ပြခြိမ်းခြောက်ပြီးလုယူမှုတစ်ခု နို၀င်ဘာ ၆ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်း ဗိုလ်ကြီးအောင်ခန့်မင်းသည် ညနေ ၃ နာရီ ၁၅ ခန့်တွင် ရွှေဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်ရှင် ဦးတင်မြင့်အားပါလာသည့်သေနတ်ထုတ်

ချိန်ရွယ်ကာ ရွှေများထုတ်ပေးရန်ပြောဆိုခဲ့ပြီး ၎င်းကိုယ်တိုင် သေနတ်ဖြင့် ရွှေသေတ္တာမှန်ပုံးကို သေနတ်ဖြင့်ထုခွဲကာ ရွှေထည်များကို လုယူ

ခဲ့သည်ဟု သိရသည်။

ဆိုင်ထဲကို၀င်လာပြီး ဘက်အိတ်ကို ပစ်တင်လိုက်တယ်။ ပြီးတော့ သေနတ်ထုတ်ချိန်ပြီး ရွှေတွေထုတ်ပေးလို့ပြောတယ်။ ခဏနေတော့ မှန်

သေတ္တာကိုထုခွဲပြီး ရွှေတွေကြုံးယူတယ်။ ကျွန်တော်လဲတိုင်ဖုံးလေးကွယ်ပြီးထွက်ပြေးတာပေါ့။

အပြင်ရောက်တော့အော်ပြီးအကူအညီတောင်းတယ်တော့ လူတွေရောက်လာပြီး ဝိုင်းဖမ်းကြတယ် “ဟုဆိုင်ရှင်ဖြစ်သူ ဦးတင်မြင့်က

ပြန်လည်ပြောပြပါသည်။

ယင်းအသံများကြောင့် အနီးရှိအိမ်တွင်ရှိနေသည့် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်း၊ အိမ်နီးချင်းဖြစ်သူ ဦး၀င်းနိုင်နှင့် ဦးတင်စိုး

စသည်လူများရောက်ရှိလာကာ ၀င်ရောက်လုံးထွေးဖမ်းဆီးရာမှ လက်ရဖမ်းဆီးမိခဲ့သည်ဆိုသည်။

ယင်းလုယူသူမှာ သထုံမြို့အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ ၃၀၁၄) မှ ဗိုလ်ကြီးအောင်မင်းခန့် (ကြည်း-၃၇၇၃၆)၊

ဘ-ဦးအောင်ခင်စန်း၊ အသက် (၃၀)နှစ်ဖြစ်ကြောင်းယင်း၏ပြန်တမ်း၀င်ကဒ်ပြားနှင့် တပ်သို့ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ယင်းနှင့်အတူ ၉ မမ ပစ္စတိုတစ်လက်၊ ကျည်တောင့် ၉ တောင့်နှင့် နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိသည့် ဆိုင်ကယ်နက်ပြာရောင်တစ်စီးကို

သိမ်းဆည်းရမိပြီး ယခုအခါ တပ်ရင်းသို့ ပြန်လည်အပ်နှံလွှဲပြောင်းရန်စီစဉ်နေပြီဟု သိရသည်။