ၾကားသိသမွ်
ရွှေနဲ့ဒေါ်လာ ရေရှည် ဘယ်ဟာ စုဆောင်း မြှုပ်နှံသင့်လဲ?
ရွှေနဲ့ဒေါ်လာ ရေရှည် ဘယ်ဟာ စုဆောင်း မြှုပ်နှံသင့်လဲ?
ရွှေ-သိန်း၃၀၀ ငွေပို ရှိသူတစ်ယောက်ဟာ ၂၀၁၁ ခုနှစ်မှာ ရွှေ ၅၀ သား ဝယ်နိုင်ပါတယ် (၁ ကျပ်သား ၆သိန်းကျပ်ခန့််)
အခု ၂၀၂၁ ခုနှစ်မှာ အဲ့ ရွှေ ၅၀ သား ဟာ သိန်း ၉၀၀ တန်ပါတယ်
သူရွှေ မှာ ရင်းနှီး မြှုပ်နှံတာ သူ့ငွေ သိန်း ၃၀၀ က ၁၀ နှစ် အကြာမှာ ၂ ဆ ပွားပြီး သိန်း ၉၀၀ ဖြစ်သွားပါတယ်
သူ့ရဲ့ Margin က ၁၀ နှစ်မှာ ၂၀၀% အမြတ် ဖြစ်ပါတယ်။
ဒေါ်လာ- အပေါ်က လူဟာ ၂၀၁၁ ခုနှစ်မှာ သိန်း ၃၀၀ ဖိုး ဒေါ်လာ ဝယ်ရင် $30,000 ရမှာ ဖြစ်ပါတယ် (1$=1000 ခန့်)
အခု အဲ့ $ 30,000 ဟာ မြန်မာငွေ သိန်း ၆၀၀ နီးပါး ဖြစ်ပါတယ်သူ့ရဲ့ ရင်းနှီးငွေဟာ တစ်ဆ ဘဲ ပွားပါတယ်
သူ့ရဲ့ အမြတ်ငွေ ၁၀ နှစ်မှာ ၁၀၀% margin ဘဲ ဖြစ်ပါတယ်
သူဟာ သိန်း ၃၀၀ ရင်းနှီးတာ သိန်း ၃၀၀ ဘဲ မြတ်ပါတယ်
မှတ်ချက် ။ ဘာသွား တွေ့ရလဲဆိုတော့ ရွှေ စုသူနဲ့ $ စုသူဟာ ၁၀နှစ် အကြာမှာ ငွေ ပွား တာ ခေါက်ချိုး ကွာပါတယ်
ရွှေ သမားက အမြတ် သိန်း၆၀၀ ရတဲ့ အချိန်မှာ $သမား က သိန်း ၃၀၀ ဘဲမြတ်ပါတယ်
ဘာလို့ အဲ့လိုဖြစ်လဲ ဆိုတာ အချက် ၂ ချက်ရှိပါတယ်
ရွှေဟာ ကမ္ဘာ့ဈေးနှုန်းမှာ အတက်အကျ ရှိပေမဲ့ အတက်ကပိုများပါတယ်
ကမ္ဘာ့ရွှေ ဟာ ၂၀၁၁ ခုနှစ်မှာ တစ်အောင်စ ကို $1576 ခန့်ရှိခဲ့ပေမဲ့ ၂၀၂၁ မှာ အခု $1816 ရှိနေပါတယ်
ကြားထဲမှာ တက်လိုက်ကျလိုက် ဖြစ်ခဲ့ပါသေးတယ်ရွှေရဲ့ အားသာချက်ပါ
$ကတော့ Inflation နှစ်စဥ် ၂% ခန့်ရှိနေတာ သူ့ အားနဲချက်ပါဘဲ
နောက်တစ်ချက်က ရွှေကို နှစ်ဆယ်ချီ သိမ်းထားလဲ ဘာမှ ပြဿနာ မရှိပေမဲ့ $ ကျတော့
ပျက်စီး လွယ်ပါတယ် လ ပိုင်း လောက်လဲ သိမ်းဖို့ လွယ်ပါတယ်နှစ်ချီ သိမ်းဖို့ မလွယ်ကူပါ
နောက် $ က Update series တွေ ထွက်လာရင် old series တွေ ရောင်းရနဲနဲ ခက်ပါတယ် ။
$ က ကားလိုဘဲ 2009 series 2013 series 2017 series စသဖြင့်ရှိပါတယ်
ကျနော်ကတော့ ရေတို ( ၃လ နဲ့ ၁နှစ်​ကြား) ရော ရေရှည် နှစ်ဆယ်ချီ ရွှေ ကို စုဆောင်း
ရင်းနှီးမြှုပ်နှံတာက လက်တွေ့ကျကျ ပို ပြီး အများကြီး အကျိုး ဖြစ်ထွန်း စေမယ် လို့ ယူဆပါတယ် ခင်ဗျာ…
ချစ်ခြင်းအားဖြင့်
တင်မြင့်
Zawgyi
ရွှေ
ဒေါ်လာ
ချစ်ခြင်းအားဖြင့်
တင်မြင့်