ၾကားသိသမွ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ ဦးဝင်းထိန်က တရားရုံးမှာ သက်သေထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်စွဲဆိုခံထားရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန်ဥပဒေ

ပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတို့အတွက် ဒီကနေ့ နိုဝင်ဘာ ၈ရက် က နေပြည်တော်အထူးတရားရုံးမှာကြားနာစစ်ဆေးခဲ့ပါတယ်။

တရားခွင်မစခင်မှာ ပုံမှန်အတိုင်းရှေ့နေအဖွဲ့နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှု

အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက်စွပ်စွဲခံရသူဘက်က သက်သေအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းထိန် က

တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

’’တရားရုံးအခေါ်ကတော့ ခံပြသက်သေအဖြစ် အန်ကယ်ဦးဝင်းထိန်ကို စစ်တာပေါ့။ ဦးဝင်းထိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိ

ဘူးထွက်ဆိုတယ်’’လို့ ရှေ့နေတစ်ဦးကရှင်းပြပါတယ်။

ဒီကနေ့ အမှုအတွက် ကနဦးက ဦးဝင်းထိန်နဲ့ နေပြည်တော်ကောင်စီဝင် ဦးမင်းသူကို ခံပြသက်သေအဖြစ်စစ်ဖို့လျာထားခဲ့ပေမယ့် ဦးဝင်း

ထိန်တစ်ဦးထဲကိုသာ စစ်ခဲ့တာဖြစ်ပါတယ်။

ဦးဝင်းထိန်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ -က နဲ့တရားစွဲဆိုခံထားရပြီး ထောင်ဒဏ်

အနှစ်၂၀ ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။


NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်အနေဖြင့် စစ်တပ်အာဏာသိမ်းသည့်နေတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို

သာ ဦးစားပေးသူ ဖြစ်ကြောင်း၊ တရားဝင်အစိုးရ၊ ပြည်သူလူထုက အခွင့်အာဏာ ပေးထား၊ ရွေးချယ်ထား သည့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်

အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ခြင်းသည် မထူးဇာတ်ခင်းသွားခြင်း ဖြစ်ကြောင်း၊ ကိုဗစ် ကြောင့် တနိုင်ငံလုံး ဒုက္ခရောက်ပြီး စီးပွားရေးကျ

ချိန် မထောက်မညှာ အာဏာသိမ်းခြင်းသည် အမြော်အမြင်နည်းပြီး အမြင် ကျဉ်းမြောင်းခြင်း ဖြစ်ကြောင်း စသည်ဖြင့် ဝေဖန်ပြောဆိုခဲ့

သည်။ဝေဖန်ပြောကြားမှုများပြုလုပ်ပြီးနောက် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦး

အေးလူက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ကာ တရားစွဲဆိုခံရခြင်းဖြစ်သည်။

တရားစွဲခံရပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့က နေပြည်တော်မှ ရန်ကုန်သို့ပြန်လာခဲ့သည့် ဦးဝင်းထိန်အနေဖြင့် နေအိမ်၌ ဖမ်းဆီးခံခဲ့ရပြီး

နေပြည်တော်ပြန်လည်ခေါ်ဆောင်ကာ ချုပ်နှောင်ထားခြင်းခံခဲ့ရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတော့ သူ့ကိုစွဲဆိုထားတဲ့သဘာဝဘေးပုဒ်မအတွက် စွပ်စွဲခံရသူဘက်က သက်သေမတင်ဘဲ သူကိုယ်တိုင်

ထွက်ဆိုခဲ့တာကြောင့် ခံပြသက်သေ(တရားရုံးအခေါ်) မတင်သွင်းခဲ့ဘူးလို့ သိရပါတယ်။


ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုတယ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု

ဆိုင်ရာဥပဒေပါ ပုဒ်မ ၂၅ နဲ့ သီးခြားစီ စွဲဆိုထားပြီးစွဲချက်တင်ခံထားရတာဖြစ်ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့နိုဝင်ဘာ ၁ရက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆိုခဲ့ပြီးအဲဒီအမှုအတွက်အပြစ်မရှိကြောင်း ထွက်

ဆိုထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတို့အတွက်ကတော့ ဒီကနေ့မှာ

တရားလိုပြသက်သေတွေကို ပြန်ခေါ်စစ်ခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရသူတွေအားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကသိရပါတယ်။