“အရူးချီးပန်း ငသန်း”
မွေးတုန်းက နာမည် “သန်းညိမ်း”။ ငရွှေ့ခေတ်မှာ ဗဟိုဘဏ်ရဲ့ သက်တော်ရှည် ဥက္ကဌ။ အဲ့တုန်းက နာမည်က တမျိုး။ “အော့ဖ်ဆက် သန်းညိ
မ်း” တဲ့။ ငွေလိုတယ်ပြောတိုင်း ရိုက်ထုတ်လို့။ မြန်မာငွေ တန်ဖိုးထိုးကျပေမဲ့ စစ်အစိုးရ ငွေရွှင်ခဲ့တယ်။ စက္ကူနဲ့ မှင်ပဲ လိုတာကိုး။
နောက်တော့ ပြုတ်တယ်။ ဒါပေမဲ့ ဂွင်အပြည့်။ စကစ တက်လာတော့ သန်းညိမ်းကို ပြန်ပင့်တယ်။ သန်းညိမ်း ခပ်ပေါ့ပေါ့ပဲ ရိုက်ထုတ်ဖို့ လုပ်
တယ်။ နုဂျီ ဘိုတင်က အကြံဦးတယ်။ ဂျာမန် ခံပနီကို ကြိုကန်ပစ်တယ်။ သန်းညိမ်း တကွက်နောက်ကျ။ စက္ကူနဲ့ မှင် ပြတ်ရော။
ဘိုတုသားနဲ့ အဖွဲ့ကို စက္ကူ အရှာလွှတ်တယ်။ ရုရှ စက္ကူတွေကို ဘယ်လာရုစ် ကနေ လှည့်သယ်တယ်။ ဂျာမန် စက်က လက်မခံ။ လက်ကျန်
စက္ကူတွေ၊ ရီဂျက် ငွေသားတွေ ထုတ်တယ်။ ၁ လပဲ ခံတယ်။
ခရုမှာလည်း အဆံနဲ့ သန်းညိမ်းမှာလည်း အကြံနဲ့။ ငွေထုတ်တာတွေ ကန့်သတ်တယ်၊ Special acc ထွင်တယ်။ အထိုက်အလျောက်
အောင်မြင်တယ်။ Bank run ဖြစ်မယ့်အရေး ကာကွယ်လိုက်နိုင်တယ်။ လုပ်ငန်းကြီး အတော်များများတော့ ရပ်သွားတယ်။
Special acc ကလည်း အချိန်မရွေး ကြိုက်သလောက်ဆိုရာကနေ ဖာစကားပြောတယ်။ ဘွတ်ကင်ကြိုယူရတာ၊ acc ထဲမှာ ငွေချန်ရတာ
တွေ လုပ်လာတယ်။ Customer တွေ ဒစ်လည်။ ငသန်းကတော့ Rule အသစ်တွေ ထွက်ဆဲ။ ငသန်း လက်စွဲစကား “မဖတ်ရသေးတဲ့
ဂျာနယ်က အသစ်” ဆိုတဲ့ ဖာတန်း အသုံးအနှုန်း။
ပြည်သူ အများစု ဒုက္ခက သူ့အစ်ရှူးမဟုတ်။ သူ့အဘတွေက ကြိုထုတ်ပြီး၊ ငွေထုပ်ပိုက်ပြီးသား။ ရှော့ဖြစ်လာတယ်။ ရုတိတရက် ဘိုတုက
ငွေသား အရမ်းလိုလာတယ်။ စစ်စားရိတ် ထောင်းလာလို့။ အရည်ဝင်မှ အသေခင် ဆိုသလို၊ စကစ စစ်သားတွေက ငွေရမှ စစ်ဆင်ရေး လုပ်
မှာကိုး။ သန်းညိမ်းကို ငွေရှာခိုင်းတယ်။
သန်းညိမ်း အရူးချီးပန်းကွက်တွေ ထုတ်တယ်။ စက္ကူရွှေတဲ့ .. ဖေးလ်တယ်။ သိန်း-၂၀၀ ငွေသားနဲ့ ကျန်တာ ဘဏ်လွှဲ .. ဖေးလ်တယ်။ သူ့ အ
ဘတွေကိုယ်တိုင်ကမှ လက်မခံတာ။
နောက်ဆုံး ပေါက်ကရတွေ ရောသမမွှေ။ ၂၀၀ ငွေသား၊ Special acc 50%၊ အဟောင်းက 25%။ ဘယ်လို verified လုပ်မယ်မသိ။ သူ့သခင်
ဘိုတုက အရူးကွက်။ ငသန်းက အရူးချီးပန်း။ ဂိုဏ်းတူပဲ။
တကယ်တော့ သန်းညိမ်းက ဒလန်။ ပြည်မြန်မြန်ပျက်အောင် ကူဖျက်ပေးနေတာ။ ပြည်ပျက်မှ စကစ ပြုတ်မှာကိုး။ သန်းညိမ်းမှာ Special
power ရှိတယ်။ သူ တခုခုထပြောရင် မြန်မာ ကျပ်ငွေဈေး ထိုးကျတာပဲ။
စကားမစပ် ဘောဇိတွေ NUG ကို အခွန်ဆောင်ကြရဲ့လား။ ဘဏ်တွေထဲက ငွေတွေပြန် သုံးလို့ရဖို့ တလရ အောင်မှ ဖြစ်မယ်ဆိုတာ
သတိချပ်ကြ။ တလရပြီးမှ အခွန်စာရင်း မပြနိုင်ရင် ခက်မယ်နော။
အရေးတော်ပုံ အောင်တော့မည်။ တစ်လစ် တစ်လစ် ဖြစ်နေပြီ။
ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ရှိပူရသေး၊ လှူမှအေး ကဏ္ဍ)