ၾကားသိသမွ်
သထုံ ၄၀၂ အမြှောက်တပ် လက် နက်တိုက် ဖောက်ခွဲခံရပြီးကင်းပုန်းဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်သား ၃ ဦးသေဆုံး
သံတောင် – ဘောဂလိလမ်းပိုင်းတွင် ကင်းပုန်းဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်သား ၃ ဦးသေဆုံး၊ သထုံ ၄၀၂
အမြှောက်တပ် လက် နက်တိုက် ဖောက်ခွဲခံရ
ရန်ကုန်၊ နိုဝင်ဘာ ၉
ပဲခူးတိုင်း၊ တောင်ငူခရိုင် KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေဖြစ်သည့်သံတောင် – ဘောဂလိလမ်းပိုင်းတွင် ကင်းပုန်းယူနေသည့် စစ်
ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် သံတောင် – ဘောဂလိလမ်းပေါ်တွင်ရှိသည့် ရွာနှစ်ရွာ အကြား လမ်းကင်းပုန်းယူနေသည့် စစ်
ကောင်စီတပ်ဖွဲ့တွေကို အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊
မိုင်း ဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံအထူးကာကွယ်ရေး တပ်ဖွဲ့ MTHSF အဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅နာရီ
ဝန်းကျင် အချိန်တွင် သထုံမြို့နယ် အင်းရှည်ကျေးရွာ အနီးရှိ စစ်ကောင်စီ၏ ၄၀၂ အမြှောက်တပ် အတွင်းလက်နက်တိုက်ကို ဖောက်ခွဲ
တိုက်ခိုက်ခဲ့ကြောင်း ၊အဆိုပါ လက်နက် တိုက်ကို ဖောက်ခွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှူနှင့် ထိခိုက်မှု အခြေအနေများအား စုံစမ်းနေဆဲ
ဖြစ်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။ Source; Khit Thit
Zawgyi
ရန်ကုန်၊ နိုဝင်ဘာ ၉