သမားရိုးကျ ထောက်ပံ့လှူဒါန်းတဲ့ ပုံစံက ခွဲထွက်ပြီး”ဝါသနာတူရင် လှူ” အစီအစဉ်နဲ့ “3in1 Donation” အစီအစဉ် KNDF ဖယ်ခုံဇုန် စတင်
နွေဦးတော်လှန်ရေး ရဲဘော်တွေအတွက် သမားရိုးကျ ထောက်ပံ့လှူဒါန်းတဲ့ပုံစံက ခွဲထွက်ပြီး “ဝါသနာတူရင် လှူ” အစီအစဉ်နဲ့ “3in1
Donation” အစီအစဉ်ကို KNDF ဖယ်ခုံဇုန်က ဒီနေ့ စတင်ကြေညာပါတယ်။
KNDF တပ်ရင်း (၃) မှာ ဝါသနာအမျိုးမျိုးရှိတဲ့ ရဲဘော်တွေရှိပြီး အနုပညာဝါသနာပါသူတွေ၊ ဘောလုံးအားကစား ဝါသနာပါသူတွေ၊ ဂိမ်း
ကစားဝါသနာပါသူတွေ၊ KPop Fan တွေစသဖြင့်ရှိတယ်လို့ဆိုပါတယ်။
ဒါကြောင့် ထောက်ပံ့လှူဒါန်းလိုတဲ့ လူထုက ကိုယ်ဝါသနာပါရာကို ခေါင်းစဉ်တပ်ရွေးချယ်ပြီး ဝါသနာတူ တော်လှန်ရေး ရဲဘော်တွေကို
ကူညီနိုင်မယ်လို့ KNDF ဖယ်ခုံဇုန်က ဆိုပါတယ်။
“Alcoholic တွေအနေနဲ့ ဘ၀တူရဲဘော်တွေကို လှူမလား” လို့ အတည်ပေါက်နဲ့ အရွှန်းဖောက်ရင်း ထောက်ပံ့လှူဒါန်းနိုင်တဲ့ပုံစံကို KNDF
ဖယ်ခုံဇုန်က ရှင်းလင်းပါတယ်။
“ကိုယ်ရဲ့ ဝါသနာကိုပြောရင်းလှူတဲ့အခါ တပ်ရင်းထဲက ဝါသနာတူရဲဘော်တွေကို စကားပါးလို့လည်းရပါတယ်။ အဲ့လိုဆိုရင် သူတို့
ဘယ်လောက် ပျော်မလဲနော။ အလှူရှင်တွေလည်း ဝါသနာတူလေးကို လှူရတော့ ပိုပျော်မှာပဲ” လို့ ဆိုပါတယ်။
ဒုတိယ အစီအစဉ်ကတော့ ချစ်သူအတွက် ၊ မိဘအတွက်၊ သူငယ်ချင်းအတွက် လာလှူရင် သူတို့နာမည်နဲ့ မှတ်တမ်းလွှာပြန်ထုတ်ပေးမှာဖြစ်
လို့ ကိုယ်တိုင်လည်းပျော်၊ ချစ်ရသူတွေလည်းပျော်၊ ရဲဘော်တွေလည်းပျော်တဲ့ “3in1 Donation” အစီအစဉ်ဖြစ်ပါတယ်။
လူထုက ထောက်ပံ့လှူဒါန်းတဲ့ အလှူငွေတွေကိုတော့ ရဲဘော်တွေ ရဲရဲတောက်ဆိုးလို့ရအောင် နှုတ်ခမ်းနီတွေ ဝယ်တဲ့နေရာမှာပဲ သုံးပါမယ်
လို့ နွေဦးဗန်းစကားနဲ့ ပြောဆိုပါတယ်။ Photo; KNDF
Zawgyi
သမားရိုးက် ေထာက္ပံ့လႉဒါန္းတဲ့ ပုံစံက ခြဲထြက္ၿပီး”ဝါသနာတူရင္ လႉ” အစီအစဥ္နဲ႔ “3in1 Donation” အစီအစဥ္ KNDF ဖယ္ခုံဇုန္ စတင္
ေႏြဦးေတာ္လွန္ေရး ရဲေဘာ္ေတြအတြက္ သမားရိုးက် ေထာက္ပံ့လႉဒါန္းတဲ့ပုံစံက ခြဲထြက္ၿပီး “ဝါသနာတူရင္ လႉ” အစီအစဥ္နဲ႔ “3in1 Donation” အစီအစဥ္ကို KNDF ဖယ္ခုံဇုန္က ဒီေန႔ စတင္ေၾကညာပါတယ္။
KNDF တပ္ရင္း (၃) မွာ ဝါသနာအမ်ိဳးမ်ိဳးရွိတဲ့ ရဲေဘာ္ေတြရွိၿပီး အႏုပညာဝါသနာပါသူေတြ၊ ေဘာလုံးအားကစား ဝါသနာပါသူေတြ၊ ဂိမ္းကစားဝါသနာပါသူေတြ၊ KPop Fan ေတြစသျဖင့္ရွိတယ္လို႔ဆိုပါတယ္။
ဒါေၾကာင့္ ေထာက္ပံ့လႉဒါန္းလိုတဲ့ လူထုက ကိုယ္ဝါသနာပါရာကို ေခါင္းစဥ္တပ္ေရြးခ်ယ္ၿပီး ဝါသနာတူ ေတာ္လွန္ေရး ရဲေဘာ္ေတြကို ကူညီနိုင္မယ္လို႔ KNDF ဖယ္ခုံဇုန္က ဆိုပါတယ္။
“Alcoholic ေတြအေနနဲ႔ ဘ၀တူရဲေဘာ္ေတြကို လႉမလား” လို႔ အတည္ေပါက္နဲ႔ အရႊန္းေဖာက္ရင္း ေထာက္ပံ့လႉဒါန္းနိုင္တဲ့ပုံစံကို KNDF ဖယ္ခုံဇုန္က ရွင္းလင္းပါတယ္။
“ကိုယ္ရဲ့ ဝါသနာကိုေျပာရင္းလႉတဲ့အခါ တပ္ရင္းထဲက ဝါသနာတူရဲေဘာ္ေတြကို စကားပါးလို႔လည္းရပါတယ္။ အဲ့လိုဆိုရင္ သူ
တို႔ဘယ္ေလာက္ ေပ်ာ္မလဲေနာ။ အလႉရွင္ေတြလည္း ဝါသနာတူေလးကို လႉရေတာ့ ပိုေပ်ာ္မွာပဲ” လို႔ ဆိုပါတယ္။
ဒုတိယ အစီအစဥ္ကေတာ့ ခ်စ္သူအတြက္ ၊ မိဘအတြက္၊ သူငယ္ခ်င္းအတြက္ လာလႉရင္ သူတို႔နာမည္နဲ႔ မွတ္တမ္းလႊာျပန္ထုတ္ေပးမွာျဖ
စ္လို႔ ကိုယ္တိုင္လည္းေပ်ာ္၊ ခ်စ္ရသူေတြလည္းေပ်ာ္၊ ရဲေဘာ္ေတြလည္းေပ်ာ္တဲ့ “3in1 Donation” အစီအစဥ္ျဖစ္ပါတယ္။
လူထုက ေထာက္ပံ့လႉဒါန္းတဲ့ အလႉေငြေတြကိုေတာ့ ရဲေဘာ္ေတြ ရဲရဲေတာက္ဆိုးလို႔ရေအာင္ ႏႈတ္ခမ္းနီေတြ ဝယ္တဲ့ေနရာမွာပဲ သုံးပါမယ္လို႔ ေႏြဦးဗန္းစကားနဲ႔ ေျပာဆိုပါတယ္။