“ကောင်းကျိုးမပေးပုံက”
ပြည်သူတွေက လိုလားစွာ အခွန်ဆောင်ကြတယ်။တော်လှန်ရေးကာလဖြစ်လို့ အခွန်ဆောင်သူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို
ကာယကံရှင်ရဲ့ ဆန္ဒမပါဘဲ အပြည့်အစုံ ပေးစရာမလိုအောင် လမ်းဖွင့်ပေးထားပါတယ်။
နာမည် အမှန်ဖြစ်စရာမလို၊ မိမိရဲ့ စီးပွားရေးလုပ်ငန်း/ကုမ္ပဏီကို အမှန်အတိုင်း ဖော်ပြစရာမလိုဘဲ အခွန်ဆောင်လို့ရအောင် စီမံပေးထားပါ
တယ်။ဒါပေမယ့် ကျနော်တို့ လူမျိုးရဲ့ နာမည်ပေးပုံက fist name- last name ရယ်လို့ သတ်သတ်မှတ်မှတ်မရှိတဲ့အပြင် ” လူတူမရှား
နာမည်တူမရှား” ဆိုသလို နာမည်တူတွေ သိပ်များတာကိုး။
အထူးသဖြင့် sanction ထိထားတဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေနဲ့ နာမည်တူနေတဲ့ အခွန်ထမ်းပြည်သူတွေမှာ နေရင်းထိုင်ရင်းနဲ့ ငွေလွှဲ
လို့မရတာ၊ အခွန်ဆောင်လို့ မရတာတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။
ဥပမာ စိုးဝင်း ဆိုတဲ့ နာမည်နဲ့ အခွန်ဆောင်တယ် ဆိုပါစို့။
ကာယကံရှင် အခွန်ထမ်း ကိုစိုးဝင်းမှာတော့ တော်လှ န်ရေးအတွက် နာမည်ရင်းကို မကြောက်မရွံ့စွန့်စားဖော်ပြပြီး ပေါ်တင် အခွန်ထမ်းရှာ
တယ်။အခက်အခဲကြားက၊ စိန်ခေါ်မှုများစွာကြားက နိုင်ငံတ ကာမှာရှိတဲ့ NUG ဘဏ်အကောင့်ကို ဖြစ်သလိုနည်းနဲ့ အခွန်ပေးဖို့ ငွေလွှဲ
တယ်။သို့သော် သူ့နာမည်က စစ်အာဏာရှင်အရူးနဲ့ နာမည်တူနေလို့ ဘဏ်ဖက်က လွယ်လင့်တကူ လက်မခံနိုင်တဲ့ ပြဿနာတွေ လှိုင်လှိုင်
တက်နေပါရောလား။ဘဏ်ဖက်က မေးတာက ရှင်းရှင်းလေး။
အခု “စိုးဝင်း” ဆိုတဲ့ နာမည်နဲ့ အခွန်ဆောင်လာတယ်။ ငွေဝင်လာတယ်။
အဲဒီစိုးဝင်းဟာ ” နိုင်ငံတကာက ဝိုင်းပယ်ဖယ်ကျဉ်ထားတဲ့သူနဲ့ နာမည်တူနေတယ်”
ဒါကြောင့် ” စိုးဝင်း ရဲ့ အခွန်ငွေကို ဘဏ်က လက်မခံနိုင်ပါဘူး ” တဲ့။
ကျနော်တို့က အခုငွေလွှဲတဲ့ တာဝန်သိအခွန်ထမ်း ကိုစိုးဝင်းဟာ ဟိုအရူးစိုးဝင်း မဟုတ်ပါဘူးလို့ ဖြေရှင်းချက် ပေးသည့်တိုင်.. မတူကြောင်း
သက်သေပြပါတဲ့။မွေးနေ့မတူကြောင်း သက်သေပြပါ။ မှတ်ပုံတင် နံပါတ်မတူကြောင်း သက်သေပြပါ တဲ့။
ငိုအားထက် ရယ်အားသန် ဆိုသလိုပါပဲ။ကျနော်တို့မှာ အခွန်ထမ်းကိုစိုးဝင်းဆီကို အကျိုးအ ကြောင်း ရှင်းပြပြီး မွေးနေ့မွေးရက်အချိန်ပြန်
တောင်းရပြီး ဖြေရှင်းဆောင်ရွက်နေရပါတယ်။
ကမ္ဘာကလက်မခံတဲ့သူနဲ့ နာမည်တူနေတာနဲ့တင် ထွေလီကာလီ သံသယ အဝင်အခံရ၊ အလုပ်ပိုတွေလုပ်ရပေါ့ဗျာ။
စစ်အာဏာရှင်တွေ ကောင်းကျိုးမပေးပုံများက အဲဒီလိုပါဆို..။
Zawgyi
“ေကာင္းက်ိဳးမေပးပုံက”
ျပည္သူေတြက လိုလားစြာ အခြန္ေဆာင္ၾကတယ္။
ေတာ္လွန္ေရးကာလျဖစ္လို႔ အခြန္ေဆာင္သူရဲ့ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြကို ကာယကံရွင္ရဲ့ ဆႏၵမပါဘဲ အျပည့္အစုံ ေပးစရာမလိုေအာင္ လမ္းဖြင့္ေပးထားပါတယ္။
နာမည္ အမွန္ျဖစ္စရာမလို၊ မိမိရဲ့ စီးပြားေရးလုပ္ငန္း/ကုမၸဏီကို အမွန္အတိုင္း ေဖာ္ျပစရာမလိုဘဲ အခြန္ေဆာင္လို႔ရေအာင္ စီမံေပးထားပါတယ္။
ဒါေပမယ့္ က်ေနာ္တို႔ လူမ်ိဳးရဲ့ နာမည္ေပးပုံက fist name- last name ရယ္လို႔ သတ္သတ္မွတ္မွတ္မရွိတဲ့အျပင္ ” လူတူမရွား နာမည္တူမရွား” ဆိုသလို နာမည္တူေတြ သိပ္မ်ားတာကိုး။
အထူးသျဖင့္ sanction ထိထားတဲ့ အၾကမ္းဖက္စစ္အာဏာရွင္ေတြနဲ႔ နာမည္တူေနတဲ့ အခြန္ထမ္းျပည္သူေတြမွာ ေနရင္းထိုင္ရင္းနဲ႔ ေငြလႊဲလို႔မရတာ၊ အခြန္ေဆာင္လို႔ မရတာေတြ ျဖစ္ေပၚလၽွက္ရွိပါတယ္။
ဥပမာ စိုးဝင္း ဆိုတဲ့ နာမည္နဲ႔ အခြန္ေဆာင္တယ္ ဆိုပါစို႔။
ကာယကံရွင္ အခြန္ထမ္း ကိုစိုးဝင္းမွာေတာ့ ေတာ္လွ န္ေရးအတြက္ နာမည္ရင္းကို မေၾကာက္မရြံ့စြန႔္စားေဖာ္ျပၿပီး ေပၚတင္ အခြန္ထမ္းရွာတယ္။
အခက္အခဲၾကားက၊ စိန္ေခၚမႈမ်ားစြာၾကားက နိုင္ငံတ ကာမွာရွိတဲ့ NUG ဘဏ္အေကာင့္ကို ျဖစ္သလိုနည္းနဲ႔ အခြန္ေပးဖို႔ ေငြလႊဲတယ္။
သို႔ေသာ္ သူ႔နာမည္က စစ္အာဏာရွင္အ႐ူးနဲ႔ နာမည္တူေနလို႔ ဘဏ္ဖက္က လြယ္လင့္တကူ လက္မခံနိုင္တဲ့ ျပႆနာေတြ လွိုင္လွိုင္တက္ေနပါေရာလား။
ဘဏ္ဖက္က ေမးတာက ရွင္းရွင္းေလး။
အခု “စိုးဝင္း” ဆိုတဲ့ နာမည္နဲ႔ အခြန္ေဆာင္လာတယ္။ ေငြဝင္လာတယ္။
အဲဒီစိုးဝင္းဟာ ” နိုင္ငံတကာက ဝိုင္းပယ္ဖယ္က်ဥ္ထားတဲ့သူနဲ႔ နာမည္တူေနတယ္”
ဒါေၾကာင့္ ” စိုးဝင္း ရဲ့ အခြန္ေငြကို ဘဏ္က လက္မခံနိုင္ပါဘူး ” တဲ့။
က်ေနာ္တို႔က အခုေငြလႊဲတဲ့ တာဝန္သိအခြန္ထမ္း ကိုစိုးဝင္းဟာ ဟိုအ႐ူးစိုးဝင္း မဟုတ္ပါဘူးလို႔ ေျဖရွင္းခ်က္ ေပးသည့္တိုင္.. မတူေၾကာင္း သက္ေသျပပါတဲ့။
ေမြးေန႔မတူေၾကာင္း သက္ေသျပပါ။ မွတ္ပုံတင္ နံပါတ္မတူေၾကာင္း သက္ေသျပပါ တဲ့။
ငိုအားထက္ ရယ္အားသန္ ဆိုသလိုပါပဲ။
က်ေနာ္တို႔မွာ အခြန္ထမ္းကိုစိုးဝင္းဆီကို အက်ိဳးအ ေၾကာင္း ရွင္းျပၿပီး ေမြးေန႔ေမြးရက္အခ်ိန္ျပန္ေတာင္းရၿပီး ေျဖရွင္းေဆာင္ရြက္ေနရပါတယ္။
ကမၻာကလက္မခံတဲ့သူနဲ႔ နာမည္တူေနတာနဲ႔တင္ ေထြလီကာလီ သံသယ အဝင္အခံရ၊ အလုပ္ပိုေတြလုပ္ရေပါ့ဗ်ာ။
စစ္အာဏာရွင္ေတြ ေကာင္းက်ိဳးမေပးပုံမ်ားက အဲဒီလိုပါဆို..။