“ပံသကူ အလှူ သတိပေးခြင်း”
မကြာမီ ကာလအတွင်း တန်ဆောင်တိုင်လပြည့်နေ့ ကျရောက်လာတော့မည် ဖြစ်ပါသည်။
တန်ဆောင်တိုင် လပြည့်နေ့ညတွင် ပံသကူ ပစ်ကာ ကုသိုလ်ပြုသည့် ဓလေ့မှာ လွန်စွာ ချစ်စရာကောင်းသလို အလှူခံရော အလှူရှင်ရော
ပီတိဖြစ်ရတဲ့ အလှူဖြစ်ပါသည်။
ယခုကာလသည် ပြည်တွင်းစစ်မက် ဖြစ်ပွါးနေသော ကာလ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ ပံသကူ အလှူများကို အများပြည်သူ မြင်သာ
သော အိတ်အကြည်များဖြင့်သာ ထည့်သွင်း ပစ်ကြဖို့ အတွင်းရှိ ပစ္စည်းမမြင်ရသော အိတ်မဲများ စက္ကူအိတ်များ အခြားသော အတွင်းပစ္စည်း
မမြင်ရသော အရာများနှင့် ထည့်သွင်းကာ ပံသကူ ပစ်ခြင်းမပြုပါရန် အလေးအနက် သတိပေးအပ်ပါသည်။
ပံသကူ ကောက်သော ပြည်သူများအနေဖြင့် အတွင်းရှိ ပစ္စည်းအား ထင်သာ မြင်သာ မရှိပါက အဆိုပါ အထုပ်များကို ကောက်ယူစမ်းသပ်
ခြင်း မပြုပါရန် သတိပေးအပ်ပါသည်။
အကြမ်းဖက်အဖွဲ့ လက်ပါးစေများသည် ပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား အထင်မြင်လွဲအောင်၊ တော်လှန်ရေး ပုံရိပ်
ပျက်ပြားအောင် ပံသကူ ထောင်ချောက် ဆင်ခြင်းများ လုပ်လာနိုင်သည်ကို သတိပြုပါ။
အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင်က ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဟု တချိန်က ဟစ်ကြွေးခဲ့သည်ကို သတိချပ်ပါ။credit;
Zawgyi
မကြာမီ ကာလအတွင်း တန်ဆောင်တိုင်လပြည်နေ့ ကျရောက်လာတော့မည် ဖြစ်ပါသည်။
သာ အိတ်အကြည်များဖြင့်သာ ထည့်သွင်း ပစ်ကြဖို့ အတွင်းရှိ ပစ္စည်းမမြင်ရသော အိတ်မဲများ စက္ကူအိတ်များ အခြားသော အတွင်းပ