ကျွန်တော်တို့က NUG လက်အောက်က PDF တွေပါ။(စာရှည်ပါတယ်။ ဖတ်ရမှာပျင်းရင် ကျော်သွားပါ။)
တစ်ချို့လူတွေ ပြောသလို မှန်ပါတယ်။ကျွန်တော်တို့ တရားဝင် ဖွဲ့စည်းထားတဲ့ PDF တွေဟာ
ကျွန်တော်တို့ ညီအစ်ကိုတွေဖြစ်တဲ့Local PDF တွေလောက် တိုက်ပွဲမဖော်ဆောင်နိုင်သေးသလို
သင်တန်းတွေနဲ့ပဲ အချိန်ကုန်သလို ဖြစ်နေတယ်ဆိုတာကျွန်တော်တို့ သိပါတယ်။
Selfie လေးဆွဲလိုက် Social Media မှာဓာတ်ပုံလေး တင်လိုက်
အပြောပဲရှိပြီး အလုပ်နဲ့ သက်သေမပြနိုင်သေးတဲ့ပုံစံမျိုးဖြစ်နေတာပေါ့။
ကျွန်တော်တို့ NUG လက်အောက်က သွားနေရတဲ့ အတွက် အထက်အဆင့်ဆင့်ရဲ့ အမိန့်ကို
လိုက်နာနေရပါတယ်။ ကျွန်တော်တို့ဟာ အခုချိန်မှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့
တော့်တော့်ကို ခက်နေအုံးမှာပါ။ကျွန်တော်တို့မှာ လက်နက်အင်အား မပြည့်စုံမှု နဲ့
တခြား ပြောလို့မရတဲ့ ကိစ္စတွေ အများကြီး ရှိနေလို့ပါ။ဒီတော့ ကျွန်တော်တို့ဟာ ဒီအချိန်မှာ ခံစစ်အနေအထား
အဖြစ်ပဲ ရှိနေပြီး ကျွန်တော်တို့ နယ်မြေထဲကို ကျုးကျော်ဝင်ရောက်လာမှသာ တိုက်ပွဲ ဖော်ဆောင်နိုင်ပါတယ်။
ကျွန်တော်တို့ NUG လက်အောက်က PDF တွေ အကုန်လုံးကလည်း ဒီအခြေအနေကို လုံးဝသဘောကျပြီး ပျော်နေတဲ့
ရဲဘော် တစ်ယောက်မှ မရှိပါဘူး။ကျွန်တော်တို့တွေ အကုန်လုံး စစ်ခွေးတွေကို
သတ်ချင်လို့ တိုက်ချင်လို့ PDF ထဲကို ရောက်လာတဲ့လူတွေကြီးပဲလေဗျာ။
ဒီလို သင်တန်းတွေကြီးပဲပတ်တက်နေရတဲ့ အခြေအနေမျိုးကို ဘယ်သဘောကျမှာလဲ။
ကျွန်တော်ကိုယ်တိုင်လည်း သင်တန်းတက်နေရတာထက်ရှေ့တန်းခံစစ်ကုန်းမှာနေပြီး စစ်ခွေးတွေ ဝင်လာပြီး
တိုက်ပွဲဖြစ်မယ့် အချိန်ကို စောင့်နေရတာကိုပဲပိုပြီး ပျော်တယ်ဗျ။ ရှေ့တန်းခံစစ်ကုန်းတွေမှာပဲ ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့
ပျော်ပျော်ပါးပါးနေရင်း စစ်ခွေးတွေကို စောင့်သတ်ချင်တယ်။ဒါပေမယ့်ဗျာ ကျွန်တော်တို့ တော်လှန်ရေးကြီး
အောင်မြင်ဖို့က ပျောက်ကျားဗျူဟာကြီးနဲ့ပဲတိုက်နေလို့ မအောင်မြင်နိုင်ဘူးဗျ။ကျွန်တော်တို့ ပျောက်ကျားဗျူဟာကနေနဲ့
သမရိုးကျ မြို့သိမ်းစစ်ပွဲကို ပြောင်းလဲမှကို ရလိမ့်မယ်။ဒါကြောင့် လိုအပ်တဲ့ လက်နက်တွေ နဲ့ အထက်က
အမိန့်ကို မရသေးမချင်း နောက်တစ်ဆင့်သမရိုးကျ စစ်ပွဲကြီးတွေအတွက် လိုအပ်တဲ့ ပြုပြင်မွမ်းမံမှူ
သင်တန်းတွေ ထပ်တက်ပြီး အသင့်ပြင်ဆင်နေရပါတယ်။NUG ကတဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အကုန်လုံး
လုပ်ဆောင်နေတယ်လို့ သိရပါတယ်။စစ်ဘက်ရေးရာတွေဖြစ်တဲ့အတွက် အကုန်ပြောပြဖို့
မလွယ်ကူပေမယ့် ကျွန်တော်တို့ရဲ့ အထူးမွမ်းမံသင်တန်း ခေါင်းစဉ် ၆ ခုလောက်ထဲမှာ
လေကြောင်းနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ အထိပါဝင်ပြီးသမရိုးကျ မြို့သိမ်း နယ်သိမ်း တိုက်ပွဲတွေအတွက်
ပြင်ဆင်နေကြတာကိုတော့ သံသယ မဖြစ်ကြပါနဲ့။ဒါကြောင့် ကျွန်တော် ပြောချင်တာကNUG ကို ဝေဖန်နိုင်ပါတယ်။
ကျွန်တော်တို့ PDF တွေကို ဝေဖန်နိုင်ပါတယ်။စီးပွားရေးတွေ အရမ်းကြပ်တည်းနေတဲ့အတွက်ကျွန်တော်တို့ကို ငွေကြေးအရ ထောက်ပံမှု
တွေမပေးနိုင်ရင်တောင် အဆင်ပြေပါတယ်။ဒါပေမယ့် စစ်ခွေးတွေရဲ့ လက်နက်ဝယ်မယ့် ပိုက်ဆံတွေကို
တားဆီးထားနိုင်မယ့် Black Money Campaign နဲ့စစ်တပ်ရဲ့ ထုတ်ကုန်တွေကို Boycott လုပ် သပိတ်မှောက်မှုတွေမှ
ဖိဖိစီးစီး ကျေးဇူးပြု၍ ပါဝင်ပေးကြပါ။တစ်နေ့ကို အချိန် 30 မိနစ်လောက်ပေးပြီးClick to Donate(C2D) တွေမှာ ကျေးဇူးပြုပြီး
ပါဝင်ပေးကြပါ။ကျွန်တော်ကိုယ်တိုင်လည်း နောက်တစ်ပတ်ကစပြီးမွမ်းမံသင်တန်းတွေ တက်ရတော့မှာ ဖြစ်တဲ့ အတွက်
ဖုန်းသုံးနိုင်တော့မှာ မဟုတ်သလိုC2D ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်တော့မှာ
မဟုတ်ပါဘူး။ C2D လုပ်ဖို့ အခွင့်အရေးရှိသူတွေ အနေနဲ့ဖိဖိစီးစီးလုပ်ဖို့ တိုက်တွန်းလိုပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။ 💪
Zawgyi
ကၽြန္ေတာ္တို႔က NUG လက္ေအာက္က PDF ေတြပါ။(စာရွည္ပါတယ္။ ဖတ္ရမွာပ်င္းရင္ ေက်ာ္သြားပါ။)
တစ္ခ်ိဳ႕လူေတြ ေျပာသလို မွန္ပါတယ္။ကၽြန္ေတာ္တို႔ တရားဝင္ ဖြဲ႕စည္းထားတဲ့ PDF ေတြဟာ
ကၽြန္ေတာ္တို႔ ညီအစ္ကိုေတြျဖစ္တဲ့Local PDF ေတြေလာက္ တိုက္ပြဲမေဖာ္ေဆာင္နိုင္ေသးသလို
သင္တန္းေတြနဲ႔ပဲ အခ်ိန္ကုန္သလို ျဖစ္ေနတယ္ဆိုတာကၽြန္ေတာ္တို႔ သိပါတယ္။
Selfie ေလးဆြဲလိုက္ Social Media မွာဓာတ္ပုံေလး တင္လိုက္
အေျပာပဲရွိၿပီး အလုပ္နဲ႔ သက္ေသမျပနိုင္ေသးတဲ့ပုံစံမ်ိဳးျဖစ္ေနတာေပါ့။
ကၽြန္ေတာ္တို႔ NUG လက္ေအာက္က သြားေနရတဲ့ အတြက္ အထက္အဆင့္ဆင့္ရဲ့ အမိန႔္ကိုလိုက္နာေနရပါတယ္။
ကၽြန္ေတာ္တို႔ဟာ အခုခ်ိန္မွာ တိုက္ပြဲေဖာ္ေဆာင္နိုင္ဖို႔ေတာ့္ေတာ့္ကို ခက္ေနအုံးမွာပါ။ကၽြန္ေတာ္တို႔မွာ လက္နက္အင္အား မျပည့္စုံမႈ နဲ႔တျခား ေျပာလို႔မရတဲ့ ကိစၥေတြ အမ်ားႀကီး ရွိေနလို႔ပါ။
ဒီေတာ့ ကၽြန္ေတာ္တို႔ဟာ ဒီအခ်ိန္မွာ ခံစစ္အေနအထားအျဖစ္ပဲ ရွိေနၿပီး ကၽြန္ေတာ္တို႔ နယ္ေျမထဲကို က်ဳးေက်ာ္ဝင္ေရာက္လာမွသာ တိုက္ပြဲ ေဖာ္ေဆာင္နိုင္ပါတယ္။
ကၽြန္ေတာ္တို႔ NUG လက္ေအာက္က PDF ေတြ အကုန္လုံးကလည္း ဒီအေျခအေနကို လုံးဝသေဘာက်ၿပီး ေပ်ာ္ေနတဲ့
ရဲေဘာ္ တစ္ေယာက္မွ မရွိပါဘူး။
ကၽြန္ေတာ္တို႔ေတြ အကုန္လုံး စစ္ေခြးေတြကိုသတ္ခ်င္လို႔ တိုက္ခ်င္လို႔ PDF ထဲကို ေရာက္လာတဲ့လူေတြႀကီးပဲေလဗ်ာ။
ဒီလို သင္တန္းေတြႀကီးပဲပတ္တက္ေနရတဲ့ အေျခအေနမ်ိဳးကို ဘယ္သေဘာက်မွာလဲ။
ကၽြန္ေတာ္ကိုယ္တိုင္လည္း သင္တန္းတက္ေနရတာထက္ေရွ႕တန္းခံစစ္ကုန္းမွာေနၿပီး စစ္ေခြးေတြ ဝင္လာၿပီး
တိုက္ပြဲျဖစ္မယ့္ အခ်ိန္ကို ေစာင့္ေနရတာကိုပဲပိုၿပီး ေပ်ာ္တယ္ဗ်။
ေရွ႕တန္းခံစစ္ကုန္းေတြမွာပဲ ကိုယ့္ရဲေဘာ္ရဲဘက္ေတြနဲ႔ေပ်ာ္ေပ်ာ္ပါးပါးေနရင္း စစ္ေခြးေတြကို ေစာင့္သတ္ခ်င္တယ္။
ဒါေပမယ့္ဗ်ာ ကၽြန္ေတာ္တို႔ ေတာ္လွန္ေရးႀကီးေအာင္ျမင္ဖို႔က ေပ်ာက္က်ားဗ်ဴဟာႀကီးနဲ႔ပဲတိုက္ေနလို႔ မေအာင္ျမင္နိုင္ဘူးဗ်။ကၽြန္ေတာ္တို႔ ေပ်ာက္က်ားဗ်ဴဟာကေနနဲ႔သမရိုးက် ၿမိဳ႕သိမ္းစစ္ပြဲကို ေျပာင္းလဲမွကို ရလိမ့္မယ္။
ဒါေၾကာင့္ လိုအပ္တဲ့ လက္နက္ေတြ နဲ႔ အထက္ကအမိန႔္ကို မရေသးမခ်င္း ေနာက္တစ္ဆင့္သမရိုးက် စစ္ပြဲႀကီးေတြအတြက္ လိုအပ္တဲ့ ျပဳျပင္မြမ္းမံမႉသင္တန္းေတြ ထပ္တက္ၿပီး အသင့္ျပင္ဆင္ေနရပါတယ္။
NUG ကတဲ့ လိုအပ္တဲ့ ျပင္ဆင္မႈေတြ အကုန္လုံးလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။စစ္ဘက္ေရးရာေတြျဖစ္တဲ့အတြက္ အကုန္ေျပာျပဖို႔မလြယ္ကူေပမယ့္
ကၽြန္ေတာ္တို႔ရဲ့ အထူးမြမ္းမံသင္တန္း ေခါင္းစဥ္ ၆ ခုေလာက္ထဲမွာေလေၾကာင္းနဲ႔ ပတ္သတ္တဲ့ သင္တန္းေတြ အထိပါဝင္ၿပီးသမရိုးက် ၿမိဳ႕သိမ္း နယ္သိမ္း တိုက္ပြဲေတြအတြက္
ျပင္ဆင္ေနၾကတာကိုေတာ့ သံသယ မျဖစ္ၾကပါနဲ႔။ဒါေၾကာင့္ ကၽြန္ေတာ္ ေျပာခ်င္တာကNUG ကို ေဝဖန္နိုင္ပါတယ္။
ကၽြန္ေတာ္တို႔ PDF ေတြကို ေဝဖန္နိုင္ပါတယ္။စီးပြားေရးေတြ အရမ္းၾကပ္တည္းေနတဲ့အတြက္ကၽြန္ေတာ္တို႔ကို ေငြေၾကးအရ ေထာက္ပံမႈေတြမေပးနိုင္ရင္ေတာင္ အဆင္ေျပပါတယ္။
ဒါေပမယ့္ စစ္ေခြးေတြရဲ့ လက္နက္ဝယ္မယ့္ ပိုက္ဆံေတြကိုတားဆီးထားနိုင္မယ့္ Black Money Campaign နဲ႔စစ္တပ္ရဲ့ ထုတ္ကုန္ေတြကို Boycott လုပ္ သပိတ္ေမွာက္မႈေတြမွဖိဖိစီးစီး ေက်းဇူးျပဳ၍ ပါဝင္ေပးၾကပါ။
တစ္ေန႔ကို အခ်ိန္ 30 မိနစ္ေလာက္ေပးၿပီးClick to Donate(C2D) ေတြမွာ ေက်းဇူးျပဳၿပီးပါဝင္ေပးၾကပါ။
ကၽြန္ေတာ္ကိုယ္တိုင္လည္း ေနာက္တစ္ပတ္ကစၿပီးမြမ္းမံသင္တန္းေတြ တက္ရေတာ့မွာ ျဖစ္တဲ့ အတြက္ဖုန္းသုံးနိုင္ေတာ့မွာ မဟုတ္သလိုC2D
ကိုလည္း ကိုယ္တိုင္ကိုယ္က် ပါဝင္နိုင္ေတာ့မွာမဟုတ္ပါဘူး။ C2D လုပ္ဖို႔ အခြင့္အေရးရွိသူေတြ အေနနဲ႔ဖိဖိစီးစီးလုပ္ဖို႔ တိုက္တြန္းလိုပါတယ္။
အေရးေတာ္ပုံ မုခ်ေအာင္ရမည္။ 💪