ၾကားသိသမွ်
ကျည်၁၇တောင့်ဖြင့်စစ်ကောင်စီတပ်သားများ၏ ဦးခေါင်းကို Head shot ပစ်ခံရ
မုံရွာမြို့မှာ မြို့ပြပျောက်ကြားတပ်ဖွဲ့လေးဖွဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားလေးဦး Head shotပစ်ခံရ၍ သေဆုံး
နိုဝင်ဘာ၈၊
စစ်ကိုင်းတိုင်း၊မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် အကြမ်းဖက်စစ်ကောင်စီတပ်များတပ်စွဲထားသည့် ဆည်မြောင်းရုံးကို ဒီကနေ့မနက်၁၀နာရီ
ဝန်းကျင်ခန့်က မြို့ပြပျောက်ကြားအဖွဲ့လေးဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ RNAမှသိရှိရသည်။
အဆိုပါတိုက်ခိုက်မှုမှာ PDF-South Monywa,Monywa Heroes Group,Monywa UG Group နှင့် Monywa Night King တို့မှ
ပူးပေါင်းတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သားလေးဦး သေဆုံးတယ်လို့ သိရသည်။
ပစ်ခတ်မှုဖြစ်ပွါးချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ကျည်၁၇တောင့်ပဲကုန်ဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ ဦးခေါင်းကို
Head shot ပစ်ခံရ၍သေဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ထိခိုက်မှု(မစိုးရိမ်ရ)အနည်းငယ်သာရှိခဲ့သည်ဟု သိရပါတယ်။
တဆက်တည်းမှာပဲ ဖောက်ခွဲရေးအတွက် Monywa UG Group က တာဝန်ယူကူညီပေးခဲ့ပြီး Monywa Night King အဖွဲ့ကတော့
ဗျူဟာအနေအထားစောင့်ကြည့်ကူညီ ပါဝင်အားဖြည့်ခဲ့သည်ဟု သိရှိရပါတယ်။ Source;RNA
Zawgyi
နိုဝင်ဘာ၈၊