ၾကားသိသမွ်

မင်းတပ်-မတူပီလမ်း ငါးရက်​မြောက်တိုက်ပွဲ

မင်းတပ်-မတူပီလမ်း ငါးရက်​မြောက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ၁၈ဦး​​ခန့်သေ၊ ​ဒေသခံများ၏ နွား​နောက်နှင့် ​နေအိမ်များမီးရှို့

ဖျက်ဆီး၍ ရွာသားများပါပူး​ပေါင်းတိုက်ခိုက်ဟု မင်းတပ်CDF ထုတ်ပြန်

မင်းတပ်-မတူပီလမ်းတွင် ငါးရက်‌မြောက်အဖြစ် ‌တိုက်ပွဲများဆက်လက်ဖြစ်ပွားရာ ယမန်​နေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၈ဦး​

သေဆုံးပြီး အများအပြားဒဏ်ရာရရှိ​ကြောင်း မင်းတပ် CDFက ယမန်​နေ့ညသန်း​ခေါင်ယံတွင် ထုတ်ပြန်သည်။

ယမန်​နေ့ (နိုဝင်ဘာ ၇ရက်)က မိုင်တိုင် (၂၆)ဝန်းကျင်တွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ မင်းတပ် CDFနှင့် ယာဉ်တန်းဖြင့် ရှေ့ကင်းထွက်

လာသော စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။ မင်းတပ် CDF ၏ ဆီးကြိုတိုက်ခိုက်မှုကြောင့် ရှေ့ကင်းထွက်လာသော စစ်​

ကောင်စီတပ်သား ၁၀ ဦးလုံး ကတ္တရာလမ်းပေါ်၌ ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ထို့နောက် စစ်​ကောင်စီယာဉ်တန်းမှ လက်နက်ကြီးများ၊ သံချပ်ကာများ၊ စက်သေနတ်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်သောကြောင့်

လက်နက်များကောက်ယူရန် မဖြစ်နိုင်ခဲ့​ကြောင်း အသိ​ပေးထားသည်။ မင်းတပ်CDF ဘက်မှ ပေါင်ကျည်ထိဒဏ်ရာရသူ တစ်ဦးရှိပြီး မစိုးရိမ်

ရဟု ထပ်မံအသိ​ပေးထားသည်။

ထို့အပြင် ယမန်​နေ နေ့လည် ၂ နာရီခွဲခန့်ကလည်း ​နောက်ထပ် ထပ်မံလိုက်လာသော စစ်ကောက်စီယာဥ်တန်းအား မင်းတပ် CDF ရဲဘော်

များက မိုင်တိုင် (၂၅)ဝန်းကျင်တွင် အနီးကပ် ဝင်တိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၂ နာရီ နီးပါး ကြာမြင့်ခဲ့ရာ CDF၏ လက်နက်ကြီးပစ်ခတ်မှု

ကြောင့် စစ်​​ကောင်စီတပ်သားအများအပြား ဒဏ်ရာရခဲ့ပြီး ရှစ်ဦးခန့် ကျဆုံးမည်ဟု ခန့်မှန်းရ​ကြောင်း ထုတ်ပြန်သည်။

CDFမှ ဒဏ်ရာရသူ တစ်ဦးမှ မရှိဘဲ ပြန်ဆုတ်လာခဲ့သည်ဟုလည်း အသိ​ပေးထားသည်။

(၃၁) မိုင်ဝန်းကျင်တွင်လည်း လမ်းဘေးတွင် စစ်​ကောင်စီလက်​အောက်ခံ ‌ရဲသားတစ်ဦး၏အလောင်းကို မြုပ်ထားသည်ကို တွေ့ရပြီး တိုက်ပွဲ

ယာဉ်တန်းတွင် စစ်သားများသာမက ရဲသားများ၊ မီးသတ်များ လည်း ပါလာသည်ဟု ယူဆရသည်​ဖော်ပြထားသည်။

ထို့အပြင် နိုဝင်ဘာ၆ရက် နံနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် မိုင်တိုင်(၃၁)သို့ ရောက်လာသော စစ်​ကောင်စီယာဉ်တန်းနှင့် CDFတို့ တိုက်ပွဲဖြစ်

ခဲ့​သေးသည်။ယင်းတိုက်ပွဲတွင် ဒေသခံရွာသားများနှင့် CDFတို့ပူးပေါင်းပြီး ကားလမ်းဘေး ရေနုတ်မြောင်ကြား၊ သစ်ပင်ပေါ်များတွင် နေရာ

ယူပြီး ယာဉ်တန်းကို တူမီးများနှင့် အနီးကပ် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ရှစ်ဦးခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ စစ်​ကောင်စီတပ်များ လွန်ခဲ့သောအပတ်က

စ၍ မတူပီသို့ အလာလမ်းတွင် ရွာသားများ၏ နွားနောက်များ သတ်စားခြင်း၊ အိုးအိမ်ပစ္စည်းအမျိုးမျိုးကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံ

ရွာသားများက တက်တက်ကြွကြွပါဝင် တိုက်ခိုက်ကြခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။