ၾကားသိသမွ်

မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှု့တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက အတည်ပြုလက်ခံပြီး သတင်းထုတ်ပြန်လိုက်ပြီ

မြန်မာ့အရေးကို ဆုံးဖြတ်ချက်ချလာနိုင်တဲ့ ကုလသမဂ္ဂ

မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက အတည်ပြုလက်ခံပြီး သတင်းထုတ်ပြန်လိုက်ပါတယ် ။

ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့အကြောင်းကို သက်သေတွေနဲ့ တင်ပြခဲ့သူကတော့ မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ရဲ့ ခေါင်းဆောင် Nicholas Koumjilan ပါ ။ ဒီသတင်းကို ကုလသမဂ္ဂ သတင်းဌာနကနေ ထုတ်ပြန်လိုက်တာပါ ။…

သတင်းကတော့ ….၊
မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းမှာ ကျူးလွန်နေတဲ့ အဆိုးရွားဆုံး နိုင်ငံတကာ

ရာဇဝတ်မှု့ ကျူးလွန်ခြင်းနှင့် ချိူးဖောက်ခြင်းအတွက် သက်သေ အထောက်အထားတွေကို သိမ်းယူပြီး ခွဲခြမ်းစိတ်ဖြာဖို့ သတင်းထောက်လှမ်းမှု့ တာဝန်တွေကို အဆင့်မြှင့်တင်ခဲ့ပါတယ် ။…

ဒီယန္တရားဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က တည်ထောင်ခဲ့တာပါ ။ အမျိုးသားဒေသဆိုင်ရာနဲ့ နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲဆိုဖို့ လွယ်ကူအောင် သတင်းအချက်အလက်တွေ ရှာဖွေ ၊ စုဆောင်းတဲ့ ကုလအသိအမှတ်ပြု အဖွဲ့ကြီးပါ ။….

ပဏာမ အေထာက္အထား…
အဆိုပါယန္တရားဟာ ဖေဖော်ဝါရီ အာဏာသိမ်းပြီးစ အချိန်ကတည်းကစပြီး ဆက်သွယ်မှု့ ၂ သိန်းကျော် လက်ခံရရှိခဲ့ပါတယ် ။ ဓာတ်ပုံ ၊ ဗွီဒီယို ၊ သက်သေခံချက်နဲ့ ဆိုရှယ်မီဒီယာပေါ်က အထောက်အထား ၁.၅ သန်းကျော်ကို စုဆောင်းထားတာပါ ။

” အရပ်သားတွေအပေါ်မှာ မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို ကျယ်ကျဝ်ပြန့်ပြန့် ၊ စနစ်တကျ ၊ တိုက်ခိုက်နေတဲ့ ပဏာမအထောက်အထားတွေကို ကြည့်ရတာဟာ ကျွန်တော့်အတွက် တော်တော်လေးကို စိတ်ထိခိုက်ရပါတယ် ” ။…

” ဒါ့ကြောင့် ၊ ဒီ ပဏာမ သက်သေအထောက်အထားတွေကို စီစစ်နေပါတယ် ။ ဒါက ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးပါတယ် ။

မြန်မာနိုင်ငံအတွင်းက လူတွေဆီကနေ ဆက်သွယ်မှု့ အမြားအပြား လက်ခံထားရတဲ့အတွက် တာဝန်ခံမှု့ အမျိူးအစားတွေကို ပြီးမြောက်အောင် ဆောင်ရွက်ပေးရမှာပါ ။ “လို့ Koumjian က ပြောခဲ့တာပါ ။…

အကြမ်းဖက်မှု့ပုံစံများ…
” စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ဝင်တွေဟာ မြန်မာ နိုင်ငံထဲကို ဝင်လို့မရသေးပါဘူး ။ အရပ်သားတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ဒီအဖွဲ့က မှတ်သားထားပါတယ် ။ “

” အာဏာသိမ်းပြီးစ ပထမ ခြောက်ပတ်အတွင်းမှာ မြန်မာစစ်တပ်ဟာ ဆန္ဒပြပြည်သူတွေအပေါ် အတိုင်းအတာတစ်ခုအထိ တုံ့ပြန်ခဲ့ပါတယ် ။ “….

” သို့ပေမယ့် ၊ နောက်ပိုင်းမှာ ဆန္ဒပြပြည်သူတွေကို ဖိနှိပ်ဖို့ ပိုမိုကြမ်းတမ်းတဲ့ နည်းလမ်းတွေ သုံးလာပြီး ၊ အဓိကရုဏ်း နှိမ်နင်းတာနဲ့ မတူတော့ပဲ ရန်သူသဖွယ် တိုက်ခိုက်လာပါတယ် ။ ဒါဟာ အကြမ်းဖက်မှု့ကို ဦးတည်လိုက်တာပါ ။

အခုအချိန်မှာ ခုခံနေတာဟာ ယုတ္တိတန်တယ်လို့ ကောက်ချက်ချပါတယ် ။”” ဒါ့အပြင် ၊ ဂျာနယ်လစ်တွေ ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ နိုင်ငံရေးအတိုက်အခံအဖွဲ့တွေဟာ ဥပဒေလုပ်င န်းစဉ်အရမဟုတ်ပဲ ဖမ်းဆီးခံနေကြရပါတယ် ။ “…

စိန်ခေါ်မှု့ အသစ်များ…
” စစ်တပ်အာဏာသိမ်းမှု့နဲ့ နောက်ဆက်တွဲပြဿနာတွေဟာ ကျွန်တော်တို့ရဲ့ ယန္တရားအတွက် စိန်ခေါ်မှု့အသစ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။”” ကျွန်တော်တို့ရဲ့ မြန်မာ နိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တ ရားအဖွဲ့ဟာ ရိုဟင်ဂျာအရေးကို စုံစမ်းနေခဲ့တာပါ ။

ဖေဖော်ဝါရီမှာ အာဏာသိမ်းတော့ ၊ နိုင်ငံတကာ ခုံရုံးကို တင်ရမယ့် ကိစ္စမဟုတ်တဲ့အတွက် ၊ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့် တာဝန် မဟုတ်ပါဘူးလို့ ကြေငြာခဲ့ပါတယ် ။….

ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ငန်းတာဝန်က နိုင်ငံတကာ ရဇဝတ်မှု့တွေ ကျူးလွန်နေပြီး ၊ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်သူတွေကို ခုံရုံးတင်နိုင်ဖို့ သက် သေခိုင်လုံစွာ တင်ပြပေးတဲ့အဖွဲ့ပါ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာ ၊ ခေါင်းဆောင်အပြောင်းအလဲ ၊

ရွေးကောက်ပွဲ မသမာမှု့တွေဟာ ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှု့ မဟုတ်တဲ့အတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်း တာဝန် မဟုတ်ပါဘူး “….

” သို့ပေမယ့် ဆန္ဒပြပြည်သူတွေအပေါ် မြန်မာစစ်တပ်က နှိမ်နင်းလာတဲ့ လုပ်ရပ်တွေဟာ တဖြည်းဖြည်း စိုးရိမ်စရာထက် ပိုလာခဲ့ပါတယ် ။

မြန်မာစစ်တပ်ဟာ ရာဇဝတ်မှု့တွေ ကျူးလွန်လာပြီဆိုတာ သမိုင်းသက် သေတွေအရသိရသလို ၊ လတ်တလောမှာလည်း ကျူးလွန်လာပါတယ် ။ဒီအချိန်ကတည်းက စုံစမ်းစစ်ဆေးရေး ယနျွှရားအဖွဲ့ဟာ မြန်မာစစ်တပ် ကျူး လွန်နေတဲ့ ရာဇဝတ်မှု့တွေကို ခုံရုံးတင်နိုင်ဖို့

စုဆောင်း ၊ ခွဲခြမ်းစိတ်ဖျာနေပြီး တင်ပြလိုက်တာပါ “လို့ မြန်မာ နိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တ ရားအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ Nicholas Koumjian က ကုလသမဂ္ဂအဖွဲ့ကြီးထံကို သက်သေအထော က်အထားတွေနဲ့ အသိပေးခဲ့ပါတယ် ။ ယန္တရားအဖွဲ့ရဲ့ တင်ပြမှု့ သက်သေတွေကို ကုလအဖွဲ့ကြီးက အတည်ပြု လက်ခံလိုက်ပါတယ် ။…

( ဒါကတော့ ကုလသမဂ္ဂ သတင်းဌာနက ထုတ်ပြန်တဲ့ သတင်းပါ )ကောင်းပြီ ….၊ ဒါတွေ တင်ပြတော့ ဘာတွေ ဖြစ်လာနိုင်သလဲ ?….
ဒါကတော့ စာဖတ်သူတွေ သိချင်နေတဲ့ မေးခွန်းပါ ။ ထို့အတူပါပဲ ။ စာရေးသူလည်း သိပ်ကို သိချင်မိပါတယ် ။

ဖေဖော်ဝါရီ ၁ ရက်ကတည်းက ကုလအဖွဲ့ထံကို နည်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြီး ၊ မြန်မာ့အရေးကို ကုလက ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ သိချင်နေလို့ ကုလနဲ့ပတ်သက်တဲ့ မြန်မာအရေးသတင်းတွေကို ဦး စားပေး လေ့လာ ၊ အသိပေး ၊ သုံးသပ်ခဲ့ပါတယ် ။

စာဖတ်သူအချို့ရဲ့ မခံချင်စရာ ကွန်မန့်တွေကိုလည်း စာနာစိတ်နဲ့ နားလည်ပေးပြီး ကုလဦးဆောင်တဲ့ သံတမန်နည်းလမ်း သတင်းတွေကို ဆက်လက် အသိပေး ၊ သုံးသပ်ခဲ့တာပါ ။….

ဘာ့ကြောင့်လဲဆိုရင် ၊ လက်နက်ကိုင်နည်းလမ်းက အရေးပါသလို သံတမန်နည်းလမ်းကလည်း အရေးကြီးပါတယ် ။ တော်လှန်ရေးအတွက် အရေးကြီးတဲ့ ကုလအဖွဲ့ ၊ အီးယူအဖွဲ့ ၊ ကွာဒ့်အဖွဲ့နဲ့ အာဆီယံအဖွဲ့တွေဟာ မြန်မာပြည်သူတွေဘက်မှာ သံတမန်နည်းအရ အနိုင် ပေးထားပြီပါပြီ ။

လွန်ခဲ့တဲ့ ၃ လလောက်က ဒီအဖွဲ့ရဲ့ တင်ပြမှု့ကို ကုလအဖွဲ့က လက်ခံခဲ့ပေမယ့် အတည်ပြုချက် မေပးခဲ့ပါဘူး ။ မနေ့က နိုင်ဝင်ဘာ ၅ ရက်နေ့မှာတော့ ကုလအဖွဲ့ကြီးက ယန္တရားအဖွဲ့ရဲ့ တင်ပြချက်တွေကို အတည်ပြုပြီး ကုလသမဂ္ဂသတင်းဌာနကနေ သတင်းထုတ်ပြန်ခဲ့တာပါ ။….

ဒီတော့ ၊ ကုလ ဘာလုပ်မလဲ … ?….
စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးတင်မလား ? R2P သို့မဟုတ် A4P လွှတ်မလား ?

ကုလဆိုင်ရာ မြန်မာသံအမတ်ကို ပါဝါသုံးပြီး မြန်မာပြည်ထဲကို ဝင်ခိုင်းမလား ?တစ်ခုခုကို လုပ်လာလိမ့်မယ်လို့ သုံးသပ်ရပါတယ် ။….

ဘာ့ကြောင့်လဲဆိုရင် ၊ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှု့တွေကို ခုံရုံးတင်ဖို့ အထော က်အထား ရှာဖွေ စုဆောင်းတဲ့ အဖွဲ့ပါ ။ ဒီအဖွဲ့ရဲ့ တင်ပြမှု့ သက်သေတွေကို ကုလက အတည်ပြုလက်ခံပြီး နိုင်ငံတကာသိအောင် သတင်းထုတ်ပြန်လိုက်လို့ပါ ။

လွန်ခဲ့တဲ့ ၂ ရက်ကလည်း လူ့အခွင့်အရေးအဖွဲ့ ၅၂၁ ဖွဲ့က မြန်မာစစ်တပ်ကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ် ။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ GCR2P ဒါရိုက်တာ ဆိုင်မွန်အေဒမ်ကလည်း တောင်းဆိုထားပါတယ် ။ ကုလရဲ့ လှုပ်ရှားမှု့တွေဟာ အပေါ်က အချက် ၃ ချက်ထဲက တစ်ခုခုကို ရွေးတော့မယ်ဆိုတာ မြင်နေရပါပြီ ။…

ဒါဟာ အမြင်အတိုင်း ဖြစ်လာနိုင်တာကို ရှင်းရှင်း လင်းလင်း သုံးသပ်ပေးပါတယ် ။….ဘကြီးအောင် LA