ၾကားသိသမွ်

တပတ်အတွင်း စစ်ကောင်စီ၏ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အလှူခံငွေ(၂)သိန်း(၅)သောင်းကျပ်သာရရှိ

တပတ်အတွင်း စစ်ကောင်စီ၏ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အလှူခံငွေ(၂)သိန်း(၅)သောင်းကျပ်သာရရှိ

အာဏာသိမ်းစစ်ကောင်စီမှ ကိုဗစ်ရောဂါ ကာ ကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေများ ဆက်လက်ကောက်ခံခဲ့ရာ နိုဝင်ဘာလ ပထမ

ပတ် တပတ်တာကာလအတွင်း ကောက်ခံရရှိငွေ မှာ ကျပ် နှစ်သိန်းငါးသောင်းရရှိကြောင်း ၄င်းတို့လက်အောက်ရှိ ကာကွယ်ဆေးရန်ပုံငွေ

စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်‌ကြေညာချက်အရသိရသည်။

ကိုဗစ်ရောဂါကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံ ငွေစာရင်းသို့ နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင် ဘာ လ ၅ ရက်နေ့ထိ ပြည်တွင်း/ပြည်ပ

အလှူရှင်များမှ ထည့်ဝင်လှူ ဒါန်းငွေ ကျပ် သုည ဒသမ ၂၅၀ သန်း ဟု အဆိုပါကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စစ်အာဏာမသိမ်းမီ NLD ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရလက်ထပ် ကိုဗစ်ကာကွယ် ဆေးများဝယ်ယူရန် ပြီးခဲ့သည့် ဇန်နဝါရီ ၆

ရက်နေ့မှစတင်၍ အလှူငွေကောက်ခံခဲ့ရာ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ တပတ်တာကာလအတွင်း ပြည် တွင်း/ပြည်ပအလှူရှင် ၇၂၈ ဦး၏

လှူ ဒါန်းငွေစုစုပေါင်း ကျပ်သန်းပေါင်း ၁ သောင်း ကျော်နှင့် အမေရိကန်ဒေါ်လာ ၂သန်းကျော်ထိ ရရှိခဲ့ကြောင်း အဆိုပါကော်မတီ၏ ထုတ်

ပြန်ချက်စာရင်းများအရသိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အလှူငွေများဆက် လက်ကောက်ခံနေသော်လည်း လှူဒါန်းမည့်

သူ မရှိသလောက်ဖြစ်နေပြီး ၉ လ ကျော်ကာလအ တွင်းယခုကဲ့သို့ ကောက်ခံရရှိမှုနည်းပါနေ ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ ကိုဗစ်ကာကွယ် ဆေးအား ပြည်ပနိုင်ငံများမှအမြဲမပြတ်ဝယ် ယူနေရပါက တိုင်းပြည်မွဲသွားမည်ဖြစ်ပြီး

ပြည် တွင်း၌ တိုင်းရင်းဆေးဖြင့် ကာကွယ်ဆေးနှင့်ကုသဆေး ၂မျိုးလုံး ဖော်စပ်နိုင်ရန်ကြိုးပမ်းသွားရမည်ဟု ပြောကြားထားကြောင်း သိရ

သည်။ Source; KNA

Zawgyi

တပတ္အတြင္း စစ္ေကာင္စီ၏ ကိုဗစ္ကာကြယ္ေဆးဝယ္ယူရန္ အလႉခံေငြ(၂)သိန္း(၅)ေသာင္းက်ပ္သာရရွိ

အာဏာသိမ္းစစ္ေကာင္စီမွ ကိုဗစ္ေရာဂါ ကာ ကြယ္ေဆးဝယ္ယူရန္အတြက္ အလႉေငြမ်ား ဆက္လက္ေကာက္ခံခဲ့ရာ နိုဝင္ဘာလ ပထမပတ္

တပတ္တာကာလအတြင္း ေကာက္ခံရရွိေငြ မွာ က်ပ္ ႏွစ္သိန္းငါးေသာင္းရရွိေၾကာင္း ၄င္းတို႔လက္ေအာက္ရွိ ကာကြယ္ေဆးရန္ပုံေငြစီမံခန္႔ခြဲမႈေကာ္မတီ၏ ထုတ္ျပန္‌ေၾကညာခ်က္အရသိရသည္။

ကိုဗစ္ေရာဂါကာကြယ္ေဆးဝယ္ယူရရွိေရး ရန္ပုံ ေငြစာရင္းသို႔ နိုဝင္ဘာလ ၁ ရက္ေန႔မွ နိုဝင္ ဘာ လ ၅ ရက္ေန႔ထိ ျပည္တြင္း/ျ

ပည္ပ အလႉရွင္မ်ားမွ ထည့္ဝင္လႉ ဒါန္းေငြ က်ပ္ သုည ဒသမ ၂၅၀ သန္း ဟု အဆိုပါေကာ္မတီ၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ၿပ ထားသည္။

စစ္အာဏာမသိမ္းမီ NLD ပါတီ ဦးေဆာင္သည့္ အရပ္သားအစိုးရလက္ထပ္ ကိုဗစ္ကာကြယ္ ေဆးမ်ားဝယ္ယူရန္ ၿပီးခဲ့သည့္ ဇန္နဝါရီ ၆ ရက္ေ

န႔မွစတင္၍ အလႉေငြေကာက္ခံခဲ့ရာ ဇန္နဝါရီလ ၁၂ ရက္ေန႔ထိ တပတ္တာကာလအတြင္း ျပည္ တြင္း/ျပည္ပအလႉရွင္ ၇၂၈ ဦး၏ လႉ

ဒါန္းေငြစုစုေပါင္း က်ပ္သန္းေပါင္း ၁ ေသာင္း ေက်ာ္ႏွင့္ အေမရိကန္ေဒၚလာ ၂သန္းေက်ာ္ထိ ရရွိခဲ့ေၾကာင္း အဆိုပါေကာ္မတီ၏ ထုတ္ျပန္ခ်က္စာရင္းမ်ားအရသိရသည္။

စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီကကိုဗစ္ကာကြယ္ေဆးဝယ္ယူရန္ အလႉေငြမ်ားဆက္ လက္ေကာက္ခံေနေသာ္လည္း လႉဒါန္း

မည့္သူ မရွိသေလာက္ျဖစ္ေနၿပီး ၉ လ ေက်ာ္ကာလအ တြင္းယခုကဲ့သို႔ ေကာက္ခံရရွိမႈနည္းပါေန ေၾကာင္း သိရသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္မွ ကိုဗစ္ကာကြယ္ ေဆးအား ျပည္ပနိုင္ငံမ်ားမွအျမဲမျပတ္ဝယ္ ယူေနရပါက တိုင္းျပည္မြဲသြားမည္ျဖ

စ္ၿပီး ျပည္ တြင္း၌ တိုင္းရင္းေဆးျဖင့္ ကာကြယ္ေဆးႏွင့္ကုသေဆး ၂မ်ိဳးလုံး ေဖာ္စပ္နိုင္ရန္ႀကိဳးပမ္းသြားရမည္ဟု ေျပာၾကားထားေၾကာင္း သိရသည္။ Source; KNA