မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗုံးဖြင့် သတိပေးတိုက်ခိုက်ခံရ
ရန်ကုန်၊ နိုဝင်ဘာ ၆
ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်း အမှတ် (၁၆) ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ရုံးအား ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ညနေ ၆
နာရီ ၄၅ မိနစ်တွင် အဝေးထိန်းဗုံးဖြင့် သတိပေးတိုက်ခိုက်ခဲ့ကြောင်း မက္ခရာတော်လှန်ရေးအင်အားစု ထံမှ သိရသည်။
“စစ်အာဏာရှင်ရဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့ နေရာမှာ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်ရယ်၊ စစ်အာဏာရှင် လက်အောက်ခံတဲ့အတွက်ရယ်
ကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို အဝေးထိန်းဗုံးနဲ့ဖောက်ခွဲခဲ့တာပါ”ဟု မက္ခရာတော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူက မဇ္စျိ
မကို ပြောသည်။
သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်၍ ရုပ်ရှင်အစည်းအရုံး ဆိုင်းဘုတ်ကိုသာ ထိခဲ့ပြီး အခြားထိခိုက်မှုမရှိဟု သိရသည်။
ယမန်နေ့ ဖောက်ခွဲမှုမှာ သတိပေးတိုက်ခိုက်မှုအဆင့်သာဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့်
လည်း အနုပညာရှင်အမည်ခံကာ ပြည်သူနှင့်အတူ ရပ်တည်မှုမရှိဘဲ စီးပွားရှာလုပ်စားနေကြသော လူ၊ အဖွဲ့အစည်းများအား လူမှုရေး
ပြစ်ဒဏ် (Social Punishment)၊ နှင့် ရှောင်ဖယ် သပိတ်မှောက်ခြင်း(Boycott)များ ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်ပေးရန်
မေတ္တာရပ်ခံကြောင်း မက္ခရာတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။
“အနုပညာဆိုတာ လှပယဉ်ကျေးသိမ့်မွေ့တဲ့အမှန်တရားတစ်ခုပါ အဲ့တာကြောင့်သူတို့လိုအမှန်တရားဘက်မှာမရပ်တည်ရဲတဲ့လူတွေနှင့်လုံး
ဝမလိုက်ဖက်တဲ့အရာတစ်ခုလို့ ပြောချင်ပါတယ်ဗျ” ဟုလည်း မက္ခရာတော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
Zawgyi
ရန်ကုန်၊ နိုဝင်ဘာ ၆
ယ်ကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို အဝေးထိန်းဗုံးနဲ့ဖောက်ခွဲခဲ့တာပါ”ဟု မက္ခရာတော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ ဖောက်ခွဲမှုမှာ သတိပေးတိုက်ခိုက်မှုအဆင့်သာဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ ထို့အပြင် ပြည်သူများအေ
နဖြင့်လည်း အနုပညာရှင်အမည်ခံကာ ပြည်သူနှင့်အတူ ရပ်တည်မှုမရှိဘဲ စီးပွားရှာလုပ်စားနေကြသော လူ၊ အဖွဲ့အစည်းများအား လူမှုေ
ရး ပြစ်ဒဏ် (Social Punishment)၊ နှင့် ရှောင်ဖယ် သပိတ်မှောက်ခြင်း(Boycott)များ ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံကြောင်း မက္ခရာတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။
လုံးဝမလိုက်ဖက်တဲ့အရာတစ်ခုလို့ ပြောချင်ပါတယ်ဗျ” ဟုလည်း မက္ခရာတော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။