ကမ္ဘာလုံးဆိုင်ရာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲ မနက်ဖြန် ကျင်းပမယ်
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲကို မနက်ဖြန်(နိုဝင်ဘာ ၇ ရက်)မှာ အွန်လိုင်းကနေ
ကျင်းပဖို့စီစဉ်ထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး (GMSR- GenZ)က သတင်းထုတ်ပြန်ပါတယ်။
အဲဒီအွန်လိုင်းထောက်ခံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ NUG
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက မြန်မာ့အရေး
ကူညီပေးနေတဲ့နိုင်ငံရေးသမားတွေ တက်ရောက်ဆွေး နွေးကြမယ်လို့ဆိုပါတယ်။
ထောက်ခံပွဲကို အွန်လိုင်းကနေ အရင်ဆုံး စာရင်းပေးသွင်း(Register)ပြုလုပ်သူ ၁၀၀၀ တက်ရောက်နိုင်ဖို့ Zoom webinar ကို စီစဉ်ထား
ပြီး စာရင်းပေးသွင်းလို့မမီလိုက်သူများအနေနဲ့လည်း ‘Global Myanmar Spring Revolution – ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး
တော်လှန်ရေး’ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ထောက်ခံပွဲကို မြန်မာစံတော်ချိန် ၈နာရီခွဲမှာ ကျင်းပမှာဖြစ်ပြီး တက်ရောက်ဖို့ စာရင်းပေးသွင်းရမယ့်လင့်ခ်က https://us02web.zoom.us/…/tZIldO6qrzMpHtA4S7tIBrVCsGxyp… ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုဝင်ဘာ ၈ ရက်ဆိုရင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ ၈၃ ရာခိုင် နှုန်းကျော်အနိုင်ရခဲ့တဲ့ အဲဒီရွေးကောက်ပွဲကို အနီးကပ်လေ့လာစောင့်ကြည့်ခဲ့တဲ့ ဥရောပသမဂ္ဂအပါအဝင်၊ ကမ္ဘာ့
နိုင်ငံ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံအသိအမှတ်ပြုထားပါတယ်။
ဒါပေမဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ကျော ထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုး၊ ရွေးကောက်ပွဲမှာ တစ်နေရာမှအနိုင်မရရှိတဲ့
သူတို့ရဲ့နောက်လိုက်ပါတီအချို့ကသာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသာမှုရှိတယ်လို့ စွပ်စွဲနေကြတာဖြစ်ပါတယ်။
Zawgyi
ကမၻာလုံးဆိုင္ရာ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ေထာက္ခံပြဲ မနက္ျဖန္ က်င္းပမယ္
တစ္ကမၻာလုံးအတိုင္းအတာနဲ႔ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲရလဒ္ေထာက္ခံပြဲကို မနက္ျဖန္(နိုဝင္ဘာ ၇ ရက္)မွာ အြန္လိုင္းကေန
က်င္းပဖို႔စီစဥ္ထားတယ္လို႔ ကမၻာလုံးဆိုင္ရာျမန္မာ့ေႏြဦးေတာ္လွန္ေရး (GMSR- GenZ)က သတင္းထုတ္ျပန္ပါတယ္။
အဲဒီအြန္လိုင္းေထာက္ခံပြဲကို အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ယာယီသမၼတ ဒူဝါလရွီးလ၊ CRPH ဥကၠဌ ဦးေအာင္ၾကည္ညြန႔္၊
NUG ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း၊ ၈၈ ေက်ာင္းသားေခါင္းေဆာင္ ဦးမင္းကိုနိုင္၊ တိုင္းရင္း သားေခါင္းေဆာင္ေတြ
နဲ႔ နိုင္ငံတကာက ျမန္မာ့အေရးကူညီေပးေနတဲ့နိုင္ငံေရးသမားေတြ တက္ေရာက္ေဆြး ေႏြးၾကမယ္လို႔ဆိုပါတယ္။
ေထာက္ခံပြဲကို အြန္လိုင္းကေန အရင္ဆုံး စာရင္းေပးသြင္း(Register)ျပဳလုပ္သူ ၁၀၀၀ တက္ေရာက္နိုင္ဖို႔ Zoom webinar ကို စီစဥ္ထားၿ
ပီး စာရင္းေပးသြင္းလို႔မမီလိုက္သူမ်ားအေနနဲ႔လည္း ‘Global Myanmar Spring Revolution – ကမၻာလုံးဆိုင္ရာ ျမန္မာ့ေႏြ
ဦးေတာ္လွန္ေရး’ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေန တိုက္ရိုက္ ၾကည့္ရႈနိုင္မွာျဖစ္ပါတယ္။
ေထာက္ခံပြဲကို ျမန္မာစံေတာ္ခ်ိန္ ၈နာရီခြဲမွာ က်င္းပမွာျဖစ္ၿပီး တက္ေရာက္ဖို႔ စာရင္းေပးသြင္းရမယ့္လင့္ခ္က
https://us02web.zoom.us/…/tZIldO6qrzMpHtA4S7tIBrVCsGxyp… ျဖစ္ပါတယ္။
၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ နိုဝင္ဘာ ၈ ရက္ဆိုရင္ တစ္ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တစ္နိုင္ငံ
လုံးအတိုင္းအတာနဲ႔ ၈၃ ရာခိုင္ ႏႈန္းေက်ာ္အနိုင္ရခဲ့တဲ့ အဲဒီေရြးေကာက္ပြဲကို အနီးကပ္ေလ့လာေစာင့္ၾကည့္ခဲ့တဲ့ ဥေရာပသမ
ဂၢအပါအဝင္၊ ကမၻာ့နိုင္ငံ့ေတြ၊ နိုင္ငံတကာအဖြဲ႕အစည္းေတြက လက္ခံအသိအမွတ္ျပဳထားပါတယ္။
ဒါေပမဲ့ တရားမဝင္အာဏာသိမ္းစစ္တပ္နဲ႔ စစ္တပ္ေက်ာ ေထာက္ေနာက္ခံျပဳပါတီ ျပည္ခိုင္ၿဖိဳး၊ ေရြးေကာက္ပြဲမွာ တစ္ေနရာမွအနိုင္မရရွိ
တဲ့ သူတို႔ရဲ့ေနာက္လိုက္ပါတီအခ်ိဳ႕ကသာ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို မဲမသာမႈရွိတယ္လို႔ စြပ္စြဲေနၾကတာျဖစ္ပါတယ္။