ၾကားသိသမွ်

ယောနယ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ အုပ်စုလိုက် ထွက်စာတင်နေ

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့

အလုပ်ထွက်စာ ပေးပို့ တင်ပြတာဆိုရင် အခုနှစ် ဖေဖော်ဝါရီကစလို့ အခုလ ၅ ရက်အထိ တင်ပြစာ ၂ ရာ ကျော်နဲ့ တင်ပြသူ ၄ ရာဝန်းကျင်ရှိ

သွားပြီလို့ ထီးလင်းနယ်ခံ ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီလို အလုပ်ထွက်စာ တင်ပြတဲ့ ဝန်ထမ်းတွေဟာ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွေအုပ် ဝန်ထမ်းတွေနဲ့ ကျေးလက်

ပညာရေး ကျောင်းဆရာ ဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပြင် မြေစာရင်း ဝန်ထမ်းတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်က အလုပ်ထွက်စာ တင်ပြထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး မြို့နယ် ဦးစီး ရာထူးအဆင့်ရှိတဲ့သူ တစ်

ယောက်ပြောတာက


” ထွက်စာတင်ကြတာ ဟုတ်သင့်သလောက် ဟုတ်တယ် ၊ ၁ ဦးချင်း တင်ပြစာတွေက အတည်ပြုလို့ ရနိုင်ပေမယ့် ၊ အုပ်စုဖွဲ့ပြီး တင်ပြထား

တဲ့စာတွေက ပြန်ပြီး တိုက်ဆိုင် စစ်ဆေးနေရတယ် ၊ လစာထုတ် ငွေကြေးရှင်း ထိုးမြဲလက်မှတ်နဲ့ အခု တင်ပြတဲ့ လက်မှတ်ဟာ ကွဲလွဲနေ

တယ် ၊ ကာယကံရှင်ရဲ့ ထိုးမြဲ လက်မှတ် မဟုတ်တဲ့ အတွက် စိစစ်နေရပါတယ်” လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနက် ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေ ၊ ကျေးလက် စာသင်း

ကျောင်းက ဆရာ ဆရာမတွေနဲ့ မြို့နယ် ဥပဒေရုံးက ဝန်ထမ်းတွေက အလုပ်ထွက်စာ တင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထီးလင်းနယ်ခံ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်း ၊ တွဲဘက် အထက်တန်းပြ ကျောင်းဆရာမ တစ်ယောက်က ပြောပြတာက

” အုပ်စုဖွဲ့ပြီး တကျောင်းလုံးစာ တင်ထားတာ ၊ လက်မှတ်တော့ ကျမသွားမထိုးဖြစ်ဘူး၊ အခုချိန်က ဘက်ပေါင်းစုံ အဖိခံနေရတော့ ဘာမှ

ဆက်ပြောလို့ မဖြစ်ဘူး ” လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်ထွက်စာ တင်ပြထားတဲ့ အလယ်တန်းပြ ကျောင်းဆရာ တစ်ယောက်က ” ဇွန်လ ကျောင်းဖွင့်ရက်နဲ့ ကိုဗစ် တတိယလှိုင်း

ကျောင်းပိတ်ရက် ကြားကာလအတွင်း ရွာဘက်မှာ Non CDM တချို့ အသတ်ခံရတာတွေဖြစ်တယ် ၊ မိသားစု အေးအေးဆေးဆေးရပ်တည်

နေချင်တယ်” လို့ ပြောပါတယ်။

ဂန့်ဂေါခရိုင်မှာ ၊ ဂန့်ဂေါ ၊ ထီးလင်း ၊ ဆော ၃ မြို့နယ်နဲ့ ကျော ၊ ကျောက်ထု မြို့နယ်ခွဲ ၂ ခု အပါအဝင် မြို့နယ် ၅ ခုမှာ ဌာနဆိုင်ရာ ဝန်ထမ်း

တွေ အလုပ်ထွက်စာ တင်ပြနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဂန့်ဂေါ ကလေး ကားလမ်း မွှေ့လယ်ရွာနဲ့ နှမ်းခါးရွာအကြား ရဲလှရွာ လမ်းခွဲအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက် ညနေပိုင်းက လစာထုတ်

ပြန်လာတဲ့ ထွေအုပ် ၊ ပညာရေး နဲ့ ကျန်းမာရေး ဝန်ထမ်း ၅ ယောက် အသတ်ခံရတာ အပါအဝင် အဲ့ဒီ နေ့ရက်ကစလို့ အခုလ ၅ ရက်အထိ ဂ

န့်ဂေါခရိုင်ထဲမှာ လူသတ်မှုဖြစ်စဥ် ၇၀ ကျော်နဲ့ သေဆုံးသူ ၁ ရာ ဝန်းကျင်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။Source;VOM

Zawgyi

မေကြးတိုင္း ဂန္႔ေဂါခရိုင္ ထီးလင္းၿမိဳ႕နယ္မွာ တာဝန္ ထမ္းေဆာင္ေနၾကတဲ့ ဌာနဆိုင္ရာ ဝန္ထမ္းေတြဟာ က်န္းမာေရး

အေၾကာင္းျပခ်က္နဲ႔ အလုပ္ထြက္စာ ေပးပို႔ တင္ျပတာဆိုရင္ အခုႏွစ္ ေဖေဖာ္ဝါရီကစလို႔ အခုလ ၅ ရက္အထိ တင္ျပစာ ၂ ရာ ေက်ာ္နဲ႔ တင္ျပသူ ၄ ရာဝန္းက်င္ရွိသြားၿပီလို႔ ထီးလင္းနယ္ခံ ဝန္ထမ္းတေယာက္က ေျပာပါတယ္။

အဲ့ဒီလို အလုပ္ထြက္စာ တင္ျပတဲ့ ဝန္ထမ္းေတြဟာ ရပ္ကြက္ ၊ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ေထြအုပ္ ဝန္ထမ္းေတြနဲ႔ ေက်းလက္ ပ

ညာေရး ေက်ာင္းဆရာ ဆရာမေတြနဲ႔ က်န္းမာေရး ဝန္ထမ္းေတြအျပင္ ေျမစာရင္း ဝန္ထမ္းတခ်ိဳ႕လည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။

ထီးလင္းၿမိဳ႕နယ္က အလုပ္ထြက္စာ တင္ျပထားတဲ့ ဌာနဆိုင္ရာ ဝန္ထမ္းေတြနဲ႔ ပတ္သက္ၿပီး ၿမိဳ႕နယ္ ဦးစီး ရာထူးအဆင့္ရွိတဲ့သူ တစ္ေယာက္ေျပာတာက

” ထြက္စာတင္ၾကတာ ဟုတ္သင့္သေလာက္ ဟုတ္တယ္ ၊ ၁ ဦးခ်င္း တင္ျပစာေတြက အတည္ျပဳလို႔ ရနိုင္ေပမယ့္ ၊ အုပ္စုဖြဲ႕ၿပီး တင္ျ

ပထားတဲ့စာေတြက ျပန္ၿပီး တိုက္ဆိုင္ စစ္ေဆးေနရတယ္ ၊ လစာထုတ္ ေငြေၾကးရွင္း ထိုးျမဲလက္မွတ္နဲ႔ အခု တင္ျပတဲ့ လက္မွတ္ဟာ ကြဲလြဲေနတယ္ ၊ ကာယကံရွင္ရဲ့ ထိုးျမဲ လက္မွတ္ မဟုတ္တဲ့ အတြက္ စိစစ္ေနရပါတယ္” လို႔ ေျပာပါတယ္။

ထီးလင္းၿမိဳ႕နယ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဌာနဆိုင္ရာ ဝန္ထမ္းေတြအနက္ ၊ ေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမႉးေတြ ၊ ေက်းလက္ စာသင္းေက်ာင္းက ဆရာ ဆရာမေတြနဲ႔ ၿမိဳ႕နယ္ ဥပေဒ႐ုံးက ဝန္ထမ္းေတြက အလုပ္ထြက္စာ တင္ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

ထီးလင္းနယ္ခံ အမည္မေဖာ္လိုတဲ့ ပညာေရးဝန္ထမ္း ၊ တြဲဘက္ အထက္တန္းၿပ ေက်ာင္းဆရာမ တစ္ေယာက္က ေျပာျပတာက

” အုပ္စုဖြဲ႕ၿပီး တေက်ာင္းလုံးစာ တင္ထားတာ ၊ လက္မွတ္ေတာ့ က်မသြားမထိုးျဖစ္ဘူး၊ အခုခ်ိန္က ဘက္ေပါင္းစုံ အဖိခံေနရေတာ့ ဘာမွ ဆက္ေျပာလို႔ မျဖစ္ဘူး ” လို႔ ဆိုပါတယ္။

ဒါ့အျပင္ အလုပ္ထြက္စာ တင္ျပထားတဲ့ အလယ္တန္းၿပ ေက်ာင္းဆရာ တစ္ေယာက္က ” ဇြန္လ ေက်ာင္းဖြင့္ရက္နဲ႔ ကိုဗစ္ တတိယလွိုင္း ေက်ာင္းပိတ္ရက္ ၾကားကာလအတြင္း ရြာဘက္မွာ Non CDM တခ်ိဳ႕ အသတ္ခံရတာေတြျဖစ္တယ္ ၊ မိသားစု ေအးေအးေဆးေဆးရပ္တည္ေနခ်င္တယ္” လို႔ ေျပာပါတယ္။

ဂန္႔ေဂါခရိုင္မွာ ၊ ဂန္႔ေဂါ ၊ ထီးလင္း ၊ ေဆာ ၃ ၿမိဳ႕နယ္နဲ႔ ေက်ာ ၊ ေက်ာက္ထု ၿမိဳ႕နယ္ခြဲ ၂ ခု အပါအဝင္ ၿမိဳ႕နယ္ ၅ ခုမွာ ဌာနဆိုင္ရာ ဝန္ထမ္းေတြ အလုပ္ထြက္စာ တင္ျပေနၾကတာျဖစ္တယ္လို႔ သိရပါတယ္။

ဂန္႔ေဂါ ကေလး ကားလမ္း ေမႊ႕လယ္ရြာနဲ႔ ႏွမ္းခါးရြာအၾကား ရဲလွရြာ လမ္းခြဲအနီးဝန္းက်င္မွာ ၿပီးခဲ့တဲ့ ဇြန္ ၁ ရက္ ညေနပိုင္းက လစာထုတ္ျပန္လာတဲ့ ေထြအုပ္ ၊ ပညာေရး နဲ႔ က်န္းမာေရး ဝန္ထမ္း ၅ ေယာက္ အသတ္ခံရတာ အပါအဝင္ အဲ့ဒီ ေန႔ရက္ကစ

လို႔ အခုလ ၅ ရက္အထိ ဂန္႔ေဂါခရိုင္ထဲမွာ လူသတ္မႈျဖစ္စဥ္ ၇၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁ ရာ ဝန္းက်င္ရွိတယ္လို႔ သတင္းမွတ္တမ္းေတြအရ သိရပါတယ္။ Source;VOM