ၾကားသိသမွ်

ကမ္ဘာ့ရာသီဥတုထိပ်သီးညီလာခံကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ စကော့တလန်၊ ဂလပ်စ်ဂေါမြို့ ကို ရောက်လာပေမဲ့တက်ခွင့်မရ

ကမ္ဘာ့ရာသီဥတုထိပ်သီးညီလာခံကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ခွင့်မရ

ကမ္ဘာ့ရာသီဥတုဆိုင်ရာထိပ်သီးညီလာခံ COP 26 ကို တက်ရောက်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ စကော့တလန်၊ ဂလပ်စ်ဂေါမြို့

ကို ရောက်လာပေမဲ့ ညီလာခံကျင်းပရေး ကော်မတီက အစည်းအဝေး တက်ခွင့်မပေးခဲ့ဘူးလို့ NUG သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်

ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။

ကုလသမဂ္ဂ ရာသီဥတုထိပ်သီးညီလာခံကို အောက်တိုဘာ ၃၁ ကစပြီး နိုဝင်ဘာ ၁၂ ရက်အထိ ယူကေနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ပေးနေတာဖြစ်ပါတယ်။

ဒီညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဏာသိမ်း စစ်ကောင်စီဘက်က အပြိုင်အစီရင်ခံစာတွေတင်ခဲ့ပေမယ့် စစ်

ကောင်စီရဲ့အစီရင်ခံစာကို လက်ခံခဲ့တယ်လို့ သိရပါတယ်။

အခုစစ်ကောင်စီဘက်ကတင်ခဲ့တဲ့အစီရင်ခံစာဟာ အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ကဏ္ဍစုံက ပညာရှင်တွေစုပေါင်းရေးသား

ထားတဲ့အစီရင်ခံစာကို တင်ခဲ့တာဖြစ်ပြီး အစီရင်ခံစာတင်သွင်း ခွင့်ပြုထားတဲ့ Focal Person က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခြင်း

မရှိတဲ့ Non CDM ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့တင်ခွင့်ရခဲ့တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။

အဲဒီညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ခွင့်မရခဲ့တာကြောင့် မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး တင်ပြမယ့် ကမ္ဘာ့ရာသီဥတု

ပြောင်းလဲမှုအပေါ်မှာ နိုင်ငံအလိုက်တာဝန်ယူမှုနဲ့ ပတ်သက်ပြီးရေးဆွဲထားတယ်ဆိုတာကို မတင်ပြနိုင်ဘဲ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ

မှာ ထိခိုက်နိုင်တယ်လို့ သုံးသပ်မှုလည်းရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီညီလာခံကိုတက်ဖို့သွားရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အစည်းအဝေးတက်ခွင့်မရတာနဲ့ပတ်သတ်

ပြီး သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

Zawgyi

ကမၻာ့ရာသီဥတုထိပ္သီးညီလာခံကို စစ္ေကာင္စီကိုယ္စားလွယ္အဖြဲ႕ တက္ခြင့္မရ

ကမၻာ့ရာသီဥတုဆိုင္ရာထိပ္သီးညီလာခံ COP 26 ကို တက္ေရာက္ဖို႔ စစ္ေကာင္စီ ကိုယ္စားလွယ္အဖြဲ႕ဟာ စေကာ့တလန္၊ ဂလပ္စ္ေဂါၿ

မိဳ႕ကို ေရာက္လာေပမဲ့ ညီလာခံက်င္းပေရး ေကာ္မတီက အစည္းအေဝး တက္ခြင့္မေပးခဲ့ဘူးလို႔ NUG သယံဇာတနဲ႔သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ေဒါက္တာတူးေခါင္က ေျပာပါတယ္။

ကုလသမဂၢ ရာသီဥတုထိပ္သီးညီလာခံကို ေအာက္တိုဘာ ၃၁ ကစၿပီး နိုဝင္ဘာ ၁၂ ရက္အထိ ယူေကနိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေပးေနတာျဖစ္ပါတယ္။

ဒီညီလာခံကို အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) နဲ႔ အာဏာသိမ္း စစ္ေကာင္စီဘက္က အၿပိဳင္အစီရင္ခံစာေတြတင္ခဲ့ေပမယ့္ စစ္ေကာင္စီရဲ့အစီရင္ခံစာကို လက္ခံခဲ့တယ္လို႔ သိရပါတယ္။

အခုစစ္ေကာင္စီဘက္ကတင္ခဲ့တဲ့အစီရင္ခံစာဟာ အန္အယ္လ္ဒီအစိုးရလက္ထက္ကတည္းက က႑စုံက ပညာရွင္ေတြစုေပါင္းေရးသားထားတဲ့အစီရ

င္ခံစာကို တင္ခဲ့တာျဖစ္ၿပီး အစီရင္ခံစာတင္သြင္း ခြင့္ျပဳထားတဲ့ Focal Person က အာဏာဖီဆန္ေရးလႈပ္ရွားမႈမွာ ပါဝင္ျခင္းမရွိတဲ့

Non CDM ျဖစ္တာေၾကာင့္ စစ္ေကာင္စီအေနနဲ႔တင္ခြင့္ရခဲ့တာလို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာတူးေခါင္က ေျပာပါတယ္။

အဲဒီညီလာခံမွာ ျမန္မာနိုင္ငံကိုယ္စားျပဳအေနနဲ႔ တက္ခြင့္မရခဲ့တာေၾကာင့္ ျမန္မာနိုင္ငံနဲ႔ပတ္သတ္ၿပီး တင္ျပမယ့္ ကမၻာ့

ရာသီဥတု ေျပာင္းလဲမႈအေပၚမွာ နိုင္ငံအလိုက္တာဝန္ယူမႈနဲ႔ ပတ္သက္ၿပီးေရးဆြဲထားတယ္ဆိုတာကို မတင္ျပနိုင္ဘဲ နိုင္ငံတကာရဲ့ ရင္းႏွီးျမႇုပ္ႏွံမႈေတြမွာ ထိခိုက္နိုင္တယ္လို႔ သုံးသပ္မႈလည္းရွိပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ အဲဒီညီလာခံကိုတက္ဖို႔သြားေရာက္ခဲ့တဲ့ ကိုယ္စားလွယ္အဖြဲ႕အေနနဲ႔ အစည္းအေဝးတက္ခြင့္မရတာနဲ႔ပတ္သတ္ၿပီး သတင္းထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။