အဆုံးမှာကွယ် ငိုပွဲကို နွှဲခဲ့ရပါတယ်
စကော့တလန်နိုင်ငံ၊ ဂလပ်စဂေါ အပြည်ပြည်ဆိုင်ရာလေဆိပ်။
လေဆိပ်သို့ ထိုးဆိုက်လာသော အမ်မရိတ်လေကြောင်းပိုင် လေယာဉ်ကြီးပေါ်မှ ခရီးသည်အားလုံးနီးပါး ဆင်းသွားပြီးချိန် တွင် ကျီးကြည့်ကြောင်ကြည့် အူကြောင်ကြောင် ဆင်းလာသော ပုဂ္ဂိလ်ငါးဦးကို မြင်ရ၏။
ကြိုသူမရှိသောကြောင့် သူတို့အဖွဲ့ဝင် အချင်းချင်း ခေါင်းချင်း ရိုက် တိုင်ပင်နေကြသည်။
“ဟေ့လူ ခင်ဗျားက လည်ပင်းတယမ်းယမ်းနဲ့ ဘာဖြစ်နေတာ တုန်း”
“ကြောင်ရှာသီးကြီးဆွဲထားရတာ လည်ပင်းယားလို့ပါဟ”
“ခင်ဗျား လည်ပင်းမယားနဲ့ ဖင်လည်းယားနေနဲ့ အစည်းအဝေး အချိန်မီဖို့ အရေးကြီးတယ်။ လာကြိုတဲ့သူ မရှိတဲ့အတူတူ တက္ကစီငှားကြစို့”
ထို့နောက်မလှမ်းမကမ်းတွင်ရပ်ထားသော တက္ကစီတစ်စီးဆီသို့ စစ်တပ်စတိုင် ဘယ်ညာချီလျက် သွားကြကုန်၏။
“ဟယ်လို တက္ကစီ ဝီဝမ့်တူ ဂိုးတူ ညီလာခံ”
“ အိုင် ဒုန့်နိုး ဝှတ်အစ် ညီလာခံ ” “ညီလာခံအစ် သဘာဝပတ်ဝန်းကျင် ညီလာခံ”
အတိုချုပ်ရလျှင် အဆိုပါ အဖွဲ့ဝင်တို့၏ ထက်မြက်လှသော အီးစကေးကြောင့် အတော်ကြာ မုန့်လုံး စက္ကူ ကပ်နေရာမှ အဖွဲ့ဝင် တစ်ဦးက တစ်စုံတစ်ခုကို သတိရဟန်ဖြင့်
အစည်း အဝေးဖိတ်စာကို တက္ကစီယာဉ် မောင်းအား ထုတ်ပြပါမှ ညီလာ ခံကျင်းပရာ အဆောက်အဦးဆီသို့ ဒုတ်ဒုတ်ထိ ဆိုက်ရောက် ကြလေ၏။
အဆိုပါ အဖွဲ့ဝင်တို့သည် ကားပေါ်မှ နောက်မှကျားလိုက်သလို ကသောမမျော ပြေးဆင်းကြရင်း ညီလာခံ ခန်းမအဝင်ဝသို့ ချွေးတဒီးဒီးကျလျက် ရောက်လေ၏။
ခန်းမအတွင်းသို့ ပြေးဝင် မည် အပြုတွင် အစောင့် ရဲသုံးဦးက သူတို့၏ရင်ဘတ်ကို ဆီး တွန်းရင်း ဝင်ခွင့်လက်မှတ်လုပ်ရန် စားပွဲတစ်ခုဆီသို့ လက်ညှိုး ထိုး လမ်းညွှန်လိုက်၏။
သူတို့သည် ညီလာခံဖိတ်စာနှင့်တကွ အဖွဲ့ဝင်စာရင်းကို စကော့ တလန် စစ်ဆေးရေးအရာရှိ၏ လက်ဝယ်သို့ ဖိနပ်သံစူးသည့် မြောက်ကြွကြွအိုက်တင်ဖြင့် ပေးအပ်လိုက်တွင် စစ်ဆေးရေး အရာရှိသည် ခေါင်းကို တွင် တွင်ယမ်းလိုက်ရင်း…..၊
“ဝမ်းနည်းပါတယ်ဗျာ။ ခင်ဗျားတို့ ဒီအစည်းအဝေးကို တက်ခွင့် မရတော့ပါဘူး” “ဗျာ”
ထို”ဗျာ”မှာ အဖွဲ့ဝင် ငါးယောက်စလုံးမှ ကျယ်လောင်စွာ ထွက် ပေါ်လာခြင်းဖြစ်၏။ ခဏမျှကြာမှ အတန်ငယ်စွာဟန် ရှိသော အဖွဲ့ဝင်တစ်ဦးကို စစ်ဆေးရေးအရာရှိအား မေးခွန်းထုတ်လိုက် သည်။
“ဘာလို့ တက်ခွင့်မရတာလည်းဗျ။ ကျုပ်တို့မှာ ဖိတ်စာလည်း ရှိတယ်။ ကြိုတင်တင်ပြထားတဲ့ အစီရင်ခံ စာလည်း ရှိတယ် လေ”
“ဝမ်းနည်းပါတယ်။ အခု တက်ခွင့်ပိတ်လိုက်တာဟာ အဲဒီ အစီ ရင်ခံစာကြောင့်ပါပဲ”
“ကျွန်တော်နားမလည်ဘူးဗျာ” “အဲဒီကိစ္စက ရှင်းရှင်းလေးပါဗျာ။ ခင်ဗျားတို့ ကြိုတင်ထားတဲ့ အစီရင်ခံစာကို တာဝန်ရှိသူတွေက သေချာ စစ်ဆေးကြည့် လိုက်တော့ ခင်ဗျားတို့ကိုယ်တိုင် ရေးထားတာ မဟုတ်ဘဲ
အရင်ဒီမိုကရေစီအစိုးရလက် ထက်က ကျွမ်းကျင်သူတွေ ရေး ထားတာ ဖြစ်နေပါတယ်။ ခင်ဗျားတို့ ကံဆိုးရင် လိမ်လည်မှုနဲ့ အချုပ်ထဲတောင် ထည့်လို့ရပါတယ်”
ဤတွင် အဆိုပါနိုင်ငံကိုယ်စားပြုအဖွဲ့ဝင်အားလုံးသည် ကြက်ကို လည်လိမ်ထားသကဲ့သို့ ကျောက်စရစ်တော မာခေါင်ခေါင် အတောင်ကျွတ်သောလဒတို့ ရေ ရှာ၍ မရသကဲ့သို့ ခေါင်းငိုက် စိုက်ချလျက် ညီလာခံခန်းမဆီမှ အောင် မြင်စွာ ဆုတ်ခွာခဲ့ ကြ၏။
ယင်းအဖွဲ့မှ ခေါင်းဆောင်ဖြစ်ဟန်တူသော ပုဂ္ဂိုလ်သည် မျက်ရည်တစမ်းစမ်းနှင့် ငြီးညူလေ၏။
“ဒုက္ခပါပဲကွာ။ ငါတို့ အဓိပတိကြီးကို ဘယ်လို ရှင်းပြရပါမှာလိမ့်”
ထိုအခါ ကျန်အဖွဲ့ဝင်တို့၏ တညီတညွတ်တည်း တုန့်ပြန်ချက်ကား………..၊ “ လာပါဗျာ။ စကော့တလန်ရောက်တုန်း နာမည်ကြီး စကော့ တလန် အရက်တွေသောက်ဖူးတယ် ရှိအောင် အဝသောက်ပြီး နိုက်ကလပ်မှာ ဒန့်စ် ကြတာပေါ့။
အဓိပတိကြီးကို လိမ်ရတာ လွယ်ပါတယ်ဗျ။သူက အမှန်အတိုင်းပြောရင်သာ မကြိုက်တာ၊ လိမ်ရင် သိပ်သဘောကျတယ်”
ကမ္ဘာ့ရာသီဥတုထိပ်သီးညီလာခံကို စစ်ကောင်စီကိုယ်စားလှယ် အဖွဲ့ တက်ခွင့်မရ
DVB
ကမ္ဘာ့ရာသီဥတုဆိုင်ရာထိပ်သီးညီလာခံ COP 26 ကို တက်ရောက်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ စကော့တလန်၊ ဂလပ်စ်ဂေါမြို့
ကို ရောက်လာပေမဲ့ ညီလာခံကျင်းပရေး ကော်မတီက အစည်းအဝေး တက်ခွင့်မပေးခဲ့ဘူးလို့ NUG သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။