ရန်ကုန်တွင် ယနေ့ ဗုံးများ ဆက်တိုက်ပေါက်ကွဲနေ၊ ပြည်လမ်းKBZ ဘဏ်အနီးနှင့် မင်းဓမ္မလမ်း KBZ ATM တွင် ဗုံး ၂ ကြိမ်ပေါက်
5 November 2021
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နှင့်ကမာရွတ်မြို့နယ်တွင် ယနေ့ ဗုံးများ ဆက်တိုက်ပေါက်ကွဲနေပြီး ကမာရွတ်မြို့နယ်၊ ပြည်လမ်း KBZ
ဘဏ်ရှေ့ ဝန်းကျင်နှင့် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ KBZ ATM တွင် နှစ်ကြိမ် ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။
ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်၊ မာလာဆောင်ရှေ့ KBZ ဘဏ်ရုံးချုပ်အနီး ယနေ့နံနက် ၉ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့
ကြောင်း သိရှိရသည်။
“ပြည်လမ်းရှေ့ KBZ ဘဏ်နားမှာ ပေါက်တာက အသံအရမ်းကျယ်တယ်။ လူထိတာမရှိဘူး။ ဘဏ်နားကို ကပ်ပြီး ဗုံးဖောက်တာ။ ရဲနဲ့
စစ်သားတွေ ရောက်လာပြီး ဘဏ်ဘက်အခြမ်းက လမ်းကိုပိတ်ပြီး စစ်တာတွေ လုပ်တယ်။ အခုတော့ ပြန်ဖွင့်လိုက်ပါပြီ” ဟု ကမာရွတ်
ဒေသခံတစ်ဦးက ပြောသည်။
အလားတူ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာဝင်းအတွင်းရှိ KBZ ATM ကိုလည်း ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဗုံး
ပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရသည်။
“ATM စက်ကတော့အတော်ပျက်စီးသွားတယ်။ လူထိတာမရှိဘူး။ အခုတော့ စစ်ဆေးနေတာတွေ့တယ်။ CCTV လိုက်တောင်းနေတယ်
ကြားတယ်” ဟု မင်းဓမ္မလမ်းအနီးမှ ပြည်သူတစ်ဦးက ဆိုသည်။
Zawgyi
ရန္ကုန္တြင္ ယေန႔ ဗုံးမ်ား ဆက္တိုက္ေပါက္ကြဲေန၊ ျပည္လမ္းKBZ ဘဏ္အနီးႏွင့္ မင္းဓမၼလမ္း KBZ ATM တြင္ ဗုံး ၂ ႀကိမ္ေပါက္
5 November 2021
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္ႏွင့္ကမာရြတ္ၿမိဳ႕နယ္တြင္ ယေန႔ ဗုံးမ်ား ဆက္တိုက္ေပါက္ကြဲေနၿပီး ကမာရြတ္ၿမိဳ႕နယ္၊ ျပည္လမ္း
KBZ ဘဏ္ေရွ႕ ဝန္းက်င္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္၊ မင္းဓမၼလမ္းရွိ KBZ ATM တြင္ ႏွစ္ႀကိမ္ ဗုံးေပါက္ကြဲေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
ကမာရြတ္ၿမိဳ႕နယ္၊ ရန္ကုန္တကၠသိုလ္၊ မာလာေဆာင္ေရွ႕ KBZ ဘဏ္႐ုံးခ်ဳပ္အနီး ယေန႔နံနက္ ၉ နာရီ ဝန္းက်င္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။
“ျပည္လမ္းေရွ႕ KBZ ဘဏ္နားမွာ ေပါက္တာက အသံအရမ္းက်ယ္တယ္။ လူထိတာမရွိဘူး။ ဘဏ္နားကို ကပ္ၿပီး ဗုံးေဖာက္တာ။ ရဲနဲ႔ စစ္
သားေတြ ေရာက္လာၿပီး ဘဏ္ဘက္အျခမ္းက လမ္းကိုပိတ္ၿပီး စစ္တာေတြ လုပ္တယ္။ အခုေတာ့ ျပန္ဖြင့္လိုက္ပါၿပီ” ဟု ကမာရြတ္ေဒသခံတစ္ဦးက ေျပာသည္။
အလားတူ မရမ္းကုန္းၿမိဳ႕နယ္၊ မင္းဓမၼလမ္း၊ ေရႊကမၻာအိမ္ရာဝင္းအတြင္းရွိ KBZ ATM ကိုလည္း ယေန႔ နံနက္ ၁၀ နာရီဝန္းက်င္တြင္ ဗုံးေပါက္ကြဲခဲ့ေၾကာင္း၊ ထိခိုက္ဒဏ္ရာရရွိသူမရွိေၾကာင္း သိရွိရသည္။
“ATM စက္ကေတာ့အေတာ္ပ်က္စီးသြားတယ္။ လူထိတာမရွိဘူး။ အခုေတာ့ စစ္ေဆးေနတာေတြ႕တယ္။ CCTV လိုက္ေတာင္းေနတယ္ၾကားတယ္” ဟု မင္းဓမၼလမ္းအနီးမွ ျပည္သူတစ္ဦးက ဆိုသည္။