ဘဏ်အချို့က ဖုန်းဆက်စရာမလို တိုကင် ယူရန်မလိုပဲ ငွေသားထုတ်ပေးမှုများ စတင်ရှိလာနေ
နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကဘဏ်အချို့မှာ ငွေသားထုတ်ယူရန်အတွက် ဖုန်းဆက်တိုကင်ယူစရာ မလိုဘဲ တစ်ပါတ်လျှင် ငွေကျပ် ၃
သိန်းနှုန်း၊ ၅သိန်းနှုန်း၊ ၁၀သိန်းနှုန်းစသည့်ဖြင့် ငွေထုတ်ပေးလာသည့် ဘဏ်အချို့ရှိလာနေတယ်လို့ ဘဏ်မှာငွေထုတ်ယူလာသူတွေက
ပြောဆိုနေကြပါတယ်။
လတ်တလောမှာ ပုဂ္ဂလိက ဘဏ်အားလုံးက ထိုသို့လုပ်ဆောင်ပေးနေခြင်းမျိုးမဟုတ်ဘဲ ရိုးမဘဏ်၊ A ဘဏ် စသည်တို့ကသာ ဆောင်ရွက်
ပေးနေတာဖြစ်တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၁ရက်ကစပြီး ငွေထုတ်ယူမှုများအတွက် တိုကင် ယူစရာမလို ထုတ်ယူနိုင်ပြီဟု ရိုးမဘဏ်က ကြေညာထားတာတွေ့ရသလို ရိုးမ
ဘဏ်မှ ငွေထုတ်ယူခဲ့ကြသူတို့က တိုကင်ယူစရာမလိုပဲ တစ်ပါတ် ငွေကျပ် ၃ သိန်းရတယ်လို့ဆိုပါတယ်။
A ဘဏ် မှ ငွေထုတ်ယူခဲ့သူပြောပြချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်ဖွင့်ထားသည့် အကောင့်မှ ငွေကိုထုတ်ယူလိုလျှင် ငွေကျပ်သိန်း
၅၀၀၀ နှင့် အထက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၁၀ သိန်း၊ ငွေကျပ် သိန်း၅၀၀၀ နှင့်အောက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၅သိန်း
မတ်လ နောက်ပိုင်းဖွင့်ထားသည့်အကောင့်ဆိုပါက ငွေကျပ်သိန်း၅၀၀၀ နှင့် အထက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၅သိန်း၊ ငွေကျပ်
သိန်း၅၀၀၀ နှင့်အောက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၃ သိန်းနှုန်း ထုတ်ပေးနေတယ်လို့ သိရပါတယ်။
တခြားကျန်ရှိနေတဲ့ ဘဏ်တွေအနေနဲ့ကတော့ တိုကင်မယူဘဲငွေထုတ်ယူ၍ ရပါက ဘဏ်များ၏ ဖေ့ဘုတ်စာမျက်မှာများမှတဆင့်
ထုတ်ပြန်ကြေညာပေးသွားမယ်လို့ဆိုပါတယ်။
Zawgyi
ဘဏ္အခ်ိဳ႕က ဖုန္းဆက္စရာမလို တိုကင္ ယူရန္မလိုပဲ ေငြသားထုတ္ေပးမႈမ်ား စတင္ရွိလာေန
နိုဝင္ဘာ ၁ ရက္ေန႔ကစၿပီး ပုဂၢလိကဘဏ္အခ်ိဳ႕မွာ ေငြသားထုတ္ယူရန္အတြက္ ဖုန္းဆက္တိုကင္ယူစရာ မလိုဘဲ တစ္ပါတ္လၽွင္ ေငြက်ပ္ ၃ သိ
န္းႏႈန္း၊ ၅သိန္းႏႈန္း၊ ၁၀သိန္းႏႈန္းစသည့္ျဖင့္ ေငြထုတ္ေပးလာသည့္ ဘဏ္အခ်ိဳ႕ရွိလာေနတယ္လို႔ ဘဏ္မွာေငြထုတ္ယူလာ
သူေတြက ေျပာဆိုေနၾကပါတယ္။
လတ္တေလာမွာ ပုဂၢလိက ဘဏ္အားလုံးက ထိုသို႔လုပ္ေဆာင္ေပးေနျခင္းမ်ိဳးမဟုတ္ဘဲ ရိုးမဘဏ္၊ A ဘဏ္ စသည္တို႔ကသာ ေဆာင္ရြ
က္ေပးေနတာျဖစ္တယ္လို႔သိရပါတယ္။
နိုဝင္ဘာ ၁ရက္ကစၿပီး ေငြထုတ္ယူမႈမ်ားအတြက္ တိုကင္ ယူစရာမလို ထုတ္ယူနိုင္ၿပီဟု ရိုးမဘဏ္က ေၾကညာထားတာေတြ႕ရသလို ရိုးမဘ
ဏ္မွ ေငြထုတ္ယူခဲ့ၾကသူတို႔က တိုကင္ယူစရာမလိုပဲ တစ္ပါတ္ ေငြက်ပ္ ၃ သိန္းရတယ္လို႔ဆိုပါတယ္။
A ဘဏ္ မွ ေငြထုတ္ယူခဲ့သူေျပာျပခ်က္အရ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မတိုင္ခင္ဖြင့္ထားသည့္ အေကာင့္မွ ေငြကိုထုတ္ယူလိုလၽွင္ ေငြ
က်ပ္သိန္း ၅၀၀၀ ႏွင့္ အထက္ဆိုပါက တစ္ပါတ္လၽွင္ ေငြက်ပ္ ၁၀ သိန္း၊ ေငြက်ပ္ သိန္း၅၀၀၀ ႏွင့္ေအာက္ဆိုပါက တစ္ပါတ္လၽွင္ ေ
ငြက်ပ္ ၅သိန္းမတ္လ ေနာက္ပိုင္းဖြင့္ထားသည့္အေကာင့္ဆိုပါက ေငြက်ပ္သိန္း၅၀၀၀ ႏွင့္ အထက္ဆိုပါက တစ္ပါတ္လၽွင္ ေငြက်ပ္ ၅သိ
န္း၊ ေငြက်ပ္ သိန္း၅၀၀၀ ႏွင့္ေအာက္ဆိုပါက တစ္ပါတ္လၽွင္ ေငြက်ပ္ ၃ သိန္းႏႈန္း ထုတ္ေပးေနတယ္လို႔ သိရပါတယ္။
တျခားက်န္ရွိေနတဲ့ ဘဏ္ေတြအေနနဲ႔ကေတာ့ တိုကင္မယူဘဲေငြထုတ္ယူ၍ ရပါက ဘဏ္မ်ား၏ ေဖ့ဘုတ္စာမ်က္မွာမ်ားမွတဆင့္ထုတ္ျပ
န္ေၾကညာေပးသြားမယ္လို႔ဆိုပါတယ္။