မန္တလေး၌ မြို့ပတ်ရထားနှင့် မြေအောက်မြို့ပတ်ရထား ပြေးဆွဲနိုင်ရေး ကြိုတင်စီစဉ်ရန် စကစ ဥက္ကဌ ပြော၊
နိုဝင်ဘာ – ၃ ရက်
မန္တလေးမြို့၌ အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation) အတွက် မြို့ပတ်ရထားနှင့် မြေအောက်မြို့ပတ် ရထား
လမ်းများ တည်ဆောက်နိုင်ရေးအထိ ကြိုတင်မျှော်တွေး၍ စီစဉ်ထားရန် လိုကြောင်း စစ်ကောင်စီ ဥက္ကဌ က ပြောသည်။
ယနေ့ နိုဝင်ဘာ(၃)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး တိုင်းကောင်စီဝင်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြောင်း
စစ်တပ်ပိုင် MWD က ဖော်ပြသည်။
အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation) ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ပါက ကိုယ်ပိုင် မော်တော်ယာဉ်
သုံးစွဲမှု လျော့ကျပြီး စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်မည်ဟု ၄င်းက ဆိုသည်။
ထို့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို လျှပ်စစ်ဓာတ်အား သုံးစွဲ၍ လုပ်ဆောင်နိုင်ရေး ရည်မှန်းချက်ထားရန်နှင့် လျှပ်စစ်ဓာတ်
အားသုံးစွဲကာ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်နိုင်ပါကလည်းး စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်မည်ဟု ၄င်းက ပြောသည်။
ထို့အပြင် မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် လုပ်ဆောင်ရန်နှင့် စံပြ ၀ါဂွမ်းစိုက်ပျိုးသည့် တိုင်းဖြစ်လာစေရေး
လုပ်ဆောင်ကြရန်လည်း ၄င်းက မှာကြားသည်။
Zawgyi
မႏၲေလး၌ ၿမိဳ႕ပတ္ရထားႏွင့္ ေျမေအာက္ၿမိဳ႕ပတ္ရထား ေျပးဆြဲနိုင္ေရး ႀကိဳတင္စီစဥ္ရန္ စကစ ဥကၠဌ ေျပာ၊
နိုဝင္ဘာ – ၃ ရက္
မႏၲေလးၿမိဳ႕၌ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး (Public Transportation) အတြက္ ၿမိဳ႕ပတ္ရထားႏွင့္ ေျမေအာက္ၿမိဳ႕ပတ္
ရထားလမ္းမ်ား တည္ေဆာက္နိုင္ေရးအထိ ႀကိဳတင္ေမၽွာ္ေတြး၍ စီစဥ္ထားရန္ လိုေၾကာင္း စစ္ေကာင္စီ ဥကၠဌ က ေျပာသည္။
ယေန႔ နိုဝင္ဘာ(၃)ရက္တြင္ မႏၲေလးၿမိဳ႕သို႔ ေရာက္ရွိလာၿပီး တိုင္းေကာင္စီဝင္မ်ားႏွင့္ ေတြ႕ဆုံရာတြင္ အထက္ပါအတိုင္း ေျပာေၾကာင္း စစ္တပ္ပိုင္ MWD က ေဖာ္ျပသည္။
အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး (Public Transportation) ေကာင္းမြန္ေအာင္ ေဆာင္ရြက္ေပးနိုင္ပါက ကိုယ္ပိုင္ ေမာ္ေတာ္ယာဥ္ သုံးစြဲမႈ ေလ်ာ့က်ၿပီး စက္သုံးဆီ သုံးစြဲမႈ ေလၽွာ့ခ်နိုင္မည္ဟု ၄င္းက ဆိုသည္။
ထို႔အျပင္ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးကို လၽွပ္စစ္ဓာတ္အား သုံးစြဲ၍ လုပ္ေဆာင္နိုင္ေရး ရည္မွန္းခ်က္ထားရန္ႏွင့္ လၽွပ္စစ္ဓာတ္အား
သုံးစြဲကာ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး လုပ္နိုင္ပါကလည္းး စက္သုံးဆီ သုံးစြဲမႈ ေလၽွာ့ခ်နိုင္မည္ဟု ၄င္းက ေျပာသည္။
ထို႔အျပင္ မႏၲေလးတိုင္းအတြင္း စိုက္ပ်ိဳးေရးက႑ တိုးတက္ေအာင္ လုပ္ေဆာင္ရန္ႏွင့္ စံၿပ ၀ါဂြမ္းစိုက္ပ်ိဳးသည့္ တိုင္းျဖစ္လာေစေရး လုပ္ေဆာင္ၾကရန္လည္း ၄င္းက မွာၾကားသည္။