ၾကားသိသမွ်

မြောင်းမြ ဖိုးကြာကုန်းစာသင်ကျောင်း မီးလောင်မှုကို စစ်အုပ်စုက သတင်းမှားထုတ်ပြန်

မြောင်းမြ ဖိုးကြာကုန်းစာသင်ကျောင်း မီးလောင်မှုကို စစ်အုပ်စုက သတင်းမှားထုတ်ပြန်

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ဖိုးကြာကုန်းကျေးရွာမှာရှိတဲ့ အခြေခံပညာမူလတန်းလွန်စာသင်ကျောင်း မီးလောင်မှုကို အကြမ်းဖက်စစ်

အုပ်စုက သတင်းလိမ်လည်ထုတ်ပြန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၄ရက်နေ့ မနက်အစောပိုင်းမှာ ဖိုးကြာကုန်းစာသင်ကျောင်းအတွင်းရှိ စာသင်ခန်း ၂ခန်း မီးလောင်ကာ အနည်းငယ်

ပျက်စီးခဲ့ပြီး အခုလို မီးလောင်မှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်း ထုတ်ပြန်ခဲ့တာပါ။

“ဘယ်PDFမှ မီးမရှို့ဘူး မြောင်းမြမှာ PDFလည်း မရှိဘူး၊ စာသင်ကျောင်းဘေးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ် အဲ့မှာနေတဲ့

ကောင်လေး၊ သူက စိတ်ပုံမှန်ရယ် သိပ်မရှိဘူး အရက်​ကြောင် ကြောင်ပြီး ကြောင်တောင်တောင်နဲ့ မီးသွားရှို့တာ ၊ရဲရောက်လာတော့ ပထမ

၃ယောက်ဖမ်းသွားတယ် နောက်ကျ ၂ယောက်ကို ပြန်လွှတ်ပေးပြီးတော့ သူ့ပဲဆက်ဖမ်းသွားတာ၊ တစ်ရွာလုံးသိတယ် ဘယ်သူလုပ်တယ်ဆို

တာကို၊ လုပ်တဲ့သူက ဘယ်လိုလူဆိုတာကို အရှက်မရှိ MRTVကနေ သတင်းချက်ခြင်းတင်ပြီး မဟုတ်တာဖြန့်တာ”လို့ ဒေသခံတစ်ဦးက

ပြောပါတယ်။

မြောင်းမြမြို့အတွင်း အကြမ်းဖက်စစ်အုပ်စုက ဘာသာပေါင်းစုံငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ သံဃာတော်တစ်ပါးအပြင် လူမှုရေးအဖွဲ့တွေ

ကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပေမဲ့ မြို့နယ်အတွင်း ပေါက်ကွဲမှုတွေ ပစ်ခတ်မှုဖြစ်စဉ်တွေမဖြစ်ပွားခဲ့တာ ၅လကျော်ကြာမြင့်

နေပြီလို့ သိရပါတယ်။

Zawgyi

ေျမာင္းၿမ ဖိုးၾကာကုန္းစာသင္ေက်ာင္း မီးေလာင္မႈကို စစ္အုပ္စုက သတင္းမွားထုတ္ျပန္

ဧရာဝတီတိုင္း ေျမာင္းျမၿမိဳ႕နယ္ ဖိုးၾကာကုန္းေက်းရြာမွာရွိတဲ့ အေျခခံပညာမူလတန္းလြန္စာသင္ေက်ာင္း မီးေလာင္မႈ

ကို အၾကမ္းဖက္စစ္အုပ္စုက သတင္းလိမ္လည္ထုတ္ျပန္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီကေန႔ နိုဝင္ဘာလ ၄ရက္ေန႔ မနက္အေစာပိုင္းမွာ ဖိုးၾကာကုန္းစာသင္ေက်ာင္းအတြင္းရွိ စာသင္ခန္း ၂ခန္း မီးေလာင္ကာ အန

ည္းငယ္ပ်က္စီးခဲ့ၿပီး အခုလို မီးေလာင္မႈဟာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သတင္း ထုတ္ျပန္ခဲ့တာပါ။

“ဘယ္PDFမွ မီးမရွို႔ဘူး ေျမာင္းျမမွာ PDFလည္း မရွိဘူး၊ စာသင္ေက်ာင္းေဘးမွာ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းရွိ

တယ္ အဲ့မွာေနတဲ့ ေကာင္ေလး၊ သူက စိတ္ပုံမွန္ရယ္ သိပ္မရွိဘူး အရက္​ေၾကာင္ ေၾကာင္ၿပီး ေၾကာင္ေတာင္ေတာင္နဲ႔ မီး

သြားရွို႔တာ ၊ရဲေရာက္လာေတာ့ ပထမ ၃ေယာက္ဖမ္းသြားတယ္ ေနာက္က် ၂ေယာက္ကို ျပန္လႊတ္ေပးၿပီးေတာ့ သူ႔ပဲဆက္ဖမ္းသြား

တာ၊ တစ္ရြာလုံးသိတယ္ ဘယ္သူလုပ္တယ္ဆိုတာကို၊ လုပ္တဲ့သူက ဘယ္လိုလူဆိုတာကို အရွက္မရွိ MRTVကေန သတင္းခ်က္ျခင္းတင္ၿပီး မဟု

တ္တာျဖန႔္တာ”လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

ေျမာင္းျမၿမိဳ႕အတြင္း အၾကမ္းဖက္စစ္အုပ္စုက ဘာသာေပါင္းစုံၿငိမ္းခ်မ္းေရးလုပ္ေဆာင္ေနတဲ့ သံဃာေတာ္တစ္ပါးအျပ

င္ လူမႈေရးအဖြဲ႕ေတြကို ဖမ္းဆီးမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနေပမဲ့ ၿမိဳ႕နယ္အတြင္း ေပါက္ကြဲမႈေတြ ပစ္ခတ္မႈျဖစ္စဥ္ေတြမျဖစ္

ပြားခဲ့တာ ၅လေက်ာ္ၾကာျမင့္ေနၿပီလို႔ သိရပါတယ္။