ၾကားသိသမွ်
စစ်ကောင်စီတပ်စွဲထားသော စိုက်ပျိုးရေးရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ RPG နှင့်ပစ်ခတ်တိုက်ခိုက်
တန့်ဆည်တွင် စစ်ကောင်စီတပ်စွဲထားသော စိုက်ပျိုးရေးရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်၊ RPG နှင့်ပါပစ်ခတ်သဖြင့်
စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် အင်ကုက္ကားကျေးရွာရှိ စိုက်ပျိုးရေးရုံးတွင်
တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄
ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ် TPC က သတင်းထုတ်ပြန်သည်။
ယနေ့ ၁၂ နာရီ ‌၁၅ မိနစ်ဝန်းကျင်တွင် အင်ကုက္ကားရွာ စိုက်ပျိုးရေးရုံး၌ တပ်ဆွဲထားသော စစ်တပ်ကို TPC နှင့် CAF အဖွဲ့တို့ ပူးပေါင်း
စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ၁ ယောက်ဒဏ်ရာရကြောင်း၊ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်
ဘက်မှ အထိအခိုက်မရှိကြောင်း Taze People Comrades- TPC က ထုတ်ပြန်ပြောဆိုသည်။
TPC က ထုတ်ပြန်ထားသော ဗီဒီယိုတွင်မူ စစ်ကောင်စီတပ်များကို RPG ဖြင့်ပါ ပစ်ခတ်သည်ကို မြင်တွေ့ရသည်။Source;Khit thit
Zawgyi
တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၎