နှစ်ကွက်ပဲကျန်တဲ့ ကျား။
” အကြမ်းဖက်စစ်အုပ်စုက ကျောင်းတွေပြန်ဖွင့်ပြီတဲ့။ မှတ်မိအုံးမယ်ထင်တယ်။အာဏာသိမ်းပြီးစ ကိုဗစ် တွေတအားဖြစ်ပြီး သေနှုန်းတွေမြင့်နေတုန်းကသူတို့ကိုင်နေတဲ့ကျမ္မာရေး
ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေမှာ သေနှုန်းနဲ့ ရောဂါဖြစ်နှုန်းကို ဖုံးကွယ်ထားပြီး နိုင်နင်းနေသလိုလို၊ ဖြစ်နှုန်းကပဲနည်းတာလိုလိုလုပ်လိုက်ကြသေးတယ်။
ဟော..ဆန္ဒပြပွဲတွေ၊ PDF တိုက်ပွဲတွေလည်းပေါ်လာလို့မနိုင်းမနင်းလည်းဖြစ်လာရော..cကိုဗစ်ဖြစ်နှုန်းနဲ့ သေနှုန်းထုတ်ပြန်ချက်တွေက မြင့်လာလိုက်တာများ။
အမှန်တကယ်က ကိုဗစ်ဖြစ်နှုန်းနဲ့ သေနှုန်းက သိသိသာသာလျော့သွားပြီ။ သူတို့လုပ်လို့တော့မဟုတ်ဘူး။ ပြည်သူတွေကပဲ ကိုဗစ် နဲ့ယှဉ်တွဲနေထိုင်တတ်လာပြီး ခံနိုင်ရည်ရှိလာတာလား။
ပိုးကပဲ မစွမ်းတော့တာလားတော့မသိဘူး။ ( အောင်ဆီဂျင်လိုအပ်ချက်တွေနည်းလာတာ၊ ဆေးဝါးလိုအပ်ချက်တွေနည်းလာတွေကို အောက်ဆီဂျင်စက်ရုံတွေနဲ့ ဆေးဆိုင်တွေကို ကြည့်ပြီးသိနိုင်ပါတယ်။ )
အရင်ကဆို အလုအယက်။တကယ်ဖြစ်တော့ မဖြစ်သလိုနဲ့ ပြည်သူနဲ့နိုင်ငံတကာကိုလှည့်စားတာ။တကယ်မဖြစ်တော့ ကြမ်းနေသလိုနဲ့ ပြည်သူကို ကြောက်စိတ်ဝင်အောင်လှည့်စားတာ။ဒါက..ကျမ္မာရေးနဲ့ရွှေ့တဲ့ကျားကွက်။
NLD အစိုးရလက်ထက် ကိုဗစ်တွေဖြစ်တော့ နိုင်နင်းအောင်ထိန်းချုပ်နေနိုင်လို့ကျောင်းတွေဖွင့်တော့ ကလေးတွေကိုသေစေချင်လို့လား၊ဘာလား၊ညာလားနဲ့။
ဟော..ကျောင်းတွေပိတ်လိုက်ပြန်တော့လည်းပညာမဲ့တွေဖြစ်ကုန်တော့မှာဘာညာနဲ့ အာကြပြန်ရော။ သူတို့လည်းအာဏာသိမ်းပြီးရောအသည်းအသန် တစ်နိုင်ငံလုံး ကိုဗစ် ဖြစ်နေတဲ့ကြားထဲမှာကို ကျောင်းတွေထဖွင့်ပြန်ရော။
( ပညာရေးက အရေးကြီးတယ်ဆိုတဲ့ပုံစံနဲ့ အတဲ့ ပြည်သူတွေကို ဂျင်းထည့်နေတာ။ ) ဒါကို ပြည်သူအများစုကလည်းသိ၊ဆရာ၊ဆရာမတွေကလည်း CDM လုပ်ကြနဲ့ဆိုတော့ လက်တစ်ဆုပ်စာလေးနဲ့ ဖွင့်လိုက်အဆင်မပြေ။
ဒီတော့ cကိုဗစ်တွေကြမ်းနေသလိုလိုနဲ့ ပိတ်ပြန်ရော။ ဒါက ပညာရေးနဲ့ ရွှေ့တဲ့ကျားကွက်။အာဏာသိမ်းပြီးကထဲက တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးမှာနိုင်နင်းအောင်စီမံအုပ်ချုပ်နိုင်တယ်ဆိုတာကို ပြချင်နေတာ။
နိုင်ငံရေး၊စီးပွားရေး၊လူမူရေး၊ပညာရေး၊ဘာသာရေးပတ်လုပ်နေတာပဲ။ ဘယ်ဟာမှမဖြစ်မြောက်။ဖင်မနိုင်ဘဲ ပဲဟင်းသောက်နေကြတာ။
NUG က ကင်းပေါက်ပြီး PDF တွေနဲ့ နှစ်ကောင်ရိုက် သုံးကောင်ရိုက်ပြီးလှည့်ပတ်တွယ်နေပြီ။
ရွှေ့စရာအကွက်ကလည်းမရှိတော့ဘူး။ ပညာရေးနဲ့ ကျမ္မာရေး နှစ်ကွက်ပဲရွှေ့စရာက ကျန်တော့တယ်။ ကြံရာမရတဲ့အဆုံး ဒီနှစ်ကွက်ပဲပတ်ရွှေ့နေတော့တာ။အလုပ်ဖြစ်လို့တော့မဟုတ်ဘူး။ ရွှေ့စရာမရှိတော့လို့။
ဟော ..အခုလုပ်ပြန်ပြီ။ကျောင်းတွေဖွင့်ပြန်ပတဲ့။ ထန်တလန်ကို မီးရှို့၊ ချင်းနဲ့စစ်ကိုင်းမှာ ပြည်သူတွေကို အကြီးအကျယ်ထိုးစစ်ဆင်နေလို့ နိုင်ငံတကာဖိအားတွေဝင်ပြီး
သံတမန်ရေးနဲ့ စစ်ရေးမှာ အဘက်ဘက်က ကျရှုံးအထိနာလာတော့ သေခါနီးကယောင်ကတမ်းထအော်သလို တကွက်ရွှေ့ပြီး ကျောင်းတွေဖွင့်ပြန်ရော။
( လက်သပ်မွေးထားတဲ့ ပျူစောထီးတွေကို စာသင်ကျောင်းတွေ ဗုံးခွဲခိုင်းပြီး PDF တွေလုပ်ပါတယ်ဆိုတဲ့ဇာတ်ကွက်နဲ့ ကမ္ဘာကိုချပြပြီး ထန်
တလန်ကစစ်ရာဇဝတ်မှုကို ထန်းလက်နဲ့ကာဖို့ကြိုးစားရင်..ငတုံးငအ ဆရာ၊ဆရာမတွေနဲ့ ကလေးတွေက သေကြရလိမ့်အုံးမယ်။ )
ဒီကောင် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာတော့ ယုံတယ်။ကျန်တာတော့ဘာမှမယုံဘူး။တော်လှန်ရေးမှာ ..လက်နက်ကိုင်လမ်းစဉ်ကို
ရွေးချယ်ပြီးပြီဆိုရင်..ဒါဟာအဆုံးစွန်ပဲ။
ဆန္ဒပြတောင်းဆိုတာတွေ၊ CDM လုပ်တာမလုပ်တာတွေ ၊ကျောင်းဖွင့်တာ မဖွင့်တာရုံးဖွင့်တာမဖွင့်တာတွေကို စိတ်ဝင်စားနေကြမှာ မဟုတ်တော့ဘူး။
လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးပြီဆိုရင်…တော်လှန်ရေးသမားဟာအာဏာရှင်ရဲ့အပေါင်းအပါတွေနဲ့ လက်နက်ကိုင်ရမ်းကားနေသူတွေကို ပစ်မှတ်ထားလိမ့်မယ်။
ဒါပေမယ့်…အာဏာရှင်နဲ့အပေါင်းအပါတွေကတော့ ပြည်သူကိုဓားစာခံလုပ်ပြီးတော်လှန်ရေးသမားတွေကို ပစ်မှတ်ထားလိမ့်မယ်။
သတိ၊ဝီရိယ၊ဉာဏ်ပညာကိုလက်မလွှတ်ပဲကြည့်ပြီးသာ နေထိုင်ကြပေတော့။
အရှင်ဥတ္တမ( တွင်းမ )
ဇော်ဂျီတောင်ချမ်းစိမ့်မြိုင်တောရ