ရန်ကုန်သန်လျင်တွင် ယာဉ်ထိန်းရဲ ၃ ဦး ပစ်သတ်ခံရ
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ယနေ့ ယာဉ်ထိန်းရဲ ၃ ဦးကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်လိုက်ကြောင်း ဒေသခံ
များ၏ ပြောဆိုချက်နှင့် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုံ၊ အောင်သပြေလမ်းဆုံတွင် ဖြတ်သွားဖြတ်လာ
ပြည်သူများ၏ မော် တော်ယာဥ်များ ဆီဘောက်ဆာကားများ နှင့် ဆိုင်ကယ်များများထံမှ အနိုင်ကျင့် ယာဥ်များသိမ်းယူခြင်း ၊ ငွေများတောင်း
ယူခြင်းများပြုလုပ်နေကြောင်း
ဓာတ်ပုံ- ရန်ကုန်လမ်းမများပေါ်မှ ယာဉ်ထိန်းရဲတချို့ ( ပုံအဟောင်း အသုံးပြုထားသည်)
တိုင်ကြားလာသဖြင့် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ အမှန်တကယ်ငွေကြေး
တောင်းယူ အနိုင်ကျင့်နေ၍ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ “ယာဉ်ထိန်းရဲ ၃ ဦး
အသတ်ခံရတယ်။ အခုအဲဒီဘက်မှာ ရဲရော စစ်သားရော အင်အားများတယ်။ လမ်းတွေလည်း ပိတ်ထားတယ်။ စစ်နေပြီ” ဟု သန်လျင်
ဒေသခံတစ်ဦးက ပြောဆိုသည်။
Zawgyi
င်းယူခြင်းများပြုလုပ်နေကြောင်း တိုင်ကြားလာသဖြင့် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ အမှန်တ