ၾကားသိသမွ်

ရုရှားဆီက ရေငုပ်သင်္ဘော ၂ စီး စစ်ကောင်စီ ရေတပ်ရရှိထား

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်အ တွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ရုရှားနိုင်ငံ ဒု-ရေတပ်ဦးစီးချုပ် ခရီးစဥ်တွင် ရုရှား

နိုင်ငံမှ အာ ဏာသိမ်း စစ်ကောင်စီ၏ ရေတပ်အတွက် ရေငုပ်သင်္ဘော ၂ စီး ပေးအပ်ခဲ့ကြောင်း ရေတပ်တွင်းသတင်းရင်းမြစ်များထံက သိရ

သည်။


Photo: CINCDS

အဆိုပါ ရေငုပ်သင်္ဘော ၂စီးသည် တိုက်ခိုက်ရေး အမျိုးအစားယာဥ်များ ဖြစ်ပြီး တစီးမှာ ရု ရှားရေတပ်တွင် တည်ဆောက်ပြီး အသုံးပြုနေသ

ည့်အမျိုးအစားဖြစ်သည်ဟုသိရကာ ကျန်တစီး ၏ ဇစ်မြစ်အား အတိအကျ မသိကြောင်းနှင့် စစ်ကောင်စီတပ်မှ ”ရာဇာဓိရာဇ်” နှင့် ”ဂါ

မဏိ”ဟု မြန် မာအမည်များ ပေးထားကြောင်း သိရသည်။

“အခု ရခိုင်ပြည်နယ် ကျောက်ဖြူက ရေတပ်အ ခြေစိုက် စခန်းတခုမှာ အဲ့ဒီ ၂ စီးရှိနေတယ်။ တော်ပီတိုတွေလည်း တပ်ဆင်ထားပြီးသားလို့

သိရတယ်။ ရေထဲကနေ လေကြောင်းရန် ကာကွယ် ရေး စနစ်လည်း တွဲသုံးလို့ရတယ် ကြားတယ်။ ဒီဇယ်သုံး အင်ဂျင်နဲ့ပဲ။ တစီးကို ရာဇဓိရာ

ဇ်၊ တစီးကို ဂါမဏိဆိုပြီးပေးထားတယ် ” ရေတပ် တွင်းသတင်းရင်းမြစ်တဦးက ပြောကြောင်း ဧရာဝတီတိုင်းမ် သတင်းမှာ ဖော်ပြထားပါ

တယ်။


Photo: CINCDS

ရုရှားရေတပ် ဒု-စစ်ဦးချုပ် ၏ခရီးစဥ်တွင် ၄င်းနှင့်အတူ စစ်ရေယာဥ် ၁၄ စီး မြန်မာနိုင်ငံတွင် ၃ ရက်ကြာချစ်ကြည်ရေးခရီးစဥ်အဖြစ်

လည်ပတ်သည်ဟုသာ သတင်းဖော်ပြထားပြီး အဆိုပါ ရေ ငုတ်သဘော်များနှင့်ပတ်သက်၍ သတင်းဖော်ပြ ခဲ့ခြင်းမရှိပေ။

၄င်း ရုရှား ဒု-ရေတပ်စစ်ဦးစီးချုပ်သည် လေ ကြောင်းခရီးစဥ်ဖြင့်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၍ ရုရှာ

ရေတပ်နည်းပညာများဖြန့်ဝေပေး နိုင်ရေးဆွေး နွေးခဲ့သည်ဟုလည်း စစ်ကောင်စီထိန်းချုပ်မီဒီယာများက သတင်းဖော်ပြထားသည်။


Photo: CINCDS

အဆိုပါသတင်းအားအတည်ပြုနိုင်ရေး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေး မြန်းသော်လည်း ဖုန်းဆက်သွယ်ရရှိခြင်း မရှိခဲ့ပါ။

ယခင်က စစ်ကောင်စီရေတပ်သို့ တပ်တော်ဝင်လာသည့် ရေငုပ်သင်္ဘောသည်အိန္ဒိယမှ ဝယ်ယူထားသည့် လေ့ကျင့်ရေးနှင့်တိုက်ခိုက်ရေး ၂

မျိုး သုံးအမျိုးအစားဖြစ်ကာ ”မင်းရဲသိင်္ခသူ” ဟုအ မည်ပေးထားပြီး ယခု ထပ်မံရောက်ရှိလာသည်ဟု ဆိုသည့် ၂စီး နှင့်ဆိုလျှင် စစ်ကောင်စီ

ရေတပ်တွင် ၃စီးပိုင်ဆိုင်မည် ဖြစ်ကြောင်း သိရသည်။