ၾကားသိသမွ်

အကြမ်းဖက်စစ်ကောင်စီတပ် စစ်ယာဉ်တန်းအားပေါက်တောချောင်းတံတားအနီး မိုင်း (၁၀) လုံးဖြင့် အားရပါးရ ဖေါက်ခွဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ် စစ်ယာဉ်တန်း ပေါက်တောချောင်းတံတားအနီး မိုင်း (၁၀) လုံးဖြင့် အားရပါးရ ဖေါက်ခွဲတိုက်ခိုက်ခံလိုက်ရ၍

(၁၅) ကောင် ထပ်မံသေဆုံးပြန်

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ဘိုးမြတ်သာရွာတောင်ဘက် ပေါက်တောချောင်းတံတားအနီး အကြမ်းဖက်စစ်ကောင်စီတပ် စစ်

ကား (၃) စီးပါယာဉ်တန်းအား ယမန်နေ့ နိုဝင်ဘာလ (၂) ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်၌ မိုင်း (၁၀) လုံးဖြင့် အားရပါးရ ဖေါက်ခွဲတိုက်ခိုက်

လိုက်ကြောင်း CDSOM မှ ထုတ်ပြန်သည်။

ယင်းမိုင်း (၁၀) လုံးပေါက်ကွဲမှုကြောင်း အကြမ်းဖက်စစ်ကောင်စီတပ် ကား (၂) စီး ထိခိုက်ပျက်စီးသွားပြီး ကားပေါ်မှတပ်သားများ အဝေးသို့

လွှင့်စင်သွားပြီး (၁၅) ကောင်ခန့် သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရကုန်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ဦးဆောင်၍ မဟာမိတ် Burmese Guerrilla Force

– BGF ၊ Myaung Union Army- MUA ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊ MGN TIGER ၊ MGN

RANGER ၊ PDF –Taloke ၊ Myaung Special People’s Defense Force – MSPDF နှင့် Myaung Women Warriors-M2W

မဟာမိတ် (၁၀) ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုမှာ ပြီးခဲ့တဲ့ အောက်တိုဘာ (၃၀) ရက်နေ့တွင် တန်ဖိုးရှိရှိမြင့်မြတ်စွာကျဆုံးသွားတဲ့ သူရဲကောင်း ရဲဘော်အင်းဆက်

အတွက် ထိုက်သင့်တဲ့ တန်ပြန်သက်ရောက်မှုဖြစ်ကြောင်း သက်သေတည်စေကာ သွေးကြွေးဆပ်ခဲ့သည်ဟုလည်း ဆက်လက်ဖေါ်ပြ

ထားသည်။