ၾကားသိသမွ်

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ပြဌာန်း

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ပြဌာန်း

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း

အောင်လှိုင် လက်မှတ်ရေးထိုး၍ နိုဝင်ဘာ၁ရက်တွင် ပြဌာန်းလိုက်သည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ပုဒ်မ၂

ပုဒ်မခွဲ(က)ကို မူလဥပဒေတွင်ပါရှိသည့်’အင်တာနက်မှတဆင့်ထုတ်လွှင့်သည့်ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်မှုများအကျုံးဝင်

ခြင်းမရှိစေရဆိုသည့်အချက်ကိုဖြုတ်ပြီး”အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ထုတ်လွှင့်ခြင်းကို ဆိုသည့်”စာသားကို ထည့်သွင်း

ပြဋ္ဌာန်းလိုက်ကြောင်းနှင့် သက်ဆိုင်ရာပုဒ်မများအလိုက် ပြစ်မှု ပြစ်ဒဏ်များကို”ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ”ဟုပြင်ဆင်၍ “ရဲအရေး

ပိုင်မှု”အဖြစ် သတ်မှတ် ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။မူလ၂၀၁၅က ဖော်ပြထားသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အဓိပ္ပာယ်

တွင်ဖော်ပြပါရှိသည့် အင်တာနက်မှတဆင့် ထုတ်လွှင့်သည့်ရုပ်မြင်သံကြားနှင့် အသံလွှင့်ထုတ်မှုများ အကျုံးဝင်မှုမရှိစေရဆိုသော စကားရပ်

တစ်စုအား ပယ်ဖျက်ထားသည်ကိုတွေ့ရသည်။

ထိုသို့ ပယ်ဖျက်ထားချက်က အင်တာနက်ပေါ် ထုတ်လွှင့်နေသော ရုပ်သံအစီအစဉ်တစ်ခုခုအားလည်း ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ

ဖြင့် အကျုံးဝင်သည်ဟု အဓိပ္ပာယ်သက်ရောက်သွားစေသည်။

ထို့ကြောင့် အင်တာနက်ပေါ် ရုပ်သံထုတ်လွှင့်မှုများ သတိပြုစရာဥပဒေတစ်ရပ်ဟု ဥပဒေလေ့လာသူအချို့က ထောက်ပြကြသည်။အင်တာ

နက်ပေါ် ထုတ်လွှင့်နေမှုများအား နစကဘက်က ကန့်သတ်ထိန်းချုပ်ချင်၍ ဥပဒေပြင်ဆင်ခြင်းလည်း ဖြစ်နိုင်သည်ဟု အချို့ကလည်း

မှတ်ချက်ပြုကြသည်။

နိုဝင်ဘာ ၁ရက်နေ့ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေထုတ်ပြန်ချက်ထဲ ငွေဒဏ်

အစားထောင်ဒဏ်ပြောင်းလဲလိုက်မှုတွင် “ငွေဒဏ် ကျပ်သိန်း သုံးရာမှ ကျပ်သိန်း ငါးရာအထိ”ချမှတ်နိုင်သည့် ပြစ်မှုကို “အနည်းဆုံး သုံးနှစ်မှ

အများဆုံး ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၃၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်

စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးခြင်း၊“ငွေဒဏ် ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်း တစ်ရာအထိ”ချမှတ်နိုင်သည့် ပြစ်မှုကို “အနည်းဆုံး

ခြောက်လမှ အများဆုံး တစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်

နှစ်ရပ်လုံးဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးခြင်း စသည်များပြုလုပ်ထားသည်ကိုတွေ့ရသည်။

ယင်းအပြင် ဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုများအဖြစ်ပါ သတ်မှတ်လိုက်ခြင်းကိုလည်း တွေ့ရှိရသည်။

Zawgyi

႐ုပ္ျမင္သံၾကားႏွင့္အသံထုတ္လႊင့္ျခင္းဆိုင္ရာ ဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒ ျပဌာန္း

႐ုပ္ျမင္သံၾကားႏွင့္အသံထုတ္လႊင့္ျခင္းဆိုင္ရာ ဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒကို နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ လက္မွတ္ေရးထိုး၍ နိုဝင္ဘာ၁ရက္တြင္ ျပဌာန္းလိုက္သည္။

႐ုပ္ျမင္သံၾကားႏွင့္ အသံထုတ္လႊင့္ျခင္းဆိုင္ရာဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒ ပုဒ္မ၂
ပုဒ္မခြဲ(က)ကို မူလဥပေဒတြင္ပါရွိသည့္’အင္တာနက္မွတဆင့္ထုတ္လႊင့္သည့္႐ုပ္ျမင္သံၾကားႏွင့္အသံထုတ္လႊင့္မႈမ်ားအက်ဳံးဝင္

ျခင္းမရွိေစရဆိုသည့္အခ်က္ကိုျဖဳတ္ၿပီး”အျခားနည္းပညာတစ္ရပ္ရပ္ကို အသုံးျပဳ၍ထုတ္လႊင့္ျခင္းကို ဆိုသည့္”စာသားကို ထည့္သြ

င္း ျပ႒ာန္းလိုက္ေၾကာင္းႏွင့္ သက္ဆိုင္ရာပုဒ္မမ်ားအလိုက္ ျပစ္မႈ ျပစ္ဒဏ္မ်ားကို”ေထာင္ဒဏ္ျဖစ္ေစ ေငြဒဏ္ျဖစ္ေစ”ဟုျပင္ဆင္၍ “ရဲအေရးပိုင္မႈ”အျဖစ္ သတ္မွတ္ ျပ႒ာန္းလိုက္ေၾကာင္း သိရသည္။

မူလ၂၀၁၅က ေဖာ္ျပထားေသာ ႐ုပ္ျမင္သံၾကားႏွင့္ အသံထုတ္လႊင့္ျခင္း အဓိပၸာယ္တြင္ေဖာ္ျပပါရွိသည့္ အင္တာနက္မွတဆ

င့္ ထုတ္လႊင့္သည့္႐ုပ္ျမင္သံၾကားႏွင့္ အသံလႊင့္ထုတ္မႈမ်ား အက်ဳံးဝင္မႈမရွိေစရဆိုေသာ စကားရပ္တစ္စုအား ပယ္ဖ်က္ထားသည္ကိုေတြ႕ရသည္။

ထိုသို႔ ပယ္ဖ်က္ထားခ်က္က အင္တာနက္ေပၚ ထုတ္လႊင့္ေနေသာ ႐ုပ္သံအစီအစဥ္တစ္ခုခုအားလည္း ႐ုပ္သံထုတ္လႊင့္ျခင္းဆိုင္ရာဥပေဒျဖင့္ အက်ဳံးဝင္သည္ဟု အဓိပၸာယ္သက္ေရာက္သြားေစသည္။

ထို႔ေၾကာင့္ အင္တာနက္ေပၚ ႐ုပ္သံထုတ္လႊင့္မႈမ်ား သတိျပဳစရာဥပေဒတစ္ရပ္ဟု ဥပေဒေလ့လာသူအခ်ိဳ႕က ေထာက္ျပၾကသည္။

အင္တာနက္ေပၚ ထုတ္လႊင့္ေနမႈမ်ားအား နစကဘက္က ကန႔္သတ္ထိန္းခ်ဳပ္ခ်င္၍ ဥပေဒျပင္ဆင္ျခင္းလည္း ျဖစ္နိုင္သည္ဟု အခ်ိဳ႕ကလည္း မွတ္ခ်က္ျပဳၾကသည္။

နိုဝင္ဘာ ၁ရက္ေန႔႐ုပ္ျမင္သံၾကားႏွင့္ အသံထုတ္လႊင့္ျခင္းဆိုင္ရာဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒထုတ္ျပန္ခ်က္ထဲ ေငြဒဏ္အစားေထာင္ဒဏ္ေျပာင္းလဲလိုက္မႈတြင္

“ေငြဒဏ္ က်ပ္သိန္း သုံးရာမွ က်ပ္သိန္း ငါးရာအထိ”ခ်မွတ္နိုင္သည့္ ျပစ္မႈကို “အနည္းဆုံး သုံးႏွစ္မွ အမ်ားဆုံး ငါးႏွစ္ထိေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သိန္း ၃၀၀ မွ အမ်ားဆုံး က်ပ္သိန္း ၅၀၀ အထိ ေငြဒဏ္ျဖစ္ေစ၊

ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ”ဆိုသည့္ စကားရပ္ျဖင့္ အစားထိုးျခင္း၊“ေငြဒဏ္ က်ပ္သိန္း ငါးဆယ္မွ က်ပ္သိန္း တစ္ရာအထိ”ခ်မွတ္နိုင္သည့္ ျပစ္မႈကို “အနည္းဆုံး ေျခာက္လမွ အမ်ားဆုံး တစ္ႏွစ္ထိ ေထာင္ဒဏ္ျဖစ္ေစ၊

အနည္းဆုံး က်ပ္သိန္း ၅၀ မွ အမ်ားဆုံး က်ပ္သိန္း ၁၀၀ အထိ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ”ဆိုသည့္ စကားရပ္ျဖင့္ အစားထိုးျခင္း စသည္မ်ားျပဳလုပ္ထားသည္ကိုေတြ႕ရသည္။

ယင္းအျပင္ ဥပေဒပါ ျပစ္မႈမ်ားကို ရဲအေရးယူပိုင္ခြင့္ရွိေသာျပစ္မႈမ်ားအျဖစ္ပါ သတ္မွတ္လိုက္ျခင္းကိုလည္း ေတြ႕ရွိရသည္။