ၾကားသိသမွ်

ဒီမိုကရေစီအမြန်ကျင့်သုံးနိုင်ရေး စစ်အုပ်စု ဆောင်ရွက်ရမယ်လို့ ကန်နဲ့အင်ဒို သမ္မတ သဘောတူ

ဒီမိုကရေစီအမြန်ကျင့်သုံးနိုင်ရေး စစ်အုပ်စု ဆောင်ရွက်ရမယ်လို့ ကန်နဲ့အင်ဒို သမ္မတ သဘောတူ

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဒီမိုကရေစီအမြန်ကျင့်သုံးနိုင်ရေးဆောင်ရွက်ရမယ်လို့ အမေရိကန်သမ္မတနဲ့ အင်ဒိုနီးရှားသမ္မတတို့ သဘောတူခဲ့ကြတယ်လို့သိရပါတယ်။

စကော့တလန် Glasgow မြို့မှာ ကျင်းပနေတဲ့ ရာသီဥတု ဆိုင်ရာ ထိပ်သီး ညီလာခံ အတွင်း အမေရိကန်နဲ့ အင်ဒိုနီးရှား ခေါင်းဆောင် နှစ်ဦး

တို့ဟာ နိုဝင်ဘာ၁ရက်နေ့က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ မြန်မာ့ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် အိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှု အားလုံး ရပ်တန့်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ဖို့ကို လည်း အမေရိကန် သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo တို့ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်နဲ့အင်ဒိုနီးရှားသမ္မတတို့ ဆွေးနွေးကြတဲ့အချိန်ဟာ တစ်ကမ္ဘာလုံးကိုရိုက်ခတ်ခဲ့တဲ့ ချင်းပြည်နယ်၊ထန် တလန်ကိုစစ်အုပ်စုက

အကြမ်းကြုတ်ဆုံး လုပ်ရပ်ကျူးလွန်ပြီးခါစဖြစ်ပြီး ထန်တလန်ကိစ္စ ဆွေးနွေးခဲ့ခြင်းရှိ၊မရှိ ကိုမူ ဖော်ပြမထားပါဘူး။

‘အင်ဒိုနီးရှားဆိုတာလည်း အာဆီယံရဲ့ ထိပ်မှာရှိနေတဲ့နိုင်ငံပါ။ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်အုပ်စုကို တစ်လျှောက်လုံး ခပ်

ပြတ်ပြတ်ဖိအားပေးလာတဲ့နိုင်ငံဆိုတော့ သူတို့၂ဦးတွေ့ဆုံမှုဟာ မြန်မာ့အရေးအတွက် ကောင်းတဲ့ရလဒ်ပါ’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို စိုးရိမ်ကြောင်း လည်းခေါင်းဆောင် နှစ်ဦး ဆွေးနွေးခဲ့ကြတယ်လို့ လည်းအိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်အုပ်စုဘက်က တာဝန်ယူရေး အတွက်အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှု

ကိုလည်း ထောက်ခံကြောင်း အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့တယ်လို့ကြေညာချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လက်ရှိအချိန်ထိ အာဆီယံမူ၅ရပ်ကို လျစ်လျူရှုနေရုံတင်မက ပြည်သူကိုပစ်မှတ် ထား တဲ့အကြမ်းဖက်လုပ်ရပ်

တွေကို တိုးမြှင့်ကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာကို အာခံနေသလားဆိုတဲ့ မေးခွန်းထွက်ကျလာတယ်လို့ သူကပြောပါတယ်။

Zawgyi

ဒီမိုကေရစီအျမန္က်င့္သုံးနိုင္ေရး စစ္အုပ္စု ေဆာင္ရြက္ရမယ္လို႔ ကန္နဲ႔အင္ဒို သမၼတ သေဘာတူ

အၾကမ္းဖက္စစ္အုပ္စုအေနနဲ႔ ဒီမိုကေရစီအျမန္က်င့္သုံးနိုင္ေရးေဆာင္ရြက္ရမယ္လို႔ အေမရိကန္သမၼတနဲ႔ အင္ဒိုနီးရွားသမၼတတို႔ သေဘာတူခဲ့ၾကတယ္လို႔သိရပါတယ္။

စေကာ့တလန္ Glasgow ၿမိဳ႕မွာ က်င္းပေနတဲ့ ရာသီဥတု ဆိုင္ရာ ထိပ္သီး ညီလာခံ အတြင္း အေမရိကန္နဲ႔ အင္ဒိုနီးရွား ေခါင္းေဆာင္

ႏွစ္ဦးတို႔ဟာ နိုဝင္ဘာ၁ရက္ေန႔က သီးျခားေတြ႕ဆုံ ေဆြးေႏြးခဲ့ရာမွာ ျမန္မာ့ အေရးကိုလည္း ထည့္သြင္း ေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္ အိမ္ျဖဴေတာ္ကထုတ္ျပန္ပါတယ္။

အၾကမ္းဖက္စစ္အုပ္စုအေနနဲ႔ အၾကမ္းဖက္မႈ အားလုံး ရပ္တန႔္ဖို႔နဲ႔ နိုင္ငံေရး အက်ဥ္းသား အားလုံး ျပန္လႊတ္ဖို႔ကို လည္း အေမရိကန္ သမၼတ Joe Biden နဲ႔ အင္ဒိုနီးရွား သမၼတ Joko Widodo တို႔ သေဘာတူခဲ့တယ္လို႔လည္း သိရပါတယ္။

အေမရိကန္နဲ႔အင္ဒိုနီးရွားသမၼတတို႔ ေဆြးေႏြးၾကတဲ့အခ်ိန္ဟာ တစ္ကမၻာလုံးကိုရိုက္ခတ္ခဲ့တဲ့ ခ်င္းျပည္နယ္၊ထန္ တလန္ကိုစစ္အုပ္စုက အၾကမ္းၾကဳတ္ဆုံး လုပ္ရပ္က်ဴးလြန္ၿပီးခါစျဖစ္ၿပီး ထန္တလန္ကိစၥ ေဆြးေႏြးခဲ့ျခင္းရွိ၊မရွိ ကိုမူ ေဖာ္ျပမထားပါဘူး။

‘အင္ဒိုနီးရွားဆိုတာလည္း အာဆီယံရဲ့ ထိပ္မွာရွိေနတဲ့နိုင္ငံပါ။ၿပီးေတာ့ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး စစ္အုပ္စုကို တစ္ေလၽွာက္လုံး ခပ္ျပ

တ္ျပတ္ဖိအားေပးလာတဲ့နိုင္ငံဆိုေတာ့ သူတို႔၂ဦးေတြ႕ဆုံမႈဟာ ျမန္မာ့အေရးအတြက္ ေကာင္းတဲ့ရလဒ္ပါ’လို႔ ရန္ကုန္အေျခစိုက္နိုင္ငံေရးေဆာင္းပါးရွင္တစ္ဦးကေျပာပါတယ္။

ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းမႈကို စိုးရိမ္ေၾကာင္း လည္းေခါင္းေဆာင္ ႏွစ္ဦး ေဆြးေႏြးခဲ့ၾကတယ္လို႔ လည္းအိမ္ျဖဴေတာ္ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ျမန္မာ့အေရး အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ျမန္မာ စစ္အုပ္စုဘက္က တာဝန္ယူေရး အတြက္အာဆီယံရဲ့ ႀကိဳးပမ္းအားထုတ္မႈကိုလည္း ေထာက္ခံေၾကာင္း အေမရိကန္ သမၼတ Biden က ေျပာဆိုခဲ့တယ္လို႔ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

အၾကမ္းဖက္စစ္အုပ္စုဟာ လက္ရွိအခ်ိန္ထိ အာဆီယံမူ၅ရပ္ကို လ်စ္လ်ဴရႈေန႐ုံတင္မက ျပည္သူကိုပစ္မွတ္ ထား တဲ့အၾကမ္းဖက္လုပ္ရပ္ေတြကို တိုးျ

မႇင့္က်ဴးလြန္ေနျခင္းေၾကာင့္ နိုင္ငံတကာကို အာခံေနသလားဆိုတဲ့ ေမးခြန္းထြက္က်လာတယ္လို႔ သူကေျပာပါတယ္။