တောထဲက လူငယ်တွေအပြင်၊ မြို့ပေါ်က UG လူငယ်တွေအပြင် ကိုယ်တို့ အသိအမှတ်ပြုဖို့ မေ့နေတဲ့ လူငယ်တစ်မျိုး ရှိပါသေးတယ်။
သေနတ်နဲ့ပစ်ခတ်ဖြိုခွဲနေတဲ့ကြားက အခုအချိန်ထိ ပြောက်ကျားဆန္ဒပြနေတဲ့ လူငယ်အဖွဲ့တွေပါပဲ။
သူတို့မှာ အဲ့လို ပြောက်ကျားသပိတ်လေး ဖြစ်လာဖို့ Risk အရမ်းယူရပါတယ်။
ပေါ်တင်ဆန္ဒပြနေတာ ဖြစ်တဲ့အတွက် သူတို့ဟာ ဆန္ဒပြပြီးတာနဲ့ နေရာတွေ မျိုးစုံရွှေ့ရတယ်။
အိမ်ငှါးမရတဲ့ အခက်အခဲတွေ ကြုံရတယ်။ ဖမ်းဆီးခံရတာတွေ ရှိတယ်။
မြို့ပေါ် ပြောက်ကျားသပိတ်အဖွဲ့ဖြစ်တဲ့အတွက် UG တွေလိုပဲ ထောက်ပံ့မှုနည်းသလို ထောက်ပံ့ဖို့ ချိတ်ဆက်ရတာတောင် ခက်ခဲပါတယ်။
ဒါပေမယ့် ကုန်ကျစားရိတ်လည်း များပါတယ်။ နေရာစုံရွှေ့ပြောင်းနေထိုင် ဆန္ဒပြနိုင်ဖို့ အတော်ရုန်းကန်ကြရပါတယ်။
ကိုယ်ချိတ်ဆက်ထောက်ပံ့နေတဲ့ ပြောက်ကျားသပိတ်အဖွဲ့လေးက သူတို့လှုပ်ရှားမှုလေးတွေ အမြဲပို့ပေးလေ့ရှိတယ်။
ပြီးခဲ့တဲ့ရက်က သူတို့ပို့လာတဲ့ Video File လေးတစ်ခုမှာ ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခုကို မြင်ရတယ်။
သူတို့ ပြောက်ကျားသပိတ်စစ်ကြောင်းလေး လမ်းပေါ် ဝုန်းခနဲပေါ်လာတယ်။ အလံတွေကို ဖြန့်လိုက်တယ်။
ကြွေးကြော်သံတွေ ဟစ်ကြွေးတယ်။ Video File ထဲမှာ မြင်ရတာ သူတို့ဆန္ဒပြတာ သုံးမိနစ် လေးမိနစ်ပေါ့။
အဲ့ထက်မပိုပါဘူး။
သူတို့ ဆန္ဒပြနေလို့ လမ်းလေး သုံးမိနစ်လောက် ပိတ်သွားတာကို နောက်က ကားတစ်စီးက ဟွန်းတတီတီ တီးတယ်။
ကလေးတွေမှာ ဟန်းစပီကာ ယူလာလို့ မလွယ်တဲ့ ပြောက်ကျားသပိတ်ဖြစ်တာကြောင့် အဲ့ဟွန်းသံကိုကျော်အောင် အသံပြာမတတ် အော်
နေကြရတယ်။အချိန်လေး သုံးမိနစ်လောက်ပါ။သူတို့က အသက်တွေ၊ ဘဝတွေရင်းပြီး အသံမတိတ် အလံမလိပ်ကြောင်း ပြနေတာ။
မိသွားရင် အသေပစ်သတ်ခံရနိုင်သလို ဖမ်းဆီးပြီး ထောင်နှစ်ရှည်ချနိုင်တယ်။
ဒီအချိန်လေး သုံးမိနစ်တောင် မပေးနိုင်တဲ့ နွားတွေကပါ ငါတို့ဒီမိုကရေစီရရင် ရောရကြဦးမယ် ငါ့မောင်ရေဆိုတော့ သူက ပြောတယ်။
ခေတ်တိုင်းမှာ Gen Lee တွေ ရှိတယ်အမ။သူတို့ကို ထည့်တွက်မနေနဲ့တဲ့။ သူကပါ ကိုယ့်ပြန်အားပေးသွားသေးတယ်။
ဒီမျိုးဆက်လူငယ်တွေရဲ့ ဇွဲ၊ သတ္တိ၊ ခံယူစိတ်ဟာ မလေးစားပဲ မနေနိုင်အောင်ပဲ။
ဒီလူငယ်တွေ ဦးဆောင်နေတဲ့ ဒီပွဲ မနိုင်စရာကို မရှိတာ။ဟုတ်ကဲ့။
နိုင်မှာ ဖျာဝင်ခင်းတဲ့ Gen Lee တွေကိုတော့ အတိုးနဲ့ပါ ကင်မှာပါ။