ၾကားသိသမွ်

အဆိပ်ပြင်းအသားစားပဒူ အကိုက်ခံလိုက်ရတဲ့ ဒါရိုက်တာကိုပေါက် ဒေသခံတွေ အပြောအရ သူ့အဆိပ်ဘယ်လောက်ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါဖြူ

အဆိပ်ပြင်းပဒူ အကိုက်ခံလိုက်ရတဲ့ ဒါရိုက်တာကိုပေါက်

ပြည်သူ့ဘက်တော်သားကြီးတစ်ဦးဖြစ်တဲ့ ဒါရိုက်တာကိုပေါက်က လွတ်မြောက်

တစ်နေရာကနေ PDF ရဲဘော်တွေအတွက် လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးနေရှာသူပါ ..

အဓိက တာဝန်ယူလုပ်ကိုင်ပေးနေတာကတော့ အစားအသောက်အတွက် စားဖိုမှုးကြီးပေါ့..

မနေ့က ထုံးစံအတိုင်း ရှားရှားပါးပါး အသားဟင်းလေးရခိုက်မို့ ပျော်ရွှင်စွာနဲ့

ချက်ပြုတ်နေတုန်း ပဒူအကိုက်ခံလိုက်ရပါတယ်” လက်မှာပူကနဲရှိန်းကနဲ့ဖြစ်သွားပြီး

လက်ကလှုပ်လို့မရတော့ဘူး.. တဖြည်းဖြည်း အဆိပ်က တံတောင်ဆစ်ရောက်လာတယ်

တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက်လာတယ် လက်တစ်ခုလုံးထုံကျင်လာပြီး

ဘယ်လိုမှ နေလို့မရတော့ဘူး ဒါနဲ့ပဲ ဆေးထိုးဖို့ ပြေးရတော့တယ် CDM ဆရာမတစ်ယောက်က

အဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှ သက်သာသွားတာပြန်လည်းရောက်ရော တစ်ကိုယ်လုံး

ချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့် အဖျားကတက်လာတယ် လည်ချောင်းတွေခြောက်ပြီး

ရေဆာသလိုကြီး တစ်ညလုံးဖြစ်တာ.. အကိုက်တော့ကျသွားပေမယ့် တစ်ညလုံးဖျားတယ်

ဒီမနက်တော့အတော်သက်သာသွားပါပြီ..

လို့ဆိုခဲ့ပြီး အကိုက်ခံရတဲ့ပဒူအမျိုးအစားကိုတော့” ကျနော့်ကို ကိုက်တဲ့ပဒူက တွေ့နေကျ အနီရောင်

ပဒူမဟုတ်ဘူးအမဲရောင်နဲ့အဝါရောင်စပ်ကျား.. ဟင်းချက်နေတာကို ဘေးမှာအသားတွေ

လာစားနေတာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ အသားစားပဒူပေါ့ .. ဒေသခံတွေ အပြောအရ

သူ့အဆိပ်ဘယ်လောက်ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါဖြူကုန်တာတဲ့

ဟုတ်မဟုတ်တော့ မသိဘူး.. မနေ့ကတော့ အတော်ခံလိုက်ရတယ်” လို့ ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်…
မိုးခါးမယ်

Zawgyi

အဆိပ္ျပင္းပဒူ အကိုက္ခံလိုက္ရတဲ့ ဒါရိုက္တာကိုေပါက္
ျပည္သူ႔ဘက္ေတာ္သားႀကီးတစ္ဦးျဖစ္တဲ့ ဒါရိုက္တာကိုေပါက္က လြတ္ေျမာက္

တစ္ေနရာကေန PDF ရဲေဘာ္ေတြအတြက္ လိုအပ္သမၽွ ကူညီျဖည့္ဆည္းေပးေနရွာသူပါ ..
အဓိက တာဝန္ယူလုပ္ကိုင္ေပးေနတာကေတာ့ အစားအေသာက္အတြက္ စားဖိုမႈးႀကီးေပါ့..

မေန႔က ထုံးစံအတိုင္း ရွားရွားပါးပါး အသားဟင္းေလးရခိုက္မို႔ ေပ်ာ္ရႊင္စြာနဲ႔
ခ်က္ျပဳတ္ေနတုန္း ပဒူအကိုက္ခံလိုက္ရပါတယ္” လက္မွာပူကနဲရွိန္းကနဲ႔ျဖစ္သြားၿပီး

လက္ကလႈပ္လို႔မရေတာ့ဘူး.. တျဖည္းျဖည္း အဆိပ္က တံေတာင္ဆစ္ေရာက္လာတယ္
တံေတာင္ဆစ္ကေန လက္ေမာင္းရင္းေရာက္လာတယ္ လက္တစ္ခုလုံးထုံက်င္လာၿပီး

ဘယ္လိုမွ ေနလို႔မရေတာ့ဘူး ဒါနဲ႔ပဲ ေဆးထိုးဖို႔ ေျပးရေတာ့တယ္ CDM ဆရာမတစ္ေယာက္က
အဆိပ္ေျဖေဆးထိုးေပးလိုက္ေတာ့မွ သက္သာသြားတာျပန္လည္းေရာက္ေရာ တစ္ကိုယ္လုံး

ခ်မ္းတုန္လာၿပီး အဆိပ္အရွိန္ေၾကာင့္ အဖ်ားကတက္လာတယ္ လည္ေခ်ာင္းေတြေျခာက္ၿပီး

ေရဆာသလိုႀကီး တစ္ညလုံးျဖစ္တာ.. အကိုက္ေတာ့က်သြားေပမယ့္ တစ္ညလုံးဖ်ားတယ္
ဒီမနက္ေတာ့အေတာ္သက္သာသြားပါၿပီ..

လို႔ဆိုခဲ့ၿပီး အကိုက္ခံရတဲ့ပဒူအမ်ိဳးအစားကိုေတာ့” က်ေနာ့္ကို ကိုက္တဲ့ပဒူက ေတြ႕ေနက် အနီေရာင္
ပဒူမဟုတ္ဘူးအမဲေရာင္နဲ႔အဝါေရာင္စပ္က်ား.. ဟင္းခ်က္ေနတာကို ေဘးမွာအသားေတြ

လာစားေနတာ ဂၽြတ္ဂၽြတ္ ဂၽြတ္ဂၽြတ္နဲ႔ အသားစားပဒူေပါ့ .. ေဒသခံေတြ အေျပာအရ
သူ႔အဆိပ္ဘယ္ေလာက္ျပင္းသလဲဆိုရင္ ေခါင္းကိုတုတ္မိရင္ ဆံပင္ေတြပါျဖဴကုန္တာတဲ့

ဟုတ္မဟုတ္ေတာ့ မသိဘူး.. မေန႔ကေတာ့ အေတာ္ခံလိုက္ရတယ္” လို႔ ဒါရိုက္တာကိုေပါက္က ေျပာျပခဲ့သည္…
မိုးခါးမယ္