ရှောင်ရန်၊ ဆောင်ရန်များ
စခတွေ ဝင်တော့မယ် သတင်းရလို့ သာမန်ပြည်သူတွေအနေနဲ့ ရှောင်ကြ တိမ်းကြရတော့မယ်ဆိုရင်
ကျန်တဲ့ ပြင်ဆင်မှုအပိုင်းတွေထက်အရေးကြီးတာ တစ်ခုကို ကျွန်တော်တို့ နားလည်သလောက် အကြံဉာဏ်ပေးချင်ပါတယ်
စစ်ခွေးတွေ ကိုင်တဲ့ သေနတ်တွေက မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ ဝန်းကျင်တွေ အကိုင်များတယ်လို့ သိရပါတယ်
(ယေဘုယျ လိုရင်းတိုရှင်းကို ပြောတာပါ သေနတ်က အမျိုးမျိုးရှိပါမယ်)
မီတာ ၄၀၀ဆိုတာ ပေ ၁၀၀၀ ကျော်ပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြားနေ မြင်နေကျ
တူမီးတွေ၊ လက်လုပ်သေနတ်တွေက ကျည်ဆန်တွေလိုပေ ၁၀၀၊ ၂၀၀ လောက်ပဲ ရောက်တာ မဟုတ်ဘူးဆိုတာ
ကောင်းကောင်း နားလည်ထားရပါမယ်ဒါကြောင့် ပြေးတဲ့ လွှားတဲ့အခါမှာ စခတပ်၊ လက်နက်ကိုင်ထားသူ(သို့မဟုတ်) မိမိကို
လှမ်းပစ်ကောင်း ပစ်နိုင်တဲ့သူ တစ်ယောက်ယောက်တစ်ဖွဲ့ဖွဲ့နဲ့ အနည်းဆုံး ပေ ၁၅၀၀ခန့် ကွာနေမှ စိတ်ချရပါတယ်
ကိုယ့်ကို ပစ်လိုက်တဲ့ အကွာအဝေးကပေ၅၀၀ဝန်းကျင် ဆို ချက်ချင်းသေနိုင်ပါတယ်ပေ၁၀၀၀အတွင်းဆို အသက်အန္တရာယ်နီးကပ်ပါတယ်
အဲဒီတော့ ပြောချင်တာက လက်နက်ကိုင်အဖွဲ့က ကိုယ်နဲ့ ပေ၁၀၀၀ လောက်အကွာ ရောက်နေပြီ၊ ကိုယ့်ကိုလည်း
မြင်သွားပြီဆိုရင် မပြေးသင့်တော့ဘူးလို့ ပြောချင်တာပါ
လှုပ်ရှားပစ်မှတ်ဆိုရင် သူတို့က တန်းပစ်တော့တာမို့စိုးရိမ်လို့ရယ် ခုပြည်သူတွေအတော်များများ ကြောက်အားလန့်အားနဲ့ ထပြေးရင်း
ပစ်သတ်ခံရတာမျိုးတွေ တွေ့နေရလို့ရော ပြောတာပါမပြေးဘဲနဲ့နေလို့ မပစ်ဘူးလားဆိုတော့
သူတို့ပစ်ချင်ရင်တော့ ပစ်တာပါပဲ😒အပေါ်က ပြောခဲ့တဲ့ အခြေအနေမျိုး စခတွေ ကိုယ်နဲ့ နီးကပ်နေပြီဆိုရင်
-ပုန်းစရာနေရာ ရှာပြီး ပုန်းပါ-နေရာ မတွေ့သေးရင် အရင်ဆုံး မြေပြင် ဒါမှမဟုတ်ကြမ်းပြင်မှာ ပြားနေအောင် ဝပ်နေပါ
-ပြီးလျှင် အနီးဆုံးကျည်ကွယ်ရာကို တွားသွားပါအဲ့ဒီနည်းနဲ့ လုံခြုံတဲ့နေရာကို ရောက်အောင်
တစ်ဆင့် ချင်းသွားပါပြေးမယ်ဆိုလျှင် လက်နက်ကိုင်တွေ ကိုယ့်အနီး ပေ ၁၅၀၀လောက် အကွာကို ရောက်မလာခင်
ပြေးလွှား ရှောင်တိမ်းသင့်ပါတယ်သတင်းpageတွေကို ကြည့်ပါတစ်ရွာနဲ့ တစ်ရွာ ဖုန်းနဲ့ ချိတ်ဆက်စုံစမ်းပါ
လက်နက်ကိုင်အဖွဲ့ ကိုယ်နဲ့ နီးကပ်လာတဲ့အထိ မစောင့်ဘဲစောစော ကြိုတင်ပြင်ဆင်ပြီး ရှောင်တိမ်းပါခင်ဗျာ…။