ထန်တလန်မြို့မီးရှို့မှု အပါအဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင်ရိုင်းစိုင်း စက်ဆုပ်ရွံရှာဖွယ်် တိုက်ခိုက်မှုများကို နိုင်ငံတကာက အမြန်
ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော
ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးရှို့မှုအပါဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင် ရိုင်းစိုင်းသည့် ကျူးလွန်မှုများကို နိုင်ငံတကာက အမြန်ဆုံး
အရေးယူရန် လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။
ခရစ်ယာန်ဘုရားကျောင်းများနှင့် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ချင်းပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များ
ကျူးလွန်သောကမ်းကုန်အောင်ရိုင်းစိုင်းသည့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်း
စိုးရိမ်မိကြောင်း ပြောဆိုသည်။
ပြည်သူလူထု၊ ပြည်သူလူထု၏အိုးအိမ်များ၊ ဝတ်ပြုဆုတောင်းရာနေရာများကို ရက်ရက်စက်စက်လုပ်ပြသည့်လုပ်ရပ်ဖြင့် မြန်မာ
ပြည်သူလူထု၏
အသက်များနှင့် လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် စစ်အာဏာရှင်၏လုပ်ရပ်ကို အမေရိကန်က
ကန့်ကွက်ရှုတ်ချကြောင်း၊ မြန်မာစစ်တပ်၏စက်ဆုပ်ရွံရှာဖွယ်တိုက်ခိုက်မှုများက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို
တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် စစ်တပ်ကိုလက်နက်များလွှဲပြောင်းပေးနေမှုပိတ်ပင်တားဆီခြင်းအပါအဝင်ကမ်းကုန်အောင်
ရိုင်းစိုင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အမြန်ဆုံးအရေးယူရန်လိုအပ်နေသည့်ကို မီးမောင်းထိုးပြနေသည်ဟု အမေရိကန်
ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် နိုင်ငံအတွင်းနေရာအများအပြား၌ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးအရှိန်မြှင့်
တင်နေခြင်းနှင့်ပတ်သက်၍လည်းမိမိတို့များစွာစိုးရိမ်မိကြောင်း၊ အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်
လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကိုအားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး ပြန်လည်ဖော်ဆောင်ရန်အတွက်
စစ်အာဏာရှင်ကိုတောင်းဆိုသည်ဟု အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ပြောဆိုသည်။
စစ်အာဏာရှင်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့်၊ ဆက်လက်ကျူးလွန်နေသည့် ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှုများ
အတွက် တာဝန်ယူမှု၊တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်က ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကို ဒီမို
ကရေစီလမ်းကြောင်းပြန်လည်ဖော်ဆောင်ရေးနှင့်အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် ကြိုး ပမ်းဆောင်ရွက်နေကြသူ
အားလုံးကို မိမိတို့ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်
နက်ပရိုက်စ်က ပြောဆိုသည်။
Khit Thit Media