ၾကားသိသမွ်

မြောင်-ရေစကြို နယ်စပ်တွင် အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ထောင်နဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးနေရ (ရုပ်/သံ)

မြောင်-ရေစကြို နယ်စပ်တွင် အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ရှောင် ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ၁၅ ဦးခန့် ဖမ်းဆီး

သွား၊ ထောင်နဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးနေရ (ရုပ်/သံ)

မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ် ထိစပ်ဒေသရှိ မြစ်ဆုံ၊ မြစ်သာ၊ ရွှေလှံ၊ သုခတိပ၊ ဆင်လှောင်ကျေးရွာများအတွင်းသို့ ယနေ့ နိုဝင်ဘာလ

၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ ပြည်သူ ၁ ဦးအား ပစ်သတ်ပြီး အခြားစစ်

ရှောင်ပြည်သူ ၁၅ ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဒီမနက် မိုးလင်းလင်းခြင်းကို ဝင်စီးတာ၊ အရပ်ဝတ်တွေနဲ့လာတာ။ သူတို့က လက်နက်ကြီးတွေရော သေနတ်တွေရော ပစ်တာ။ ၁ ယောက်

သေသွားတယ်၊ မြစ်ဆုံရွာသား ၁၅ ယောက်လောက် အဖမ်းခံရတယ်၊ ရွာသားအစစ်တွေပါဗျာ။ စစ်ခွေးတွေက စစ်ကိုင်းဘက်ရှေ့တန်းမ

ထွက်ချင်တိုင်း လက်နက်မရှိတဲ့ ရွာတွေကို လာပြီး သောင်းကြမ်းဖမ်းဆီးနေတာ” ဟု ထွက်ပြေးလွတ်မြာက်ခဲ့သူ ဒေသခံ ရွာသား ၁ ဦးမှ ရန်

ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

ယခုလို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ မနက်အစောပိုင်းတွင် ဝင်ရောက်လာမှုကြောင့်

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်၊ ဧရာဝတီ-ချင်းတွင်း မြစ်ဆုံဒေသရှိ မြစ်ဆုံ၊ မြစ်သာ၊ ရွှေလှံ၊ သုခတိပ၊ ဆင်လှောင် စသည့် ရွာ ၅ ရွာမှ

ထောင်နှင့်ချီသည့် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။  Khit thit

Zawgyi

ေျမာင္-ေရစႀကိဳ နယ္စပ္တြင္ အရပ္ဝတ္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက စစ္ေရွာင္ ျပည္သူ ၁ ဦးကို ပစ္သတ္ၿပီး ၁၅ ဦးခန႔္ ဖမ္းဆီးသြား၊ ေထာင္နဲ႔ခ်ီတဲ့ ရြာသားေတြ ထြက္ေျပးေနရ (႐ုပ္/သံ)

ေျမာင္ၿမိဳ႕နယ္ႏွင့္ ေရစႀကိဳၿမိဳ႕နယ္ ထိစပ္ေဒသရွိ ျမစ္ဆုံ၊ ျမစ္သာ၊ ေရႊလွံ၊ သုခတိပ၊ ဆင္ေလွာင္ေက်းရြာမ်ားအတြင္း

သို႔ ယေန႔ နိုဝင္ဘာလ ၁ ရက္ နံနက္ ၆ နာရီဝန္းက်င္တြင္ အရပ္ဝတ္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္စီးနင္းကာ ျပည္သူ ၁ ဦးအား ပစ္သတ္ၿပီး အျခားစစ္ေရွာင္ျပည္သူ ၁၅ ဦးကို ရိုက္ႏွက္ဖမ္းဆီးသြားေၾကာင္း သိရွိရသည္။

“ဒီမနက္ မိုးလင္းလင္းျခင္းကို ဝင္စီးတာ၊ အရပ္ဝတ္ေတြနဲ႔လာတာ။ သူတို႔က လက္နက္ႀကီးေတြေရာ ေသနတ္ေတြေရာ ပစ္

တာ။ ၁ ေယာက္ေသသြားတယ္၊ ျမစ္ဆုံရြာသား ၁၅ ေယာက္ေလာက္ အဖမ္းခံရတယ္၊ ရြာသားအစစ္ေတြပါဗ်ာ။ စစ္ေခြးေတြက စစ္ကိုင္းဘက္ေရွ႕တန္းမထြက္ခ်င္တိုင္း လက္နက္မရွိတဲ့ ရြာေတြကို လာၿပီး ေသာင္းၾကမ္းဖမ္းဆီးေနတာ” ဟု ထြက္ေျပး

လြတ္ျမာက္ခဲ့သူ ေဒသခံ ရြာသား ၁ ဦးမွ ရန္ကုန္ေခတ္သစ္သို႔ အတည္ျပဳေျပာဆိုသည္။

ယခုလို အၾကမ္းဖက္စစ္ေကာင္စီမွ လက္နက္ႀကီးလက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ကာ မနက္အေစာပိုင္းတြင္ ဝင္ေရာက္လာမႈေၾကာင့္ စစ္ကို

င္းတိုင္းႏွင့္ မေကြးတိုင္းနယ္စပ္၊ ဧရာဝတီ-ခ်င္းတြင္း ျမစ္ဆုံေဒသရွိ ျမစ္ဆုံ၊ ျမစ္သာ၊ ေရႊလွံ၊ သုခတိပ၊ ဆင္ေလွာင္ စသည့္

ရြာ ၅ ရြာမွ ေထာင္ႏွင့္ခ်ီသည့္ ေဒသခံမ်ားသည္ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။ Khit thit