ၾကားသိသမွ်

တပ်ထောက်ခံပွဲတွင် တပ်မိသားစုများမပါဝင်ပါက ရှေ့တန်းပိုခံရမည်ဟု စစ်ကောင်စီခြိမ်းခြောက်ညွန်ကြားထား

စစ်တပ်ထောက်ခံပွဲများတွင် တပ်မိသားစုများ မဖြစ်မနေပါဝင်ရန်နှင့်လိုက်နာမှုမရှိပါက ရှေ့တန်း ပို့ခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ညွှန်ကြား

ယခုရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းမြို့ကြီးများတွင် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲများ ပြုလုပ်လျက်ရှိပြီး အဆိုပါတပ်ထောက်ခံပွဲများကို

တပ်မိသားစုဝင်များ တအိမ်လျှင်တယောက် မဖြစ်မနေပါဝင်ရမည်ဟု ညွှန်ကြားထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းများရှိ အရာရှိ/စစ်သည် မိသားစုဝင်များ အနေဖြင့် တပ်မတော်ထောက်ခံပွဲကို မဖြစ်မ

နေ လိုက်ပါရမည်ဟု အမိန့်ပေးညွှန်ကြားထားကြောင်း နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းထံက သိရသည်။

ထို့ပြင် အဆိုပါတပ်ထောက်ခံပွဲသို့ လိုက်ပါခြင်း မရှိသည့်နေအိမ်မှ အရာရှိ၊ စစ်သည်များနှင့် တပ် မိသားစုများအနေဖြင့် တပ်တွင်းရိက္ခာ

အတွက် အလုပ်ကြမ်း လိုက်လုပ်ရမည်ဖြစ်ကြောင်းနှင့် စစ်ရေးလိုအပ်ချက်အရ ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံရမည်ဟု ညွှန်ကြားထားကြောင်း

သိရသည်။


“ရန်ကုန်ကတော့ ခုထိမလုပ်ရသေးဘူး။ လုံခြုံရေး အခြေအနေအရပေါ့။လုပ်ဖို့တော့ညွှန်ကြားထားတယ်။ ၁၄၄ ထုတ်မထားတဲ့မြို့တွေမှာ

လုပ်ဖြစ်မယ်ထင်တယ်။ တပ်ရင်းထဲမှာ မိသားစုဝင် တအိမ်တယောက် မပါမနေရတဲ့။ စစ်တပ်ကပဲ လုံခြုံရေးရော ကားကအစစီစဉ်ပေးရ

တယ်။ တပ်ရင်းထဲက လိုင်းခန်းအတိအကျနဲ့ လူအရေအတွက် ထည့် ပေးရတယ် ။ မထည့်ပေးနိုင်ရင် ကျနော်တို့က ရှေ့တန်း ပို့ခံရလိမ့်

မယ်”ဟု တိုက်ကြီးမြို့နယ်အတွင်းရှိ တပ်ရင်းတခုမှ စစ်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်မတော် ထောက်ခံပွဲများကို နိုင်ငံအတွင်းရှိ မြို့နယ်တချို့တွင် လူရာနှင့်ချီကာ ကျင်းပနေသော်လည်း အများစုသည် စစ်သည် မိသားစု

ဝင်များဖြစ်ပြီး အာ ဏာသိမ်း စစ်တပ်ကို ထောက်ခံသည့် စစ်မှုထမ်း ဟော င်းများနှင့်အမျိုးသားရေး လှုပ်ရှားသူ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး

နှင့် ဖွံ့ဖြိုးရေးပါတီ USDP အမာခံများသာ ပါဝင်ကြောင်း သိရသည်။

ယင်းသို့ စစ်တပ်ထောက်ခံပွဲများပြုလုပ်နေချိန်တွင် စစ်ကောင်စီ၏ကျန်းမာရေးဌာနကလည်း ကိုဗစ်ရောဂါကူးစက်မှုလျော့ကျလာသဖြင့် လူ

တစ်ရာအထိစုဝေးခွင့်ပြုနိုင်သည်ဟု ပြန်လည်ဖြေ လျှော့ပေးခဲ့ကြောင်း သိရသည်။
AyeyarwaddyTimes