အာဏာသိမ်းစစ်ခေါင်းဆောင် နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်
ဧည့်ခန်းမဆောင်တွင် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့တွင် တွေ့ဆုံပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း
အောင်လှိုင်က အနုပညာကဏ္ဍ(၄)ခုအတွက်ကျပ်သိန်း(၁၀၀၀)စီ ပေးအပ်ကြောင်း သိရသည်။
အဖြူရောင် မအေလိုကျော်ဇေယျသား မိုးယံဇွန်၊ အဖြူရောင်ဒါရိုက်တာ မောင်ဇော်(အရုဏ်ရူး)၊ အဖြူရောင် ဖင်ညပ် ရင်လတ်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရပ်ဝန်းအသီးသီးအတွက် ရံပုံငွေ
စုစုပေါင်း ကျပ်သိန်း (၄၀၀၀) နှင့် ဆန် အိတ်(၁၀၀)၊ဆီ ပိဿာ(၅၀၀)နှင့် ပဲ ပိဿာ(၃၀၀)တို့ကို ပေးအပ်ခြင်းဖြစ်သည်။
အဖြူရောင်ယုန်လေးနှင့် အဖြူရောင်မယ်လိုဒီ
ထိုသို့ ပေးအပ်သည်ကို မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်း ရေးမှူး ဦးညွန့်တင်၊ တွဲဘက်အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင် (လယ်ဝေး) )၊ မြန်မာနိုင်ငံရုပ်ရှင်ကဏ္ဍမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦး၊ မြန်မာနိုင်ငံသဘင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံသဘင်အစည်း အရုံး အမှုဆောင် ဦးဌေးလွင်၊
အဖြူရောင် ကိုရန်လေး
မြန်မာနိုင်ငံဂီတ ပညာရှင်များကိုယ်စားမြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်တို့ က လက်ခံရယူခဲ့
သည်ဟု အာဏာသိမ်းစစ်တပ်၏ website တွင် ဖော်ပြထားသည်။
အဖြူရောင်လူကြမ်းအောင်ခိုင် နှင့် အဖြူရောင် ဂျေနီ
အဖြူရောင် တေးသံရှင်အမေ တက္ကသိုလ်လဲ့လဲ့နှင့် မြေးဖြစ်သူ ထောင်ထဲရောက်နေသည့် အဖြူရောင် တေးသံရှင် အမေ ထား
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီးကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူ ဦးကြည်
စိုးထွန်း၊ရန်အောင်၊ မိုးယံဇွန်၊ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ အောင်ခိုင်၊ ဂျေနီ၊ တက္ကသိုလ်လဲ့လဲ့၊ အမေထားနှင့် အနုပညာရှင်များ တက်
ရောက်ကြောင်း သိရသည်။