ဆူဒန်နှင့် ထန်တလန်ကပေးသော သင်ခန်းစာ
ယခုတလော စစ်တပ်တွေဟာ အာဏာသိမ်းပြီး အရူးထလာတာတွေ့ရပါတယ်။ မအလအာဏာသိမ်းခါစမှာ စာရေးသူတို့ မျှော်မှန်းခဲ့တာက
ဆူဒန်လိုများ ပြောင်းလဲလာမှာလားဆိုတာပါ။ ဒါပေမယ့် ဆူဒန်မှာလဲ မအလလိုအကောင်က နောက်လပိုင်းမှာ သူအာဏာစွန့်ရမှာမိုလို့ အရူး
ထပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဏာမသိမ်းခင် နာရီပိုင်းအလိုမှာ အမေရိကန်က ဝင်ညှိပေးပါသေးတယ်။ တရုတ်နဲ့ ရုရှား မြန်မာပြည်က
ပြန်သွားသလိုပေါ့။ သူကအဆင်ပြေသလိုပြောပြီး အမေရိကန်အဖွဲ့ပြန်သွားအပြီး နာရီပိုင်းအကြာမှာ အာဏာသိမ်းခဲ့တာပါ။ ဆူဒန်ဟာလဲ
မြန်မာပြည်လို စီးပွါးရေးဆိုးရွားနေတာပါ။
အာဏာသိမ်းရတဲ့ နောက်အကြောင်းတစ်ခုက အာဏာရှင်ဟောင်း အိုမာဘာရှားကို အရပ်သား
အစိုးရက ICC ကို လွှဲပေးခဲ့ရင် ဘာရှားက ဖော်ကောင်လုပ်ရင် လက်ရှိတပ်ထဲက စစ်ဗိုလ်ချုပ်တွေပါ အမှုပတ်မှာမိုလို့ပါ။ ဆူဒန်ကလော်ဘီ
ကလဲ မအလတို့ငှါးတဲ့ ကနေဒါ လော်ဘီပါဘဲ။ ဒါ့ကြောင့် ဆူဒန်နဲ့ မအလတို့ဟာ တွေးခေါ်ပုံတူညီပါတယ်။ ဆူဒန်မှာလဲ တောင်ပိုင်းမှာ သူပုန်တွေရှိပါတယ်။
ဆူဒန်နဲ့ မြန်မာပြည် ဘာကွာလဲ။ စစ်တပ်ယုတ်မာတာတွေက အတူတူပါဘဲ။ စစ်ခေါင်းဆောင် အာဏာရူးတာလဲ တူပါတယ်။ ICC ရောက်
နိုင်တာလဲ တူပါတယ်။ ပြည်သူကို သတ်တာလဲ တူပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာက တရားဝင်အစိုးရ ပြည်သူ့ခေါင်းဆောင် DASSK ရှိ
နေပါတယ်။ ရွေးကောက်ပွဲ နိုင်ထားတဲ့ အစိုးရအဖွဲ့ရှိတာ ကွာပါတယ်။ ဆူဒန်က ၁၉၈၈ ကညအတိုက်အခံ အခြေအနေပါ။ နောက်မအ
လဟာ NLD ထဲက DASSK က အစ သဘောထားပျော့ပြောင်းသူအားလုံးကို ဖမ်းလိုက်လို့ ပြည်သူတွေက တွေဝေမနေတော့ပါ။ အစပိုင်း
မှာ လက်နက်မကိုင်ဘဲ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့လို့ ယခုက လက်နက်ကိုင်တော်လှန်နေကြပါပြီ။ ယခုဆို PDF တွေဟာ အာဏာသိမ်း
အပြီး ၉ လအတွင်းမှာ အလွန်အားကောင်းနေပြီး မအလကို စိန်ခေါ်နိုင်နေပါပြီ။ ဆူဒန်က သုံးနှစ်လောက်အချိန်ပုတ်သွားခဲ့ပါတယ်။ ဒါ့ကြော
င့် ဆူဒန်က ဒီမိုတွေလို စာရေးသူတို့ ဒီမိုတွေက အမှားမလုပ်မိခဲ့ပါ။ ဒါ့ကြောင့် ယခုအချိန် စာရေးသူတို့ပြည်သူမှာ အားကိုးရတဲ့ PDF တွေ ရှိနေခဲ့ပါပြီ။
ဒါဆိုထန်တလန်ကနေ ဘာသင်ခန်းစာယူရမလဲ? မအလတပ်က လုပ်ပြနေတာက အိမ်တွေကိုမီးရှို့ အရပ်သားတွေကိုဖမ်းပြ ဖြတ်လေးဖြတ်
လုပ်ပြရင် ပြည်သူက PDF ကို ဖိအားပေးမယ် ဒါဆိုရင် သူတို့နိုင်မယ်လို့ ယခင်က ဗကပကိုတိုက်ခဲ့စဉ်က အတွေးအခေါ်နဲ့ လုပ်နေတာပါ။ ဒါ
တွေဟာ ရိုဟင်ဂျာကို သွားလုပ်ချိန်မှာ ဟိုကထွက်ပြေးပြီး သူ့ကို ICC ပို့ထားခဲ့ပါပြီ။ သူတို့အနာခံပြေးခဲ့လို့ မအလဟာ ICJ ကို ရောက်နေ
ပြီး ICC ကိုလဲ ရောက်တော့မှာပါ။ ရခိုင်မှာ သွားလုပ်ချိန်မှာ ရခိုင်လူမျိုးတွေက AA ကို ဖိအားမပေးဘဲ မအလကို ခံချကြလို့ AA က နယ်မြေ
စိုးမိုးမှု ရလာနေပြီး ရခိုင်တွေက လွတ်လပ်ရေးကို အတန်အသင့် ရလာနေပါပြီ။ သူတို့အနာခံခဲ့လို့ အသာစံရတာပါ။
ယခုထန်တလန်ကို မအလက မီးရှို့ပြီး သူ့ရဲ့လော်ဘီတပ်ကြပ်ကြီး ခွေးဖိုးစီတို့ နန့်မီမီဇော်တို့လို ခွေးအကောင့်တွေက အားရကြောင်းတင်
ချိန်မှာ ကမ္ဘာက သက်သေအထောက်အထားရသွားခဲ့ပါပြီ။ ဒါတင်မဟုတ်ဘဲ ပြည်သူတွေကလဲ မကြောက်သွားတဲ့အပြင် ပြည်မမှာ ထန်တ
လန်အတွက် ဆန္ဒပြပွဲတွေ တိုးလာသလို ပြည်ပနိုင်ငံခြားရောက် မြန်မာတွေကလဲ ထန်တလန်အတွက်လှူ NUGရဲ့ PDF အတွက် ပိုလှူ
လာကြပါတယ်။ ဒါက မအလဖက်ဆစ်တပ်က ကြောက်စေလိုပေမယ့် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုပါ။ အချို့ဆို ထန်တလန်မီးပုံကို
ကြည့်ပြီး လက်နက်ကိုင်တော်လှန်ဖို့ PDF ထဲ ဝင်သွားသူတွေတောင် ရှိနေပါတယ်။
အကျဉ်းချုပ်အနေနဲ့က ဆူဒန်ကြည့်ကြည့် မာလီကြည့်ကြည့် စစ်ခွေးဟာ စစ်ခွေးပါ။ ခွေးကျင့် ခွေးကြံ ခွေးတွေး တွေးပါတယ်။ ခေါင်းဆောင်
က ပြစ်မှုကျူးလွန်သလို လက်အောက်ကကောင်တွေကလဲ ခိုးထား ပြစ်မှုကျူးလွန်ထားလို့ အများစုက သူခိုး ဓားမြ မုဒိမ်းကောင်တွေပါ။
ကောင်းသူရှိလားဆိုတော့ DASSK အစိုးရအဖွဲ့ထဲပါသူ စစ်သားတွေထဲက တစ်ယောက်သော သာဝန်သာ အဖမ်းခံပြီး ဒီမိုလုပ်ပြသွားတာပါ။
ဒါဆိုရင် အခြေအနေမှန်ကိုသိကြမှာပါ။ တိုက်စရာရှိတာတိုက်ပါ။ လှူစရာရှိတာလှူပါ။ လုပ်စရာရှိတာ လုပ်ပါ။ စစ်ခွေးမိဘ၊ မိန်းမ၊ ကလေး
တွေကို တပ်ထဲက အပြင်ထွက်လာရင် မုန့်ဟင်းခါး ကြုံသလိုကျွေးပါ။ ဒုတိယကမ္ဘာစစ်ကလို ရေတိုမှာ အဆုံးအရှုံးရှိနိုင်ပေမယ့် ရေရှည်မှာ
ဖက်ဆစ်စနစ်အောက်က နာဇီစနစ်အောက်က လွတ်သွားပါလိမ့်မယ်။ အဆုံးတစ်နေ့မှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ရပေမယ့် စစ်နိုင်သူကချုပ်
တဲ့စာချုပ်ဖြစ်ဖို့ နိုင်အောင်တိုက်ကြပါ။ မဟုတ်ရင် ၁၉၆၂ ထဲကလို မပြီးသော ပန်းချီကားဖြစ်ပြီး မြောက်ကိုရီးယားလို ဇတ်သိမ်းသွားပါလိမ့်မယ်။ Myat Tun Oo