ၾကားသိသမွ်

စကစ တွေ အထိတ်တလန့် ဖုံးဖိထားကြတဲ့ မန္တလေးနန်းမြို့ရိုး ပြိုကျမှု

စကစ တွေ အထိတ်တလန့် ဖုံးဖိထားကြတဲ့ မန္တလေးနန်းမြို့ရိုး ပြိုကျမှု

မန္တလေးနန်းမြို့ရိုး ပြိုမှု ရှေး/သုက ရာသီဥတုကြောင့် ဟုဆို၊ ဒေသခံများကမူ စက်ယန္တရားကြီးများကြောင့် ဟုပြော

မန္တလေး​မြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းမြို့ ရိုး ပြိုကျမှု ဖြစ်ပေါ်ခဲ့ခြင်းမှာ ရာသီဥတုကြောင့် ဖြစ် ကြောင်း

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (မန္တလေး) မှ လက်ထောက် ညွှန်ကြားရေးမှူးတဦး က ပြောသည်။

“မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာတာ နည်းနည်းများတော့ အောက်ခြေကနေ အုတ်ရိုး ပြိုကျတဲ့သဘောမျိုးပဲ ဖြစ်မှာပါ။

အဓိကတော့ ရာသီဥတုကြောင့် ဖြစ်တာပေါ့။ အခြား ပယောဂကြောင့်တော့ မဟုတ်ပါဘူး။

ကျနော်တို့လည်း သွားပြီး စစ်ဆေးဖို့ လုပ်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

နန်းမြို့ရိုး ပြိုကျမှုဖြစ်စဉ်သည် နန်းမြို့ရိုး မြောက်ဘက်ခြမ်း၊ ၁၂ လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားရှိ အုတ်ရိုးတခန်း၏ အောက်ခြေမှ ပြိုကျ

ခြင်း ဖြစ်သည်။

မန္တလေး ဒေသခံများကမူ စစ်ကောင်စီ လုပ်ဆောင်လျက်ရှိသည့် နန်းမြို့ရိုးနံဘေး

အပန်းဖြေဥယျာဥ် စီမံကိန်းတွင် အသုံးပြုလျက် ရှိသည့် စက်ယန္တရားကြီးများကြောင့် ဟု ပြောဆိုဝေဖန်မှုများ ရှိနေသည်။

“ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က စပြီးတော့ နန်းမြိုးရိုးဘေးမှာ စက်ကြီးတွေနဲ့ မြေညှိနေတာတွေတော့ ရှိတယ်။ ကျနော့်အထင်ပြောရရင်

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးတအား များထားတော့ အုတ်ရိုးထဲ မိုးရေတွေက စိမ့်ဝင်ထားတာရယ်၊

စက်ကြီးတွေရဲ့အရှိန်ကြောင့်ရယ် နှစ်ခု ဆုံသွားလို့ အခုလို ဖြစ်တယ်လို့ ထင်တယ်” ဟု နန်းမြို့ရိုးအနီးနေ ထိုင်သူ ဦးလေးမောင်က

ပြောသည်။

အဆိုပါ အုတ်ရိုးတခန်း ပြိုကျမှုအား ယနေ့နံနက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာထက် ပျံ့နှံ့လာပြီးနောက်

ပြိုကျခဲ့သည့် အုတ်ရိုးအခန်းအား အများပြည်သူ မမြင်တွေ့စေရန်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကာအရံများ ပြုလုပ်နေလျက်ရှိ

ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီခန့် လက်ရှိ ဝန်ကြီးချုပ် ဦးမောင်ကို ဦးဆောင်သည့် မန္တလေးတိုင်းအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့်

နန်းမြို့ရိုး အရှေ့ဘက်နှင့် တောင်ဘက်တို့တွင် ရတနာပုံဥယျာဉ်စီမံကိန်းအတွက် တည်ဆောက်ရေးလုပ် ငန်းများကိုလည်း ဆက်လက်

ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ – CJ