KNU ကလည်း သူတို့ထိန်းသိမ်းတာမရှိဘူး ပြောပါတယ်။ DKBA ကလည်း မဟုတ်ဘူးလို့ပြောတယ်။ ဆိုတော့ KNDO က ဖြစ်ဖို့များ
တယ်။ KNDO ဘက်က အဆက်သွယ်မရသေးတော့ သေချာမသိသေးဘူး။ အဖမ်းခံရတဲ့ နေရာက ဝေါလေမဟုတ်ဘဲ ကနဲလေးရွာလို့
အကြမ်းဖျဥ်းသိရပါတယ်။ ဒါက KNDO ဘက်က ထွက်လာတဲ့ စကားပါ။ သူ့ကိုဖမ်းချင်နေတဲ့ အလိုရှိနေတဲ့အဖွဲ့တွေများတော့ သူနေထိုင်
ရာ ဒေသခံတပ်ဖွဲ့က ထိန်းသိမ်းတဲ့သဘောမျိူးဖြစ်နေတယ်။
လေးကော့ ထဲရောက်ပြီး ABIA တပ်နဲ့ လမ်းခွဲခဲ့သူတစ်ဦးကတော့ အဖမ်းခံရမှာစိုးလို့ အချင်းချင်း ထိန်းလိုက်တဲ့သဘောဆိုပြီး ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်ကလည်း ကရင်အဖွဲ့အစည်းတစ်ခုက စစ်ဦးစီးချုပ်ရှိရာနေရာကို ဝိုင်းပြီး ဝင်စီးဖို့လုပ်ခဲ့ပါတယ်။ အဲ့တုန်းက အဝင်
မခံတာက KNDO ကဖြစ်ပါတယ်။
လူသာထူး မျက်နှာလည်းရှိတော့ ဝင်စီးမယ့်ကိစ္စကို ဖျက်လိုက်ပြီး တပ်ခေါက်ခဲ့ရပါတယ်။ နောက်မှ စာတင်ပြီး တရားဝင် ဝင်ဖမ်းမယ်လို့ စီစ
ဥ်တုန်းမှာ ခုလို ထိန်းသိမ်းခံရတယ်ဆိုပြီး သတင်းထွက်လာတာပါ။
ရဲဘော်တွေ စိတ်ပူတာက ဝေါလေတောင်အောက်မှာ စကစ စခန်းရှိတယ်။ အဲ့မှာ အဖမ်းခံရမှာကို စိတ်ပူကြပါတယ်။ တခြားဘယ်အဖွဲ့က
ဖမ်းဖမ်း ကျေနပ်ကြပေမယ့််၊ စကစ လက်ထဲတော့ မရောက်စေချင်ကြပါဘူး။ သူနဲ့ပတ်သက်ပြီး အကုန်ဖော်ကောင်လုပ်မှာကို စိုးရိမ်တာမျိုးပါ။
မည်သို့ပင်ဆိုစေကာမူ တော်လှန်ရေးမှာ စစ်ဦးစီးချုပ်က ပါဝင်ပတ်သတ်လို့မရတော့သလို၊ အလှူငွေတွေကလည်း တကယ်အလုပ်လုပ်တဲ့
သူတွေဆီ ရောက်သွားနိုင်ပါပြီ။ သူ့ကြောင့်လည်း တခြားတော်လှန်ရေးရဲဘော်တွေ ထပ်ပြီး နစ်နာစရာလည်း မဖြစ်နိုင်တော့ပါဘူး။
ထပ်ပြီးသေသေချာချာ တိတိကျကျသိရဖို့ မေးမြန်းနေပါတယ်ခင်ဗျာ။
KNDO ဘက်က သူတို့ဖမ်းဆီးတာမရှိဘူးလို့ ပြောပါတယ်။ တကယ်လို့ဖမ်းဆီးခံရတယ်ဆိုရင် သူတို့နယ်မြေထဲမှာဖြစ်လို့ သူတို့အရင်သိမှာ
ပါဆိုပြီး ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ဝေါလေမှာ စစ်ဦးစီးချုပ်က သူတို့တပ်ဖွဲ့ ၇ယောက်နဲ့ အတူရှိတယ်ပြောပါတယ်။ ဒီနေ့ ၂နာရီ
ဝန်းကျင်လောက်မှာ စစ်ဦးစီးချုပ်က KNDO ကတစ်ယောက်ကို ဖုန်းနဲ့ဆက်သွယ်မှု ရှိခဲ့တယ်လို့ပြောပါတယ်။
Maung Maung Myo (ဇာတ်ဆရာ)
# အေအန်န်အမ်မ်တီ
Zawgyi
KNU ကလည္း သူတို႔ထိန္းသိမ္းတာမရွိဘူး ေျပာပါတယ္။ DKBA ကလည္း မဟုတ္ဘူးလို႔ေျပာတယ္။ ဆိုေတာ့ KNDO က ျဖစ္ဖို႔မ်ားတယ္။ KNDO ဘက္က အဆက္သြယ္မရေသးေတာ့ ေသခ်ာမသိေသးဘူး။
အဖမ္းခံရတဲ့ ေနရာက ေဝါေလမဟုတ္ဘဲ ကနဲေလးရြာလို႔အၾကမ္းဖ်ဥ္းသိရပါတယ္။ ဒါက KNDO ဘက္က ထြက္လာတဲ့ စကားပါ။
သူ႔ကိုဖမ္းခ်င္ေနတဲ့ အလိုရွိေနတဲ့အဖြဲ႕ေတြမ်ားေတာ့ သူေနထိုင္ရာ ေဒသခံတပ္ဖြဲ႕က ထိန္းသိမ္းတဲ့သေဘာမ်ိဴးျဖစ္ေနတယ္။
ေလးေကာ့ ထဲေရာက္ၿပီး ABIA တပ္နဲ႔ လမ္းခြဲခဲ့သူတစ္ဦးကေတာ့ အဖမ္းခံရမွာစိုးလို႔ အခ်င္းခ်င္း ထိန္းလိုက္တဲ့သေဘာဆိုၿပီး ေျပာပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကလည္း ကရင္အဖြဲ႕အစည္းတစ္ခုက စစ္ဦးစီးခ်ဳပ္ရွိရာေနရာကို ဝိုင္းၿပီး ဝင္စီးဖို႔လုပ္ခဲ့ပါတယ္။ အဲ့တုန္းက အဝင္မခံတာက KNDO ကျဖစ္ပါတယ္။
လူသာထူး မ်က္ႏွာလည္းရွိေတာ့ ဝင္စီးမယ့္ကိစၥကို ဖ်က္လိုက္ၿပီး တပ္ေခါက္ခဲ့ရပါတယ္။ ေနာက္မွ စာတင္ၿပီး တရားဝင္ ဝင္ဖမ္းမယ္လို႔ စီစဥ္တုန္းမွာ ခုလို ထိန္းသိမ္းခံရတယ္ဆိုၿပီး သတင္းထြက္လာတာပါ။
ရဲေဘာ္ေတြ စိတ္ပူတာက ေဝါေလေတာင္ေအာက္မွာ စကစ စခန္းရွိတယ္။ အဲ့မွာ အဖမ္းခံရမွာကို စိတ္ပူၾကပါတယ္။ တျခားဘ
ယ္အဖြဲ႕ကဖမ္းဖမ္း ေက်နပ္ၾကေပမယ့္္၊ စကစ လက္ထဲေတာ့ မေရာက္ေစခ်င္ၾကပါဘူး။ သူနဲ႔ပတ္သက္ၿပီး အကုန္ေဖာ္ေကာင္လုပ္မွာကို စိုးရိမ္တာမ်ိဳးပါ။
မည္သို႔ပင္ဆိုေစကာမူ ေတာ္လွန္ေရးမွာ စစ္ဦးစီးခ်ဳပ္က ပါဝင္ပတ္သတ္လို႔မရေတာ့သလို၊ အလႉေငြေတြကလည္း တကယ္အလုပ္လုပ္တဲ့သူေတြဆီ ေ
ရာက္သြားနိုင္ပါၿပီ။ သူ႔ေၾကာင့္လည္း တျခားေတာ္လွန္ေရးရဲေဘာ္ေတြ ထပ္ၿပီး နစ္နာစရာလည္း မျဖစ္နိုင္ေတာ့ပါဘူး။
ထပ္ၿပီးေသေသခ်ာခ်ာ တိတိက်က်သိရဖို႔ ေမးျမန္းေနပါတယ္ခင္ဗ်ာ။
KNDO ဘက္က သူတို႔ဖမ္းဆီးတာမရွိဘူးလို႔ ေျပာပါတယ္။ တကယ္လို႔ဖမ္းဆီးခံရတယ္ဆိုရင္ သူတို႔နယ္ေျမထဲမွာျဖစ္လို႔ သူတို႔အရင္သိမွာပါဆိုၿပီး ေျပာပါတယ္။ ဒါ့အျပင္ လက္ရွိ ေဝါေလမွာ စစ္ဦးစီးခ်ဳပ္က သူတို႔တပ္ဖြဲ႕ ၇ေယာက္နဲ႔ အတူရွိတယ္ေျပာပါတယ္။
ဒီေန႔ ၂နာရီဝန္းက်င္ေလာက္မွာ စစ္ဦးစီးခ်ဳပ္က KNDO ကတစ္ေယာက္ကို ဖုန္းနဲ႔ဆက္သြယ္မႈ ရွိခဲ့တယ္လို႔ေျပာပါတယ္။
Maung Maung Myo (ဇာတ္ဆရာ)
# ေအအန္န္အမ္မ္တီ