ၾကားသိသမွ်

သေဆုံး ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ ချီးမြှင့်ရန်၊မြို့ကြီးများတွင်လုံ ခြုံရေးတင်းကျပ်ရန်ညွှန်ကြား

သေဆုံး ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ ချီးမြှင့်ရန်၊ မြို့ကြီးများတွင် ပြည်ထဲရေးနှင့်

စစ်တပ် ပူးပေါင်း၍ လုံ ခြုံရေးတင်းကျပ်ရန် မင်းအောင်လှိုင်ညွှန်ကြား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို

ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင့်ရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က အစိုးရအဖွဲ့ကို ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်

နေ့တွင် စာအမှတ် ၅၁၁ (၁၈၃) /၁၂ / ဖြင့် စစ်ကောင်စီရုံးက သက်ဆိုင်ရာ ဌာနများသို့ ညွှန်ကြား စာထွက်ရှိလာပြီး ယင်းညွှန်ကြားစာတွင်

မင်းအောင်လှိုင်၏ ညွှန်ကြားချက် ၉ ချက်ကို အဓိကထားဖော်ပြထားသည်။

အဆိုပါ ညွှန်ကြားချက် ၉ ချက်သည် စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး

နှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေး အမှတ် ၅ / ၂၀၂၁ တွင် မင်းအာင်လှိုင်က ပြောဆိုညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ရေးနှင့်

ကျန်ရစ်သူ မိသားစုဝင်များကို ထောက်ပံ့ရေးအတွက် ပြည်ထဲရေး နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ၁ တို့ ညှိနှိုင်းဆွေးနွေးပြီး

တင်ပြရန် ညွှန်ကြားထားသည်။

ထို့ပြင် မြို့ကြီးများတွင် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်ရန် အတွက် ပြည်ထဲရေးနှင့် စရဖက စနစ်တကျ ပူးပေါင်း ဆောင်ရွက်ရန်၊ မင်း

အောင်လှိုင် က ၎င်း ညွှန်ကြားထားသည့် ကိစ္စရပ်များကို စနစ်တကျ ပိုင်ပိုင်နိုင်နိုင်ဖြင့် နည်းပညာမျိုးစုံသုံး၍ ဆောင်ရွက်သွားရန် ပြောဆို

ကြောင်း သိရှိရသည်။

Zawgyi

ေသဆုံး ဝန္ထမ္းမ်ားႏွင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားကို ဂုဏ္ထူးေဆာင္ဘြဲ႕/တံဆိပ္မ်ား ခ်ီးျမႇင့္ရန္၊ ၿမိဳ႕ႀကီးမ်ားတြင္ ျပည္ထဲေရးႏွင့္စစ္တပ္ ပူးေပါင္း၍ လုံ ျခဳံေရးတင္းက်ပ္ရန္ မင္းေအာင္လွိုင္ညႊန္ၾကား

အၾကမ္းဖက္စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္က ေသဆုံးသြားသည့္ ဝန္ထမ္းမ်ားႏွင့္ ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ဂုဏ္ထူးေဆာင္ဘြဲ႕ တံဆိပ္မ်ား ခ်ီးျမႇင့္ရန္ ညႊန္ၾကားလိုက္ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လွိုင္က အစိုးရအဖြဲ႕ကို ထိုသို႔ ညႊန္ၾကားလိုက္ျခင္းျဖစ္ေၾကာင္း၊ ေအာ

က္တိုဘာလ ၂၀ ရက္ေန႔တြင္ စာအမွတ္ ၅၁၁ (၁၈၃) /၁၂ / ျဖင့္ စစ္ေကာင္စီ႐ုံးက သက္ဆိုင္ရာ ဌာနမ်ားသို႔ ညႊန္ၾကား စာထြက္ရွိလာၿပီး ယင္းညႊန္ၾကားစာတြင္ မင္းေအာင္လွိုင္၏ ညႊန္ၾကားခ်က္ ၉ ခ်က္ကို အဓိကထားေဖာ္ျပထားသည္။

အဆိုပါ ညႊန္ၾကားခ်က္ ၉ ခ်က္သည္ စက္တင္ဘာလ ၂၈ ရက္ေန႔ က်င္းပျပဳလုပ္ခဲ့သည့္ စစ္ေကာင္စီ၏ လုံျခဳံေရး၊ တည္ၿငိမ္ေအးခ်

မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး ေကာ္မတီအစည္းအေဝး အမွတ္ ၅ / ၂၀၂၁ တြင္ မင္းအာင္လွိုင္က ေျပာဆိုညႊန္ၾကားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

မင္းေအာင္လွိုင္က ေသဆုံးသြားသည့္ ဝန္ထမ္းမ်ားႏွင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕၊ တံဆိပ္မ်ား ခ်ီးျမႇင့္ေရးႏွ

င့္ က်န္ရစ္သူ မိသားစုဝင္မ်ားကို ေထာက္ပံ့ေရးအတြက္ ျပည္ထဲေရး ႏွင့္ ျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံး ဝန္ႀကီးဌာန ၁ တို႔ ညႇိႏွိုင္းေဆြးေႏြးၿပီး တင္ျပရန္ ညႊန္ၾကားထားသည္။

ထို႔ျပင္ ၿမိဳ႕ႀကီးမ်ားတြင္ လုံျခဳံေရးတင္းက်ပ္စြာ ေဆာင္ရြက္ရန္ အတြက္ ျပည္ထဲေရးႏွင့္ စရဖက စနစ္တက် ပူးေပါင္း ေဆာင္ရြက္ရ

န္၊ မင္းေအာင္လွိုင္ က ၎ ညႊန္ၾကားထားသည့္ ကိစၥရပ္မ်ားကို စနစ္တက် ပိုင္ပိုင္နိုင္နိုင္ျဖင့္ နည္းပညာမ်ိဳးစုံသုံး၍ ေဆာင္ရြက္သြားရန္ ေျပာဆိုေၾကာင္း သိရွိရသည္။