ၾကားသိသမွ်

” ဘောင်မဝင် တန်းမဝင်တဲ့ မအလ ကြင်စိုး”

အာစီယံကတော့ လုပ်ချလိုက်ပြီ မအလကို အစည်းအဝေးလည်း ပေးမတက်တော့တဲ့အပြင် စျေးဆစ်တာလည်းလက်မခံဘဲ အမေစုပါတဲ့ပုံ

ကြီးပါ သုံးပြလိုက်တော့ မအလတော့ မသိဘူး ကျုပ်တော့ သူ့အစားသေလောက်အောင်ရှက်တော့တာပါပဲ ။

ကမ္ဘာကလက်မခံပေမယ့် အာစီယံကတော့ ငါ့ဘက်မှာရှိလောက်မယ်ထင်နေတဲ့ မအလနဲ့အပေါင်းအပါတစ်သိုက် ခုဆိုထိုင်မရ ထမရနဲ့ ဖင်

ကြားခဲညပ်ပြီး ဘယ်လောက်တောင် ခုန်ဆွခုန်ဆွဖြစ်နေမယ်မသိ။

ကမ္ဘာကြီးက ဘယ်သူကလူဆိုး ဘယ်သူကလူကောင်း ဘယ်သူကလူတော် ဘယ်သူကလူညံ့ဆိုတာ သေချာခွဲခွဲခြားခြားသိပြီးသားပါ ။

နိုင်ငံခြားတက္ကသိုလ်မှာ ဘွဲ့တွေ၊ဂုဏ်ထူးဆောင်တံဆိပ်တွေနဲ့ ဘယ်နေရာသွားသွား ပညာတတ်အသိုင်းဝိုင်းနဲ့ အထက်တန်းအဆင့်

အထင်ကရ နိုင်ငံရေးခေါင်းဆောင် တွေကပါ တလေးတစားဆက်ဆံခံရတဲ့ နိုဗယ်ဆုရှင် ဒီအမျိုးသမီးကြီးကို အတန်းပညာ

လောက်လောက်လားလား ထောက်ပြစရာမရှိတဲ့အပြင် ဘဝတစ်လျောက်လုံး တက်လာသမျှကျောင်းတွေဆီက ထူးချွန်ဆုဆိုတာ ဘာမှန်းမ

သိတဲ့ကောင်တွေ ဘယ်လိုပဲနာမည်ဖျက်ပြီး အကျဉ်းချထား ချထား ကမ္ဘာမှာ သူ့အမည်နာမ ခုထိတောက်ပနေတုန်း။

(ရုရှားကို ဖင်ပေးပြီးသွားနေတာတောင် ပူတင်နဲ့ လူချင်းမတွေ့ဖူးသေးတဲ့ ဟာတွေက ဒီလိုရေးလည်းနားရောလည်ပါ့မလား )

အမွေဆိုင်အိမ်လေးတစ်လုံး ၊ ပုပ္ပါးဘက်က ခြံလေးတစ်ကွက်နဲ့ ပိုင်ဆိုင်သမျှချပြပါဆိုရင် မွေးထားတဲ့ခွေးပါထည့်တွက်ပေးရင်တောင် သူမ

ပိုင်ဆိုင်မှုက လက်ဆယ်ချောင်းတောင်ပြည့်မယ်မထင်။ ဒီလို အမျိုးသမီးကြီးကို ကုမ္မဏီကြီးတွေ၊ဆေးရုံကြီးတွေ၊စျေးဝယ်စင်တာကြီးတွေ၊

အိမ်ခြံမြေပေါင်းများစွာ ကိုပြည်သူတွေဆီကခိုးယူထားတဲ့ သူတွေက တရားစွဲတော့ စာရင်းမပြနိုင်တဲ့ ဝေါ်ကီတော်ကီတွေကြောင့်တဲ့။

(စင်ကာပူဘဏ်ထဲက ငွေတွေသာ လူစကားပြောတတ်ရင် ထအော်မှာ မအလ သူခိုးဗျို့ သူခိုး ဆိုပြီး )

နှစ်ပေါင်း ၂၀လောက် အကျယ်ချုပ်ခံထားရတဲ့ အချိန်မှာ တရားထိုင်၊ပုတီးစိပ်၊ဘာသာရေး လုပ်ပြီး ဒီနေ့ဒီအချိန်ထိ သူ့လက်နဲ့သေတဲ့ ပြည်

သူဆိုတာမရှိတဲ့မပြင် သူ့ကြောင့်ဖြစ်တဲ့ ဘာသာရေးအထိကရုန်းဆိုတာလည်း မဖန်တီးဖူးတဲ့ ဒီအမျိုးသမီးကို ဘုရားငွေခိုး၊သံဃာကိုရိုက်၊

ခရစ်ယာန်ဘာသာရေးကျောင်းကို အမြှောက်နဲ့ထု၊ဝတ်ပြုတဲ့ဗလီကို သေနတ်နဲ့ပစ်ပြီး ဘာသာခြားဆို သေလောက်အောင်ညှင်းပန်းနှိပ်စက်

ပြီးခွဲခြားဆက်ဆံတဲ့သူတွေက ဒီအမျိုးသမီးကြီးသာ သမ္မတဖြစ်ရင် မလိုလားအပ်တဲ့ ဘာသာရေးအထိကရုန်းတွေဖြစ်ပြီး အမျိုး၊ဘာသာ၊

သာသနာပျောက်သွားမှာတဲ့ ။

(ဒါဆို ဘုန်းကြီးတွေကိုမီးလောင်ဗုံးပစ်ပြီး၊သင်းအုပ်ဆရာကို သေနတ်နဲ့ပစ်သွားတာ ဘယ်သူတွေတုန်းကွ)

နိုင်ငံနဲ့လူမျိုးကို ဘယ်လောက်ထိချစ်တယ်ဆိုတာမပြောနဲ့ ဘယ်နိုင်ငံကဘယ်လိုအခွင့်အထူးခံပေးပြီး နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုတာ

တောင် လက်သင့်မခံဘဲ ခုချိန်ထိ မြန်မာနိုင်ငံသားအဖြစ်ခံယူထားတဲ့ ဒီအမျိုးသမီးကြီးဟာ သူ့မှာ မွေးထားတဲ့ သားတွေကအစ သူ့နာမည်

သုံးပြီး ဘယ်နိုင်ငံဆီကမှ ကိုယ်ကျိုးအတွက်မတောင်းဆိုတတ်တဲ့ အပြင် ကမ္ဘာပတ်ပြီး ကမ္ဘာကျော်ပစ္စည်းတွေကို သူဌေးသုံး သုံး၊ လုပ်ပိုင်ခွ

င့်တွေချပေးပြီး ဘဝအဆက်ဆက်တိုင်းပြည်ဘဏ္ဏာကို အမွေရထားသလို အလွဲသုံးစားလုပ်သမျှ ထိုင်ကြည့်နေတဲ့ မိဘဗိုလ်ချုပ်ကြီးတွေ

ပါးစပ်က ပြောတာက ဒီမိန်းမကြီး ဘယ်နိုင်ငံကိုမှ မသွားချင်တာ အာဏာမက်ပြီးချမ်းသာချင်လို့တဲ့။

( စာအုပ်တစ်အုပ်ကို ၅၀၀၀နဲ့ရောင်းတာတောင် ဘယ်သူမှမဝယ်တဲ့ကောင်က ကဗျာတစ်ပုဒ်ကို သိန်းထောင်ကျော်ရတဲ့သူကို ပြန်ပက်ရဲတာ)

အာဏာရှိစဉ်ကာလ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက်ပဲ လုံးပန်းခဲ့ပြီး လူလူချင်းတန်းတူဆက်ဆံတတ်ပြီး သူအထိန်းသိမ်းခံရတဲ့ ဒီလိုဘဝ

မှာတောင် သူ့ခြံစောင့်အတွက်ဆေးလိပ်အစ စျေးဝယ်စာရင်းမှာ မှာပေးခဲ့တဲ့ ဒီအမျိုးသမီးကို အောက်ခြေတပ်သား ဘယ်လောက်သေသေ

ဘယ်လောက်ငတ်ငတ် အအိပ်အစားမပျက်ဘဲ နှစ်၇၀လုံးလုံးပြည်တွင်းစစ်ကိုမွေးပြီး ခိုး၊ဆိုး၊လု၊နှိုက် မထင်ရင်မထင်သလို မုဒိန်းပါကျင့်

တတ်တဲ့ကောင်တွေက လက်ရှိတိုင်းပြည်ကြီး မငြိမ်းချမ်းရတာ ဒီအမျိုးသမီးကြီး မွှေနေလို့တဲ့ ။

( တော်သေးတာပေါ့ အမေစုသေနတ်မပစ်တတ်လို့ ပစ်တတ်ရင် ဦးကိုနီကိုလုပ်ကြံတာ အမေစုပါဆိုပြီးဗြောင်ငြင်းဦးမလားမသိ)

တော်ပါပြီ ပြောမယ်ဆိုရင်ဖြင့် ပြောလို့မကုန် ယှဉ်ရအောင်လည်း မြန်မာစကားကလွဲရင် ကျန်တဲ့ဘာသာစကားကို လူလိုတောင် မပြော

တတ်တဲ့ကောင်တွေကများ ကမ္ဘာကိုသတင်းကထုတ်ပြန်ချင်တာ ယောကျာ်းကြီးတန်မဲ့ မိန်းမလို မိန်းမရနဲ့ သူတို့တွေက အပြစ်ကင်းတဲ့

ပန်းနုသွေးလေးတွေပါပေါ့။

ဒီလိုမျိုးတွေ ကမ္ဘာကို များများပြောပေး ဘာသာစကား ၆မျိုးလောက် အာဂုံဆောင်နိုင်တဲ့ ဟိုအမျိုးသမီးကြီး ထွက်လာတဲ့ တစ်နေ့ ကမ္ဘာကြီး

ကို ပြန်ပြောရင် အဲ့အခါကြမှ ခွေးအကြီး လှည်းနင်းသလို အာ့ကျကျ ဖြစ်မနေကြနဲ့…။

အရင်ဆုံး အာစီယံမှာတောင် ဒီနေ့ဒီအချိန်ထိ အမေစုပါတဲ့ပုံကိုသုံးနေသေးတာပဲကြည့်။ဒါကြောင့် ကမ္ဘာမှာမပြောနဲ့ အာစီယံ မှာ တောင်

မင်းတို့ မအလက ဘောင်ရော တန်းရော မဝင်ဘူး ဆိုတာ ကျူးလိပေါင်လို ရေးရရင်

ကြင်စိုး သားသမီးတွေသိစေချင်တယ် …။

ရာဟု…
(လွတ်လပ်စွာမျှဝေနိုင်ပါသည်)