ၾကားသိသမွ်

ပြတ်ပြတ်သားသား ခြေလှမ်းဖြင့် NUG ကို အသိအမှတ်ပြုဖို့ အာဆီယံက တိုက်တွန်းလိုက်ပါပြီ

ဖေဖော်ဝါရီ ၁ မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်စေဖို့ NUG ကို အသိအမှတ်ပြုရမယ်လို့ အာဆီယံ

အစည်းအဝေးက တိုက်တွန်းလိုက်ပါတယ် ။ မလေးရှားပါလီမန်အဖွဲ့ဝင်နဲ့ အာဆီယံလူ့အခွင့်အရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Charles Santiago

က ဆွေးနွေးလိုက်တာပါ ။ အဖွဲ့ဝင်အားလုံးက ဆွေးနွေးပွဲကို သဘောတူလက်ခံခဲ့ကြပါတယ် ။

ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မဲဆန္ဒရှင်တွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ NUG နဲ့သာ ဆက်ဆံသင့်တယ် လို့ ပြောခဲ့တာပါ ။”

NUG ဟာ မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြုတဲ့ အရိပ်အစိုးရပါ ။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲက အနိုင်ရကိုယ်စားလှယ်တွေ ၊

တိုင်းရင်းသားတွေနဲ့ တိုင်းရင်သားလက်နက်ကိုင်တွေ ပါဝင်ပါတယ် ။ ဖေဖော်ဝါရီ အာဏာသိမ်းပြီးစမှာ ဖွဲ့စည်းခဲ့တာပါ ။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ထုတ်ပယ်လိုက်

တာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ။ ဒါဟာ အာဆီယံရဲ့ မကြုံစဖူး ထူးခြားထင်ရှား ၊ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ပါ ။ မြန်မာ့အကျပ်ပ

တည်းကို ဖြေရှင်းဖို့ ဒီထက်မက လုပ်ဆောင်ရမှာပါ ” လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ( APHR ) ရဲ့ ဥက္ကဋ္ဌဖြစ်

သူ မလေးရှားပါလီမန်အမတ် Charles Santiago က ပြောကြားခဲ့ပါတယ် ။

” ကိုယ့်လူမျိူးအပေါ် မညှာမတာ အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်ကို ဖိအားမပေးနိုင်ဘူးဆိုရင် နိုင်ငံတကာရဲ့ အာဆီယံအပေါ် ယုံကြည်

ကိုးစားမှု့က ကျဆင်းသွားပါလိမ့်မယ် ။ အာဆီယံခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ကို မြန်မာစစ်တပ်က မထီမဲ့မြင် လုပ်နေတာပါ ။

မြန်မာရဲ့ ဒီမိုကရေစီခြေလှမ်းတွေ ပြန်လည်လျှောက်လှမ်းနိုင်ဖို့ အာဆီယံက ပြတ်သားတဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုပါတယ် ။ ”

” မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ အရေးကြီးတဲ့ ခြေလှမ်းကတော့ ၂၀၂၀ နိုဝင်ဘာလက တရားဝင်

ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေကို ကိုယ်စားပြုအဖွဲ့ဖြစ်တဲ့ NUG အစိုးရ ကိုယ်စားလှယ်တွေနဲ့ လူသိရှင်ကြား တွေ့ဆုံဆွေးနွေး

ဖို့ လိုပါတယ် ။ ”

လို့ အာဆီယံလူ့အခွင့်အရေးနဲ့ ပါလီမန်အမတ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ ။