ၾကားသိသမွ်

အထီးကျန်တစ်ကောင်ကြွက်မဖြစ်ဖို့ ရုရှကိုပြေးကပ်တဲ့ စစ်ကောင်စီ

စစ်အာဏာ သိမ်းပြီးနောက် အရေးယူလာနိုင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အတွေ့အကြုံနှင့် ခံနိုင်ရည်ရှိပြီး မိတ်ဆွေနိုင်ငံအနည်းငယ်ဖြင့်

ရှေ့ဆက်သွားမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားသည့် စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လာသည်။

ပထမအကြိမ် မြန်မာ-ရုရှားစီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ တွင် ပြုလုပ်ခဲ့ပြီး ဘဏ်၊ အာမခံ၊ စိုက်ပျိုးမွေးမြူရေး၊

စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့၊ စားသောက်ကုန် ထုတ်လုပ်ခြင်း၊ သတ္တု တူးဖော်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန်၊ အကောက်ခွန်ကင်းလွတ်ခွင့်

ဖြင့် ပို့ကုန်တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်

ပြန်ထားသည်။


အဆိုပါဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး ဆွေးနွေးပွဲများဆက်လက်ကျင်းပရန်၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးတွဲကော်မရှင်

အစည်းအဝေးပြုလုပ်ရန်၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် လက်မှတ် ရေးထိုးနိုင်ရန် ရုရှားစီးပွားရေးကောင်စစ်ဝန်

Mr. Andrei Lunak နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီး ဦးသန်းအောင်ကျော်တို့ အောက်တိုဘာ ၂၅ တွင် ထပ်မံဆွေးနွေးခဲ့သည်။

ဇွန် ၂၃ တွင် ရုရှားစစ်တက္ကသိုလ်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးအပ်နေပုံ

နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် မြန်မာ-

ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ယမန်နေ့ (အောက်တိုဘာ ၂၇) ရက်နေ့ထုတ် မြန်မာ့အလင်း

သတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံတကာတွင် တရားဝင်မှု ရရှိရေးအတွက် အင်အားကြီးနိုင်ငံကြီးများနှင့် ဆက်ဆံနေသည့် အခြေအနေတစ်ရပ်ကို

ပြသရန် ရုရှားကို ပြေးကပ်ခြင်းဖြစ်ပြီး ထိုတွေ့ဆုံမှုများမှာလည်း စစ်ကောင်စီ၏ ဝါဒဖြန်ချိရေး အတွက် အသုံးဝင်ကြောင်း နိုင်ငံရေးလေ့လာ

သုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောဆိုကြောင်း Myanmar Now သတင်းတွင်ဖော်ပြထားပါတယ်။

“ဟန်တွေပန်တွေနဲ့ ရုရှားက ဘယ်သူလာတယ်။ ဘယ်ဝါလာတယ်။ ဘယ်သူနဲ့အစည်းအဝေးလုပ်တယ်။ ဒါမျိုးတွေတော့ သူတို့အတွက် ဝါဒ

ဖြန်ချိရေးအတွက် အကျိုးရှိပါတယ်။ ကျွန်မတို့ပြည်သူအတွက်ကတော့ အကျိုးမရှိပါဘူး” ဟု ၎င်းက ဆိုသည်။


ဓါတ်ပုံ – Getty Images (ပုံဟောင်း)

ဒါ့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေး ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်သွာဖို့

စစ်ကောင်စီဥက္ကဌနဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov တို့

နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ယင်းအပြင် နှစ်နိုင်ငံအကြား သွားလာမှု အဆင်ပြေစေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရေး အခြေအနေ၊ နှစ်နိုင်ငံ စီးပွားရေး

ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေမှာ

လည်း ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဌနဲ့အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာ

ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်

သော် (အငြိမ်းစား) တို့ တက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly

Bulochnikov နဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


Photo – DSINFO

စစ်ကောင်စီလက်ထက်၌ ရုရှားနှင့် မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးအစီစဉ်များ တိုးတက်နေကြောင်း စစ်ကောင်စီ၏

ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက Mainichi Shimbun သတင်းစာကို အောက်တိုဘာ ၅ တွင် ပြောခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားက အိမ်ရှင်အဖြစ် ကျင်းပသည့် ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံကို ဗိုလ်ချုပ်မှူးကြီးမင်း

အောင်လှိုင် ဇူလိုင်တွင် တက်ခဲ့သလို ရုရှားနှင့် မြန်မာစစ်တပ်အရာရှိများ အပြန်အလှန် သွားရောက်သည့် ခရီးစဉ်များလည်းရှိခဲ့သည်။